အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့နမူနာ

တစ်ခါတစ်ရံမှာ၊ မိမိတောင်းသောဆုကို မရသောအခါ ဆုတောင်းခြင်းသည် စိတ်ရှုပ်ဖွယ်ရာ ဖြစ်သည်ဟု ခံစားရတတ်သည်။ အကယ်၍၊ ဆုတောင်းခြင်းသည် မိမိအလိုရှိသမျှကို ရယူခြင်း မဟုတ်ဘူး။ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုလော့ဟု ဘုရားသခင် မိန့်တော်မူခဲ့သည်။ ပုထုဇဉ်လူသားတို့၏ သဘောသဘာဝမှာ ဖြေရှင်းမရသည့် အခက်အခဲပြဿနာများ ကြုံတွေ့သည့်အခါ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ဆိုသည့် သမ္မာကျမ်းစာ၏ သွန်သင်ချက်ကို မလုပ်ဆောင်နိုင်ကြခြင်းပင် ဖြစ်သည်။ သို့ရာတွင်၊ ပြဿနာ၌ မဟုတ်ဘဲ ၎င်းပြဿနာကို ဖြေရှင်းနိုင်သောဘုရား၌ ကျေးဇူးတော်ကို ချီးမွမ်းကြပါဟု တမန်တော်ကြီး ရှင်ပေါလုအား တိုက်တွန်းနိုးဆော်ခဲ့သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည် အခြေအနေမည်သို့ပင်ရှိစေကာမူ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းနှင့် ကြည့်ရှုပြုစုကျေးဇူးတော်ကို ယုံကြည်ကြောင်း ပြသစေသည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် နှုတ်ကပတ်တော်မြတ်ကို ပျော်ရွှင်စွာ ဖတ်ရှုကြပါစို့။ ဒေါက်တာ တိုနီအီဗန် (Tony Evans) သည် မိမိပြုစုခဲ့သော တိုနီအီဗန် CSB သမ္မာကျမ်းစာအနက်ဖွင့်ကျမ်းကို ကိုးကားလျက် ဤ (၅) ရက်တာ အစီစဉ်ကို ရေးသားခဲ့သည်။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား
