အလွန်ကောင်းမြတ်တော်မူသောဘုရားနမူနာ

ဘုရားသခင်ဘုန်းကြီးတော်မူစေ
"ဘုရားသခင်ဘုန်းကြီးတော်မူစေ။ ထာဝရဘုရားသည် ကြီးသောအမှုများကို ပြုတော်မူပြီ။ ဘုရားသခင်သည် အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။ ဘုရားသခင်ဘုန်းကြီးတော်မူစေ။"
နှုတ်ကပတ်တော်တရားအားဖြင့် မြင်နိုင်သလို၊ မိမိအသက်တာအားဖြင့်လည်း ဘုရားသခင်၏ အံ့ဩဖွယ်ကြီးသောအမှုများကို မြင်နိုင်သည်။ ထို့ကြောင့်၊ ထောမနာသီချင်းကို ဆိုခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းစေပါ။
ကျွန်တော်တို့၏ ဘုရားသခင်သည် အံ့ဩဖွယ်သောအမှုတို့ကို ပြုတော်မူသောဘုရား ဖြစ်သည်။ ဘုရားသခင်၏ မဟာအမှုတော်များ၊ အဆုံးမရှ ကရုဏာတော်၊ အနန္တမေတ္တာတော်၊ နိစ္စထာဝရ ခွင့်လွှတ်ခြင်းအကြောင်း ဖော်ပြထားသောကျမ်းပိုဒ် အများအပြား ရှိသည်။ သို့သော်၊ ယခု၊ ဘုရားသခင်၏ မဟာအမှုတော်မြတ်ကို မပြီးသေးဘူးလို့ ယုံကြည်ကြသည်။ မိမိပတ်ဝန်းကျင်တွင် သမ္မာသတိရှိရှိ ကြည့်ရှုလျှင်၊ ကိုယ်တော်၏ လှုပ်ရှားမှုကို သေချာစွာ တွေ့လိမ့်မည်။ ကိုယ်တော်သည် စိတ်နှလုံးများကို ပြောင်းလဲနေသလို၊ လူများကို ကယ်တင်နေလျက်၊ အံ့ဩဖွယ်ပအရာများကို ပြုတော်မူနေသည်။
ဤအစီအစဉ်အကြောင်း

မိမိအသက်တာရှိ လောကဓံမုန်တိုင်းများသည် ဘယ်လောက်ပဲ ပြင်းထန်သည်ဖြစ်ပါစေ၊ မိတ်ဆွေအတွက် ခွန်အားနှင့် ငြိမ်းချမ်းခြင်းကို ရရှိခံစားနိုင်ပါသည်။ Life.Church Worship မှ အလွန်ကောင်းမြတ်တ်ာမူသောဘုရား ဓမ္မသီချင်းများကို ကိုးကားသည့် ဤ (၅) ရက်တာ အစီစဉ်ဖြင့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ပြန်လည်ရှာဖွေလိုက်ပါ။
More
စပ်ဆိုင်သော အစီအစဉ်များ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဖတ်သောအရာကို နားလည်ပါသလား

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

