ဟေရှာယ 40:28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

စိတ်ဒဏ်ရာရသူများအဖို့ မျှော်လင့်ခြင်း — ဟေရှာယအနာဂတ္တိကျမ်းမှ သင်ခန်းစာများ
(၅) ရက်
ဟေရှာယအနာဂတ္တိကျမ်းတွင်၊ ကြွယ်ဝသောပုံဆောင်ချက်များ၊ ကြွလာမည့်မေရှိယအကြောင်း အနာဂတ္တိစကားနှင့် သူ၏လူမျိုးတော်အပေါ် ဘုရားသခင်၏သစ္စာတော်ကို ဖော်ပြစေသော ကတိတော်များစွာ ရှိပါသည်။ ပရောဖက်ဟေရှာယသည် ဣသရေလလူမျိုးအပေါ် ဘုရားသခင်၏သစ္စာတော်အကြောင်းကို အောက်မေ့သတိရလျက် ပြန်ဖော်ပြစေသလို၊ အနာဂတ်မှာ အရှင်ယေရှုဘုရားအားဖြင့် ရွေးနုတ်ချမ်းသာကို ရရှိခံစားကြလိမ့်မည်ဟူသော မိမိယုံကြည်မျှော်လင့်ချက်အကြောင်းကိုလည်း ဖော်ပြစေသည်။ ဤအစီစဉ်တွင်၊ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေသူတို့အဖို့ ဘုရားသခင်၏ သတိနှင့်ကြည့်ရှုတော်မူခြင်း၊ မဟာမေတ္တာကရုဏာတော်နှင့် အပြစ်စီရင်ခြင်းအကြောင်းကို ဖတ်ရှုလေ့လာလိမ့်မည်။

ဘုရားသခင်၏ အပါး (၁၀၀) မက ဘွဲ့နာမတော်များ
(၃၁) ရက်
နေ့ရက်စဉ်တိုင်းမှာ memlok သမ္မာကျမ်းလွတ်ကျက်မှတ်ခြင်းနည်းများထဲရှိ ဘုရားသခင်၏ဘွဲ့နာမတော် (၃-၄) ပါးကို ထုတ်ဖော်ချီမွမ်းပါ။ အောက်ပါကဲ့သို့ ချီးမွမ်းဆုတောင်းပါ။ ယနေ့၊ ဘုရားသခင်သည် _____ဖြစ်တော်မူသောကြောင့် အကျွန်ုပ် ချီးမွမ်းပါသည်။ ယနေ့၊ ဘုရားသခင်၏ဘွဲနာမများတွင်၊ _______ဘွဲ့နာမဖြင့် အကျွန်ုပ် အလွန်ရိုသေလေးမြတ်ပါသည်။ ကျွန်ုပ်၏ နေ့စဉ်အသက်တာမှာ ဘုရားသခင်သည်______ ဖြစ်တော်မူကြောင်း သူတစ်ပါးမြင်တွေ့စေပါ။