YouVersion လိုဂို
ရှာရန် အိုင်ကွန်

Craig နှင့် Amy Groeschel တို့၏ ယနေ့မှစ၍ အနာဂတ်သို့နမူနာ

Craig & Amy Groeschel’s From This Day Forward

7 ၏ နေ့ 5

ဖြူစင်စွာနေပါ

လူတို့သည် မင်္ဂလာဆောင်ကိစ္စအတွက် လနှင့်ချီကြိုတင်စီစဉ်တတ်သော်လည်း အိမ်ထောင်ရေးအစီအစဉ်ကိုမူ တစ်ခါတရံလျစ်လျူရှုတတ်ပါသည်။ လက်ထပ်မည့်သူအတွက်စီစဉ်ထားသည့်အတန်းများကိုတက်ခြင်း၊ လက်ထပ်ပေးမည့်ဆရာနှင့်စကားပြောခြင်း စသည်တို့ကိုပြုတတ်သော်လည်း ဆက်ဆံမှုအပေါ်ဖြစ်လာနိုင်သည့်ကိစ္စနှင့်ပတ်သက်မူကား ပွင့်လင်းစွာပြောဆိုခြင်းမရှိဘဲနေတတ်သည်။ မိမိတို့၌အကျင့်ပါသော အတွေးနှင့်အပြုအမူတို့သည် တစ်ဦးနှင့်တစ်ဦးတို့၏စည်းလုံးညီညွှတ်မှုကိုထိခိုက်စေတတ်သည်ကိုလည်း အပြည့်အဝသတိမမူမိဘဲနေတတ်သည်။

ဘုရားသခင်သည် ထိမ်းမြား​ခြင်း​အိပ်ရာ​ကို လိင်ပိုင်းဆိုင်ရာရင်းနှီးမှုအတွက် သီးသန့်သတ်မှတ်ထားတော်မူသည့်အလျောက် ထိုကိစ္စကို သာမန်ဆက်ဆံမှုအတွက်အသုံးပြုသောအခါ ထိခိုက်နစ်နာမှုအများဆုံးခံရသည့်အပိုင်းဖြစ်လာသည်။ လူတတာနှင့်သောင်းပြောင်းလိင်ဆက်ဆံခဲ့သည့် လွန်ခဲ့သောအချိန်၊ ရမက်လှုံ့ဆော်သောသီချင်း၊ အညှီအဟောက်မကင်းသောဝတ္ထု၊ လိင်ပိုင်းဆိုင်ရာနှိပ်စက်မှုခံရခြင်းကြောင့်ရရှိသည့် မပျောက်နိုင်သောဒဏ်ရာ၊ အပြာကားများကြည့်ခြင်းစသဖြင့်—အိမ်ထောင်ရေးကိစ္စပြင်ပမှလာသော ကာမဂုဏ်အာရုံလှုံ့ဆော်တတ်သည့်အရာအားလုံးသည် အန္တရာယ်များသောအရာဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုအန္တရာယ်မပြုနိုင်ဟု သင့်ကိုယ်သင်ကြိုးစားဖျောင်းဖျသော်လည်း ထိုအမှုအရာတို့ကို သင်၏အိမ်ထောင်ဖက်အားဝှက်ထားလျှင် သင်သည် ရင်းနှီးမှုတံခါးကိုပိတ်ထားပြီး အိမ်ထောင်ရေးဖောက်ပြန်မှုတံခါးကိုဖွင့်ထားခြင်းဖြစ်သည်။

ထိုအန္တရာယ်တို့ကို ဟန့်တားသည့်အတားအဆီးကို အတူတကွတည်ဆောက်ရန် ဆန္ဒရှိပါသလား။ စုံစမ်းခြင်းကိုတားဆီး၍ ခိုင်မာစွာရပ်တည်နိုင်ဖို့ သင်၏လွတ်လပ်မှုများကို ကန့်သတ်ရန်ဆန္ဒရှိပါသလား။ သင်၏အစီအစဉ်၊ အခြားသူများနှင့်စကားပြောခြင်း၊ အွန်းလိုင်းတွင်တုံ့လှယ်ခြင်းစသည်တို့တွင် ပွင့်လင်းမှုရှိရန် ဆန္ဒရှိပါသလား။ သင်အားနည်းသောအခါ သင့်ကိုကာကွယ်ပေးနိုင်ဖို့ အားရှိခိုက် ထိုသို့ပြုပါ။ သင်၏အားနည်းခြင်းတို့ကိုဖော်ပြပေးဖို့ ဘုရားသခင်အားတောင်းလျှောက်ပါ။—ထို့နောက် ၎င်းတို့ကိုထောက်မပါ။

စည်းကျော်နိုင်သလား။ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သလား။ မုချနီးပါးဖြစ်ပေါ်နိုင်ပါသည်။ ကိစ္စဖြစ်ပေါ်တိုင်း ၎င်းကိုရင်ဆိုင်ဖြေရှင်းပါ။ ခွင့်လွှတ်ပေးတော်မူရန် ဘုရားသခင်ကိုတောင်းလျှောက်ပါ။ ခွင့်လွှတ်ပေးရန် သင့်အိမ်ထောင်ဖက်ကိုတောင်းပန်ပါ။ သို့သော် ဖြူစင်စွာနေနိုင်ဖို့အပတ်တကုပ်ကြိုးစားပါ။ ဖြူစင်မှုသည် အရးကြီးသည်။ အတူတကွဆုတောင်းကြပါစို့။ ယေရှုဘုရား၊ ကျွန်ုပ်တို့ကိုဖြူစင်စေရန်နှင့် အသစ်ဖြစ်စေရန် ကိုယ်တော်သည် ကြီးမားစွာပေးဆပ်ခဲ့ပါသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ရှေ့တော်၌ဖြူစင်အောင်ထိန်းသိမ်းနိုင်ပါသည်။ ဖြူစင်စွာနေနိုင်ဖို့ ခွန်အားပေးတော်မူပါ။ သူတစ်ပါးကိုခွင့်လွှတ်နိုင်ရန်နှင့် အပြစ်ကြောင့်ဖြစ်ပေါ်သောပျက်စီးမှုမှ ကျွန်ုပ်တို့စိတ်နှလုံးကိုကာကွယ်နိုင်ရန် ခွန်အားပေးတော်မူပါ။ ယေရှု၏နာမတော်၌ဆုတောင်းပါ၏။ အာမင်။
နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

Craig & Amy Groeschel’s From This Day Forward

သင်သည် အလွန်ကောင်းသောအိမ်ထောင်ရေးအသက်တာကိုရရှိနိုင်ပါသည်။ ယနေ့ သင်ရွေးချယ်သောအရာသည် သင်၏နက်ဖြန်နေ့အိမ်ထောင်ရေးအသက်တာကိုချမှတ်ပေးသည်။ သင်းအုပ်ဆရာဖြစ်ပြီး New York Times တွင် ရောင်းအားအကောင်းဆုံးစာအုပ်၏စာရေးဆရာဖြစ်သူ Craig Groeschel နှင့်သူ၏ဇနီးသည်တို့က သင်၏အိမ်ထောင်ရေးကို ဆုံးရှုံးမှုကင်းသောအိမ်ထောင်ရေးဖြစ်စေရန် ကတိကဝတ် ၅ချက်ကို ပြသထားပါသည်။ ၎င်းတို့မှာ ဘုရားသခင်ကိုရှာပါ၊ မျှတစွာငြင်းခုံပါ၊ ပျော်ရွှင်မှုကိုခံစားပါ၊ ဖြူစင်မှုကိုထိန်းသိမ်းပါ၊ မည်သည့်အခါမျှအရှုံးမပေးနှင့် ဟူ၍ဖြစ်ကြသည်။ အမြဲတမ်းသင်တောင့်တခဲ့သည့်အိမ်ထောင်ရေးကို ယခုပင်ရယူပါ - ယနေ့မှစ၍ အနာဂတ်သို့

More

ဤအစီအစဉ်ကိုတင်ဆက်ပေးသော Zondervan, HarperCollins နှင့် LifeChurch.tv တို့ကို ကျေးဇူးတင်လိုပါသည် ပိုမိုသိရှိလိုပါက http://www.zondervan.com/from-this-day-forward သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ၏။