ပျောက်ဆုံးခြင်း
နောမိ၏ ဆုံးရှုံးခြင်းမှ မျှော်လင့်ခြင်းအကြောင်းကို သင်ယူခြင်း — ရုသဝတ္ထုမှ သင်ခန်းစာများ
ယုံကြည်သူတိုင်းသည် နောမိနှင့် ရုသ၏ ဇာတ်တော်ကို သိလျက် နစ်သက်မြတ်နိုးကြပါသည်။ သို့သော်၊ ဤတင့်တယ်လှပသော ရွေးနုတ်တော်မူခြင်းဇာတ်တော်ကို ကြိမ်ပေါင်းများစွာ ဖတ်ဖူးသောကြောင့် ဤဇာတ်တော်ရှိ အနိစ္စတရား၊ ဒုက္ခတရားနှင့် ကျေးဇူးတော်တရားတို့ကို လျင်မြန်စွာ ကျော်လွှာစေနိုင်သည်။ ဤအစီအစဥ်တွင်၊ ကြီးစွာသောဆုံးရှုံးမှုအတွေ့အကြုံအားဖြင့် မိမိအသက်တာကို ပြောင်းလဲခြင်း၊ ဘုရားသခင်အပေါ် မိမိ၏ အမြင်ကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ ကြည့်ရှုပြုစုခြင်းကျေးဇူးတော်အကြောင်းကို တွေ့ရှိပါလိမ့်မည်။
သေခြင်း
ဘဝတွင် လူတိုင်းသည် သေခြင်းကို ရင်ဆိုင်တွေ့ကြုံကြရသည်။ ထို့ကြောင့်၊ မေးခွန်းများစွာ ထွက်လာပြီး ကျွန်တော်တို့ကို အူထဲအသည်းထဲထိတိုင် တုန်လှုပ်စေပါသည်။ ဤ (၇) ရက်တာ သမ္မာကျမ်းအစီအစဉ်က ကျွန်တော်တို့သေမျိုးဖြစ်သော်လည်း အားတက်စရာ၊ ဖြေသိမ့်စရာတို့ ရှိကြောင်း အကျဉ်းမျှသိမြင်စေပါမည်။
သေခြင်းတရားကို အောင်နိုင်ခြင်း
“ဒီဘဝ ဒီမျှသာ’’လို့ ကျွန်ုပ်တို့အမြဲကြားရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပြောပြော ဘယ်လိုပြောပြော ချစ်ရတဲ့သူတစ်ယောက် ဆုံးရှုံးရတဲ့ နာကျင်မှုကိုတော့ ဖြေလျော့မသွားစေပါဘူး။ ဘဝရဲ့ အခက်အခဲဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုခုကို ရင်ဆိုင်ရသောအခါ ဘုရားရှင်ထံပါးချဉ်းကပ်နိုင်ရန် လေ့လာကြပါစို့။
ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း
မိမိချစ်ရသော သူတစ်ယောက်အား ဆုံးရှုံးသောအခါ၊ ယခင်အတိုင်း ပြန်ဖြစ်ရန် အခြားသူများအတွက် (၁၄) ရက်ခန့် ကြာသော်လည်း မိတ်ဆွေအတွက် ထိုမျှမကကြာသည်။ ဝမ်းနည်းကြေကွဲမှုတွင် နစ်မြုပ်နေပါက၊ မိတ်ဆွေတစ်ယောက်တည်း ခံစားနေရခြင်း မဟုတ်ပါ။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်း စာအုပ်ရေးသားသူ ဆရာမဗက်မာရှယ် (Beth Marshall) လည်း ထိုခံစားချက်ကို နားလည်သဘောပေါက်ခဲ့သည်။ သောကရောက်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်ကြောင်း ရင်းနှီးသောမိသားစုဝင်များကို ဆုံးရှုံးပြီးမှ သူမနားလည်ခဲ့သည်။ ဝမ်းနည်းကြေကွဲမှုမှ ရုန်းထွက်ခြင်းကို လေ့လာခြင်းသည် မိတ်ဆွေအား ရေးသားရန်နှင့် အသက်တာရွှင်လန်းခြင်း ပြန်လည်ပေးစွမ်းနိုင်သူ တစ်ပါးတည်းဖြစ်သော သခင်ဘုရားကို ယုံကြည်ကိုးစားရန် ခွန်အားပေးမည် ဖြစ်သည်။