အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။ ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။