YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခုနမူနာ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

7 ၏ နေ့ 2

နားထောင်တတ်တဲ့ပုံစံကို ပြန်သင်ယူပါ (အလေ့အကျင့် နံပါတ်-၂)

မနက်တိုင်း ပထမဆုံး သင်ရရှိတဲ့ notification (သတိပေးချက်) ကဘာလဲ?ဘုရားသခင့် ဝိညာဥ်တော်ရဲ့ ချိုသာတဲ့ အသံလား? ဒါမှမဟုတ်ရင် Message မက်စေ့ချ်ဝင်နေကြောင်းသိစေဖို့ သင့်ဖုန်းရဲ့ တုန်ခါသံလား? မက်စိန်ဂျာလား၊ အလုပ်က အီးမေးလ် ဝင်တာလား?

“နေ့စဥ်နိမိတ်လက္ခဏာ” ဆိုတဲ့နေ့စဥ်ခွန်အားဆောင်းပါးကို ဖတ်လေ့ရှိသူတစ်ယောက်က ကျွန်တော့်ကို စာရေးပို့တဲ့အရာတစ်ခုဟာ ကျွန်တော့်အာရုံကိုဖမ်းယူလိုက်ခဲ့တယ် - “ငါ့ရဲ့ အကြီးမားဆုံး စိတ်ပျက်စရာကြီးဟာ ဘုရားသခင်နဲ့ အချိန်ယူဖို့ စည်းကမ်းမကြပ်မတ်နိုင်တာ မဟုတ်ဘူး။ အသက်တာနွေးရုံသာဖြစ်နေပြီး ယေရှုဘုရားကိုချစ်တဲ့ ရှေးဦးမေတ္တာကို အခိုးခံလိုက်တာပါပဲ။” လို့ရေးပို့ခဲ့တယ်။

ဒီအရာဟာ အရောက်တိုင်းမှာ ဖြစ်နိုင်တယ် ...ဘုရားသခင်နဲ့ အချိန်မယူခင် ဒလဟောစီးလာတဲ့ နေ့စဥ်လုပ်ရမဲ့အရာတွေရဲ့ တိုက်စားသွားတာကို ခံလိုက်ရတာပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဆက်ဖြစ်နေဦးမယ်ဆိုရင် အပေါ်ကစာ‌ပေးပို့သူပြောတဲ့ “ရှေးဦးမေတ္တာ ပျောက်ပြယ်သွားခြင်း” ဆိုတာမျိုးဖြစ်လာပါလိမ့်မယ်။

ဆက်ဆံရေး တိုးတက်စေချင်ရင်၊ အဲဒီဆက်ဆံရေးကို ဂရုစိုက်ရတယ်၊ “ဆက်ဆံ‌ရေးမြေ” ကိုပြုစုပျိုးထောင်ရတယ် - အိမ်ထောင်ပြုခြင်းမှာလည်း ဒီပုံစံအတိုင်း - အခြားဆက်ဆံရေးတွေမှာလည်း ဒီပုံစံအတိုင်း လုပ်ဆောင်ရပါတယ်။ နေ့တိုင်း ပြုစုရတယ်၊ ဦးစားပေးရတယ်။ ဒါကြောင့် သင့်ရဲ့ အာရုံကို ပထမဆုံးရရှိမဲ့ သတိပေးတဲ့ notification က ဘုရားသခင်ဆီက ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

ပရောဖက်ဟေရှာယ က “ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။ (ဟေရှာယ ၁၀း၄)”လို့ပြောခဲ့တယ်။

ဘုရားသခင်က သင်နဲ့အချိန်ယူဖို့ နေ့စဥ် မနက်တိုင်းစောင့်နေတယ်။ ဒီအချိန်ဟာ ဖခင်ကနေ သူ့ရဲ့သားသမီးဖြစ်တဲ့ သင့်ကို အထူးအခွင့်ရေးပေးတဲ့အချိန်ဖြစ်တယ်။

ဥပမာ - ယေရှုဘုရားနဲ့ သူ့ရဲ့နှုတ်ကပတ်တော်ကို အာရုံစိုက်လာစေမဲ့ Bible App လိုမျိုး app တစ်ခုကို download ဆွဲထားလိုက်ပါလား။ ဒါဆိုရင် နေ့ရဲ့ ပထမဆုံး ၁၀မိနစ်ကို ကောင်းကင်အဖအတွက် ဆက်ကပ်လာနိုင်လိမ့်မယ်။

ဒါဆိုအခု၊ အလေ့အကျင့် နံပါတ်-၂ ကတော့ “နေ့ရဲ့ ပထမဆုံး (၁၀)မိနစ်ကို ဘုရားသခင်အားဆက်ကပ်ခြင်း” ဖြစ်ပါတယ်။

တစ်ရက်ပြီးတစ်ရက် ဘုရားသခင်နဲ့အတူ တိုးတက်လုပ်ဆောင်သွားရင်း (၁၀)မိနစ်ကနေ (၁၅)မိနစ်၊ (၂၀)မိနစ် တွေအထိ ဆက်ကပ်လာနိုင်လိမ့်မယ်။ အချိန်နည်းနည်းနဲ့ အစပြုခြင်းဟာ လုံးဝအချိန်မပေးတာထက် ပိုကောင်းပါတယ်။ သန့်ရှင်းသောဝိညာဥ်တော်ဘုရားဟာ သင့်ကို လုပ်ဆောင်နိုင်ရန် ခွန်အားပေးပါလိမ့်မယ်။ ဇွဲမလျော့ပဲ ဆက်လက်ကြိုးစားလုပ်‌ဆောင်သွားရင်း ဝိညာဥ်တော်ဘုရားက သွန်သင်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဒီကျမ်းပိုဒ်လေးက ပြောထားတာကို ဆင်ခြင်စေခြင်တယ် “ခ​မည်း​တော်​သည် ငါ့​အ​တွက်​ကြောင့် စေ​လွှတ်​တော်​မူ​သော ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​ပြော​ခဲ့​သ​မျှ​သော စ​ကား​တို့​ကို မှတ်​မိ​သော​ဉာဏ်​ကို သင်​တို့​အား ပေး​တော်​မူ​မည်။ (ယော ၁၄း၂၆)”

ကျေးဇူးတင်ပါတယ်။
Eric Célérier

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။

More