ခရစ်တော်၌ ကျွန်ုပ်တို့၏ဖြစ်တည်ခြင်း — စစ်မှန်သောအချက် (၃၁) ချက်နမူနာ

မဟာမေတ္တာတော်ကို ရရှိခံစားသူ
ဘုရားသခင်သည် မိမိမဟာမေတ္တာတော်ဖြင့် ကျွန်တော်တို့ကို အလွန်တရာ ချစ်ပြီး အကျိုးကိုရမည်အကြောင်း အကြံစည်တော်မြတ် ရှိပါသည်။
(ဧ၊ ၁း၎-၆) ကို ဖတ်ပါ။
(ရော၊ ၅း၁-၁၁) ကို ဖတ်ပါ။
ဤကမ္ဘာမရှိမတည်မီ ကျွန်တော်တို့အား ကိုယ်တော်၏ မိသားစုတော်တွင် ပါဝင်စေမည့် အကြံစည်တော်သည် သူ၏မဟာမေတ္တာတော်ကို ထင်ရှားစေသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသည်။ မိမိအသက်တာနှင့် နှုတ်ကပတ်တော်တွင် ဘုရားသခင်၏ မဟာမေတ္တာကရုဏာတော်ကို ဘယ်လိုမြင်နိုင်သလဲ။
မိစ္ဆာဒိဋ္ဌိ။ ဘုရားသခင်က ကျွန်တော်ကို ဂရုမစိုက်ဘူး။ ဘုရားသခင်က ကျွန်တော်ကို စွန့်ပစ်ပြီး သတိနှင့်ကြည့်ရှုတော်မမူ။
သမ္မာဒိဋ္ဌိ။ ကိုယ်တော်ဘုရားက ကျွန်တော်ကို ခရစ်တော်၌ မွေးစား၍ မိမိမိသာစုတော်သို့ ဝင်စားစေခြင်းငှာ မိမိတစ်ပါးတည်းသောသားတော်ကို စေလွှတ်တော်မူသောကြောင့် မိမိမဟာမေတ္တာတော်ကို ထင်ရှားစေတော်မူပြီ။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျွန်တော်တို့ကို အဘယ်သူကွာစေနိုင်မလဲ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

(ဧ၊ ၁-၂) သည် ခရစ်တော်၌ ကျွန်တော်၏ ဖြစ်တည်ခြင်းကို ဖော်ပြစေသော အစီစဉ်။ Thistlebend အမှုတော်မှ အစီစဉ်သည် ကျွန်တော်တို့အား ကိုယ်တော်၌ပေးတော်မူသော ဖြစ်တည်ခြင်းအသစ်ကို ပိုမိုပြည့်စုံစွာ အသက်ရှင်စေဖို့ နှိုးဆော်တိုက်တွန်းစေမည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဖတ်သောအရာကို နားလည်ပါသလား

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့
