YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်နမူနာ

Redemption

7 ၏ နေ့ 6

အရှင်ယေရှုဘုရားသည် သေခြင်းမှ ထမြောက်တော်မူပြီးနောက် အဘယ်ဖြစ်ပွားခဲ့သနည်း

သေခြင်းမှ ထမြောက်တော်မူပြီးနောက်၊ အရှင်ယေရှုဘုရားသည် မိမိတပည့်တော်များထံ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်ဖြင့် ထင်ရှားပေါ်ထွန်းတော်မူ၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း သွန်သင်တော်မူသည်။ ထို့နောက်၊ ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူသည်။

ဧဝံဂေလိတရားတွင် အများဆုံးလျစ်လျူရှုခံရသော အချက်တစ်ခုမှာ အရှင်ယေရှုဘုရား၏ ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူခြင်းပင် ဖြစ်ပါသည်။ သို့ရာတွင်၊ ကောင်းကင်သို့ ပြန်ကြွသွားတော်မူခြင်းဆိုသည်မှာ အဘယ်နည်း၊ ၎င်းအမှုတော်သည် အဘယ်အရာကို ပြီးမြောက်စေသနည်း။

(တ၊ ၁) တွင်၊ ရှင်လုကာသည် ဤဓမ္မတရားကို ဖော်ပြထားခဲ့ပါသည်။

အရှင်ယေရှုဘုရားသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူသည်။ သင်္ဂြိုဟ်ပြီးမှ၊ သုံးရက်မြောက်သောနေ့၌ မစ္စုမာရ်သေခြင်းတရားကို အောင်လျက် ထမြောက်တော်မူသည်။ ထို့နောက်၊ ယေရုရှလင်မြို့၌ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကို ပြ၍ ယေရုရှလင်မြို့မှ မထွက်မသွားဘဲ ခမည်းတော်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ငံ့နေမည်အကြောင်း မှာတော်မူသည်။ တမန်တော်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သူတို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် အရှင်ယေရှုဘုရား၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူသည်။

တမန်တော်တို့သည် ကြည့်ရှုလျက် နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူပါသည်။

အရှင်ယေရှုဘုရားသည် အဘယ်ကြောင့် ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူသနည်း။ ကိုယ်တော်သည် ကျွန်တော်တို့ကို စွန့်တော်မူပါသလား။

ကိုယ်တော်သည် ကျွန်တော်တို့ကို စွန့်တော်မမူ။

သမ္မာကျမ်းတွင်၊ ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူခြင်းသည် အရှင်ယေရှုဘုရား၏ ပျောက်သွားတော်မူခြင်း မဟုတ်ပါ။ စစ်မှန်သောအနက်မှာ၊ အရှင်ယေရှုဘုရားသည် ကောင်းကင်ဘုံသို့ ပြန်ကြွသွား၍ အနန္တစကြဝဠာ၏ နိစ္စထာဝရရာဇပလ္လင်တော်၌ ထိုင်တော်မူခြင်း ဖြစ်ပါသည်။ အရှင်ယေရှုဘုရားသည် အရာခပ်သိမ်းကို အုပ်စိုးတော်မူသည်။ ဤမဟာရာဇသည် အသင်းတော်မှတစ်ဆင့် မိမိနိုင်ငံတော်ကို တည်ထောင်စေဖို့ အလိုရှိတော်မူသည်။

ဤသည်မှာ ကြောက်မက်ဖွယ် အကြံတော်ဖြစ်သည်ဟု ထင်မှတ်နိုင်ပါသည်။ အရှင်ယေရှုဘုရားသည် ကျွန်တော်တို့မှတစ်ဆင့် မိမိ၏ မဟာနိုင်ငံတော်ကို တည်ထောင်စေရန် တကယ်လိုပါသလား။ ကိုယ်တော်မြတ်သည် အားနည်းလှသော ကျွန်တော်တို့ကို အကြွင်းမဲ့သိတော်မူသည် မဟုတ်ပါလား။ သူသည် ဤအမှုတော်ကို ပြီးမြောက်စေရန် ကျွန်တော်တို့ကို တကယ်အသုံးပြုရဲပါသလား။ သို့သော်၊ ဤအမှုတော်သည် ကျွန်တော်တို့၏ အစွမ်းသတ္တိအားဖြင့် မဟုတ်။ ဤအမှုတော်၌ ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူခြင်း၏ အဓိကဓမ္မကို ပေါ်လာပါသည်။ အရှင်ယေရှုဘုရားသည် ကောင်းကင်ဘုံသို့ ပြန်ကြွသွားတော်မူသောအခါ၊ အသင်းတော်အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်၍ ယုံကြည်သူတိုင်းသည် တန်ခိုးကို ခံရကြပါသည်။

ဤတန်ခိုးတော်အားဖြင့် အဘယ်အမှုကို ပြုရမည်နည်း။ ၎င်းမေးခွန်း၏ အဖြေသည် ရှင်းလင်းလှပြီး စိတ်လှုပ်ရှားဖွယ်လည်း ဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်သည် ကျွန်တော်တို့ကို အရှင်ယေရှုဘုရားနှင့် သူ၏ မဟာနိုင်ငံတော်အတွက် ထိရောက်သော သက်သေများဖြစ်လာစေရန် သက်ရောက်စေတော်မူပြီ။

ယနေ့၊ အသင်းတော်အတွက် အထူးဆုတောင်းပေးပါ။ ဘုရားသခင်သည် မိတ်ဆွေကို အသုံးပြုလျက်၊ အခြားသူများထံ မိမိ၏ ချစ်ခြင်းမေတ္တာကို ထင်ရှားစွာ ဖော်ပြပြီး၊ မိမိ၏ ပတ်ဝန်းကျင်ရှိ လူများထံသို့ သစ္စာရှိစွာ ဧဝံဂေလိတရားကို ဟောပြောစေဖို့ရန်အတွက် ဆုတောင်းလိုက်ပါ။

ဤအစီအစဉ်အကြောင်း

Redemption

ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် OneHope အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ http://feed.bible သွားရောက်ကြည့်ရှုပါ။