ရက်ပေါင်း (၉၀) တွင် ဓမ္မသစ်ကျမ်းနမူနာ

ရှင်ယောဟန်ဩဝါဒစာတတိယစောင်၏နိဒါန်း
ဤဩဝါဒစာရေးသားသူသည် ရှင်ယောဟန်ဒုတိယစောင်ကဲ့သို့ မိမိကိုယ်ကို အသက်ကြီးသူသည်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ပြုခဲ့သည်။ ရှင်ယောဟန်သည် နောက်ဆုံးအသက်ရှင်ကျန်ရစ်သည့် တပည့်တော်ဖြစ်သည်ဟု သမိုင်းကပြောသကဲ့သို့ သူ၏အသက်သေခါနီးဖြစ်ခဲ့သည်ကို ကျမ်းတတ်ပုဂ္ဂိုလ်များက ယုံကြည်ကြသည်။ ရှင်ယောဟန်သည်၊ အေဒီ (၉၀) ဝန်းကျင်တွင်၊ ပတ်မုကျွန်း၌နေစဉ် ဤဩဝါဒစာကို ရေးသားခြင်း ဖြစ်နိုင်သည်။
ရှင်ယောဟန်သည် သူသိသောအသင်းတော်တစ်းပါးတွင် ထင်ရှားသောယုံကြည်သူတစ်ဦးဖြစ်သည့် ဂါယုထံသို့ ဤဩဝါဒစာကို ရေးသားခဲ့သည်။ ခရီးသွားသည့် သာသနာပြုဆရာများကို တားမြစ်လျက် အသင်းတော်ကို အတင်းအဓမ္မ အကဲအမှူးလုပ်ချင်သောသူ ဒယောတရပ် ရောက်လာခြင်းအပါအဝင်နှင့် အခြားကြုံတွေ့နေရသော ပြဿနာများကို ဂါယုအား ဖြေရှင်းဖို့ရန် ရှင်ပေါလုသည် ကူညီမစပေးခဲ့သည်။ ဒယောတရပ်သည် ရှင်ယောဟန်၏ဆုံးမခြင်းကို ကြားရသော်လည်း မခံမယူဘဲ နေခဲ့သည်။
ရှင်ယုဒဩဝါဒစာ၏နိဒါန်း
ရှင်ယာကုပ်၏ညီ ရှင်ယုဒသည် ဤဩဝါဒစာကိုရေးသားသူ ဖြစ်သည်။ သူသည်လည်း ယေရှုဘုရား၏ညီတော် ဖြစ်ခဲ့သည်။ သူ၏အစ်ကို ရှင်ယာကုပ်ကဲ့သို့ ရှင်ယုဒသည် အရှင်ယေရှုဘုရားကို ရှင်ပြန်ထမြောက်ပြီးနောက် ယုံကြည်လက်ခံခဲ့သည်။ ရှင်ယုဒသည် ဤဩဝါဒစာကို မည်သည့်အချိန်က ရေးသားခဲ့သည်ကို တိကျစွာ မသိရပေ။ သို့သော်၊ အေဒီ (၆၇-၈၀) ဝန်းကျင်တွင်၊ ရေးသားခဲ့သည်ဟု ကျမ်းစာပညာရှင်များက ယူဆကြသည်။
ရှင်ယုဒ၏ဩဝါဒစာသည် တိုသော်လည်း အနှစ်သာရပြည့်ဝသည်။ ပထမရာစုအသင်းတော်သည် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသောသွန်သင်ခြင်းများကြောင့် အလွန်ခြိမ်းခြောက်ခံခဲ့ရသည်။ ထို့ကြောင့်၊ ရှင်ယုဒ၏ဩဝါဒစာသည် အသင်းတော်အား မိစ္ဆာဒိဋ္ဌိအယူများကို ဆန့်ကျင်၍ ယုံကြည်ခြင်း၌ တည်ကြည်စေရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

လာမည့် ရက်ပေါင်း (၉၀) အတွင်း ဓမ္မသစ်ကျမ်း၏အခန်းကြီး (၂၆၀) ကို ဖြတ်သန်းလိုက်ပါ။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်တို့၏ ခရစ်ဝင်ကျမ်းများမှစ၍ နောက်ဆုံးကျမ်းတည်းဟူသော ဗျာဒိတ်ကျမ်းအထိ၊ ဖတ်ရှုလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အားဖြင့် ပြောင်းလဲခံခဲ့ရသူများ၏ သွန်သင်ချက်များနှင့်အတူ ဘုရားသခင်သည် မိတ်ဆွေကို စကားပြောတော်မူလိမ့်မည်။
More
ဆက်စပ်နေသောအစီအစဉ်များ

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

ထာဝရပရဟိတ

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ပဋိညာဉ်သစ်၊ ပညာသစ်

BibleProject | ရှင်ပေါလု၏စာစောင်များ

BibleProject | ကားစင်တင်ခြင်းခံဘုရင်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | ရှင်ယောဟန်၏စာစောင်များ
