သောက
ဖိလိပ္ပိသြဝါဒစာ၏ရှင်းပြချက်
မိတ်ဆွေသည် မကျူးလွန်မိသည့် ရာဇ၀တ်မှုအားဖြင့် ထောင်သို့ မတရားစွာ ရောက်လျှင် မိမိသူငယ်ချင်းများထံ စာတစ်စောင်ကို ရေးပေးနိုင်မလား။ ဖိလိပ္ပိအသင်းတော်သို့ တမန်တော်ကြီး ရှင်ပေါလု၏ ဩဝါဒစာသည် ရောမထောင်ထဲတွင် ထိုင်နေချိန်၌ပင် ရွှင်လန်းမှုအပြည့်ရှိသူကို ဖော်ပြထားပါသည်။ ဖိလိပ္ပိဩဝါဒစာသည် ဆင်းရဲဒုက္ခခံစဉ်တွင် ဝမ်းမြောက်ခြင်းနှင့် ရရဲင့်သတ္တိကို ဖော်ပြထားသောစာ ဖြစ်သည်။ ဆရာခရစ့်လန်းဟန်း (Kris Langham) သည် ဖိလိပ္ပဩဝါဒစာကို သင်ပေး၍ လမ်းညွှန်ပေးပါလိမ့်မည်။
ယုံကြည်ကိုးစားခြင်း
ယုံကြည်ကိုးစားခြင်းဟာ ခရစ်ယာန်အသက်တာရဲ့ အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားနဲ့ ထိတွေ့ဆက်ဆံနေခြင်း၊ ကျမ်းစာစကားကို အမြဲနှလုံးသွင်းခြင်းအားဖြင့် မိတ်ဆွေရဲ့ ယုံကြည်ကိုးစားခြင်း တိုးပွားစေနိုင်ပါတယ်။ အောက်ပါကျမ်းပိုဒ်တွေကို မှတ်သားထားခြင်းဖြင့် မိတ်ဆွေရဲ့ဘဝတစ်လျှောက််မှာ မိမိယုံကြည်ကိုးစားခြင်းကို ပိုမိုခိုင်မြဲလာစေမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ အသက်တာကို ပြောင်းလဲကြပါစို့။