ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့နမူနာ

လက်တွေ့လုပ်နည်း
ထို့ကြောင်၊ မတရားသောမှုကို ရှောင်၍ ဓမ္မပညာကို တိုးပွားစေဖို့ ဘယ်လိုလုပ်ရမလဲ။
၁။ မိမိဓမ္မညာကို တိုးပွားစေဖို့ ဘုရားသခင်ကို ကြောက်ရွံ့၍ ကိုယ်တော်ထံ ဆုတောင်းပါ။
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာ ဖြစ်၏။ လူမိုက်တို့သည် ပညာနှင့် ဥပဒေသကို မထီမဲ့မြင်ပြုတတ်ကြ၏ (သု၊ ၁း၇။ ယုဒသန်ဗားရှင်း)။
သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကို လိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည် (ယာ၊ ၁း၅။ ယုဒသန်ဗားရှင်း)။
၂။ နှုတ်ကပတ်တော်တရားတည်းဟူသော ဓမ္မပညာ၌ မွေ့လျော်ပါ။ နှုတ်ကပတ်တော်တရား၌ မွေ့လျော်သောအခါ မတရားသောအမှုကို အလိုအလျောက် ရွံရှာစေမည် ဖြစ်သည်။
မုသားစကားကို (မတရားသောအမှုအရာ) ကြားပြင်းရွံရှာပါ၏။ တရားတော်ကိုကား နှစ်သက်ပါ၏ (ဆာ၊ ၁၁၉း၁၆၃။ ယုဒသန်ဗားရှင်း)။
၃။ မတရားသောအမှုအရာကို ထိရောက်စွာ ရှောင်စေဖို့ နှုတ်ကပတ်တော်တရားကို ပုံမှန်ဖတ်ရှုလေ့လာပြီး ကျမ်းပိုဒ်များ အလွတ်ကျက်၍ ဆင်ခြင်အောက်မေ့ပါ။
ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏ (ဆာ၊ ၁း၂ခ။ ယုဒသန်ဗားရှင်း)။
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ (ဆာ၊ ၁၁၉း၁၁။ ယုဒသန်ဗားရှင်း)။
ကျွန်တော်က မှတ်ဉာဏ်မကောင်းသူမို့၊ ကျမ်းပိုဒ်များ အလွတ်မကျက်နိုင်ဘူးလို့ မထင်ပါစေနှင့်။ မိတ်ဆွေက နှုတ်ကပတ်တော်တရားကို အလွတ်ကျက်၍ မှတ်မိစေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကူညီမစမည်။
ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည် (ယော၊ ၁၄း၂၆။ ယုဒသန်ဗားရှင်း)။
ချစ်မိတ်ဆွေ၊ မတရားသောအမှုအရာနှင့် ဉာဏ်နည်းခြင်းကို စွန့်၍ ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်လျက် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အသက်တာများ၌ ဝင်စားကြပါစို့။
ဤအစီအစဥ္အေၾကာင္း

ဤ (၃) ရက်တာအစီစဉ်သည် (၁ကော၊ ၁၄း၂၀) ကို အခြေခံ၍ သမ္မာတရားနှင့် လက်တွေ့ပညာအားဖြင့် မိမိဓမ္မပညာကို တိုးပွားစေလျက် မိမိခရစ်ယာန်အသက်တာကိုလည်း ပိုမိုကောင်းမွန်စေဖို့ ခွန်အားပေးလမ်းညွှန်ပါလိမ့်မည်။ ယခုစတင်လိုက်ပါ။
More