Luke 5
5
1တစ်နေ့၌ ယေရှုဂျီသည် ဂါလိလဲပင်လယ်ကမ်းစပ်တွင် ရပ်နေတော်မူစဥ်တွင် လူအပေါင်းတို့သည် ယေရှုဂျီ၏ ဘေးပတ်ပတ်လည်၌ စုရုံးလာပြီး ပရ်မေဆွာရ်၏နှုတ်ကပတ်စကားတော်များကို နားထောင်စေခြင်းငှား လာကြ၏။ 2ဂုရုယေရှုသည် အိုင်ကမ်းစပ်တွင် လှေနှစ်စင်းဆိုက်ထားသည်ကို မြင်တော်မူ၏။ တံငါသည်များသည် လေပေါ်မှဆင်း၍ ပိုက်ကွန်များကို ဆေးကြောနေကြ၏။ 3ဂုရုကြီးယေရှုသည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေထဲသို့ တက်တော်မူ၍ လှေကို ရေကမ်းစပ်မှ အနည်းငယ်ခွာပေးစေရန် ပြောတော်မူ၏။ ထို့နောက် လှေပေါ်တွင်ထိုင်၍ လူအပေါင်းတို့အား ဟော်ပြောသွန်သင်တော်မူ၏။ 4ထိုသို့ ဟောပြောသွန်သင်ပြီးနောက် ပရ်ဘူယေရှုသည် ရှိမုန်အား “ ရေနက်ရာသို့သွားလော့။ ငါးများဖမ်းမိနိုင်ရန်အတွက် ထိုနေရာ၌ ပိုက်ကွန်ကိုချလော့ ”ဟု မိန့်တော်မူ၏။ 5ရှိမုန်ကလည်း “ ပရ်ဘူဂျီ အကျွန်ပ်တို့သည် တညလုံးငါးများကို ကြိုးစား၍ ဖမ်းပါကြသော်လည်း တစ်ကောင်မျှမရ။ သို့သော် ပရ်ဘူဂျီ၏ ပြောတော်မူသည်အတိုင်း ပိုက်ကွန်များကို ချပါမည် ” ဟု လျှောက်လေ၏။ 6ထိုနောက် သူတို့သည် ပိုက်ကွန်ကို ပရ်ဘူယေရှုမိန်တော်မူသည်အတိုင်းချပြီးနောက် ပိုက်ကွန်ထဲတွင် ငါးအမြောက်အမြားဖမ်းမိလေ၏။ ငါးအရေအတွက် အလွန်များပြားသော်ကြောင့် ပိုက်ကွန်ပင် ပြဲလေ၏။ 7ထို့ကြောင့် သူတို့သည် တစ်ခြားသောလှေပေါ်၌ရှိသော သူတို့၏အပေါင်းအဖော်များကို လာရောက်ကူညီပေးရန် ခေါ်လေ၏။ ထိုသူတို့သည်လာ၍ ပိုက်ကွန်များကို ဆွဲတင်ရာ ငါးများ များပြားသောကြောင့် လှေနှစ်စင်းလုံး မြုပ်လုမတက်ဖြစ်လေ၏။ 8ထိုအဖြစ်အပျက်ကို မြင်သောရှိမုန်ပေတရုသည် ပရ်ဘူယေရှု၏ ခြေတော်ရင်း၌ ပြပ်ဝပ်၍ “ အကျွန်ပ်ထံမှ ထွက်သွားပါ၊ အကျွန်ပ်သည် အပြစ်သားဖြစ်ကြပါ ” ဟုလျှောက်တင်လေသည်။ 9ရှိမုန်နှင့်သူ၏အဖော်တို့သည် ငါးအရေအတွက်များပြားဖမ်းမိသည်အတွက် အလွန်အံသြခြင်းရှိလေ၏။ 10တံငါးသည်များဖြစ်သောဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်သည်လည်း ထိုနည်းတူပင် အံသြကြလေ၏။ ပရ်ဘူယေရှုသည် ရှိမုန်အား “ မကြောက်ကြနှင့်။ ယခုမှစ၍ သင်တို့သည် လူကိုဖမ်းသော တံငါးသည်များ ဖြစ်ကြလိမ့်မည် “ ဟု မိန့်တော်မူ၏။ 11ထိုနောက် ထိုသူတို့သည် လှေများကို ကမ်းစပ်၌ ဆိုက်ပြီး ရှိရှိသမျှတို့ကို စွန်လွတ်၍ ပရ်ဘူယေရှု၏ နောက်တော်သို့လိုက်ကြ၏။ 12ဂုရုကြီးယေရှုသည် မြို့တစ်မြို့၌ ရှိတော်မူသောအချိန်တွင် ခန္စာကိုယ်တစ်ကိုယ်လုံး၌ နူနာစွဲသော သူတစ်ဦးရှိ၏။ ထိုသူသည် ပရ်ဘူယေရှုကိုမြင်သောအခါ မြေပေါ်မှာ ပြပ်ဝပ်၍ “ ပရ်ဘူဂျီ အလိုတော်ရှိတော်မူလျှင် အကျွန်ုပ်ကို သန့်ရှင်းခြင်းသို့ရောက်နိုင်ကြောင်းတောင်းပန်းလေ၏။ " 13ပရ်ဘူယေရှုကလည်း " ငါအလိုရှိ၏။ သင်သန့်ရှင်းခြင်းသို့ရောက်လော့ " ဟု မိန်တော်မူလျက် လက်တော်ဖြစ် တို့ထိတော်မူ၏။ ထိုခဏချင်းတွင် နူနာရောဂါသည် ပျောက်ကင်းခြင်းသို့ ရောက်လေ၏။ 14ထိုနောက် ပရ်ဘူယေရှုက " ဤအကြောင်းအရာကို အဘယ်သူကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသွား၍ ကိုယ်ကိုပြလော့။ ယဇ်ပုရောဟိတ်များနှင့်လူများတို့အား သင်သန့်ရှင်းခြင်းသို့ရောက်ကြောင်း သက်သေဖြစ်စေခြင်းငှာ ၊ မောရှေမိန့်မှာထားသော ယဇ်ပူဇော်သကာကို ဆက်သလော့ " ဟု မိန်တော်မူ၏။ 15သို့သော်လည်း ပရ်ဘူယေရှေု၏ သိတင်းတော်သည် သာ၍ ပျံ့နှံ့လေ၏။ ထိုကြောင့် များစွာသောလူအပေါင်းတို့သည် ပရ်ဘူဂျီ၏ ဆုံးမသြဝါဒ နားထောင်ရန်၎င်း၊ အနာရောဂါစွဲလျက်ရှိသော သူတို့သည် အနာရောဂါ ငြိမ်းစေခြင်းငှာ၎င်း အထံတော်သို့ စုဝေးလျက်လာကြ၏။ 16ပရ်ဘူယေရှုသည် တစ်ဦးတည်းနေ၍ ရသောအရပ်သို့ သွား၍ ဆုတောင်းလေ့ရှိတော်မူ၏။ 17တစ်နေ၌ ပရ်ဘူယေရှုသည် ဆုံးမသြဝါဒပေးတော်မူစဥ်တွင် ဂါလိလဲပြည်မှ၎င်း၊ ယုဒပြည်မှ၎င်း၊ ယေရှရုလင်မြို့မှ၎င်း၊ လာကြသော ဖာရိရှဲများနှင့် ပညတ္တိကျမ်းဂုရုတို့သည် ထိုအရပ်၌ ထိုင်လျက်ရှိကြ၏။ ပရ်မေဆွာရ်သည် ယေရှုဂျီကို ဖျားနာသောသူတို့ကို ကုသပေးနိုင်သော တန်းခိုတော်ကို ပေးခဲကြောင်း ထိုသူတို့ကြားသိရ၏။ 18ထိုအခါ လက်ခြေသေ၍ လမ်းမလျှောက်နိုင်သောသူတစ်ယောက်အား အိပ်ယာကုတင်နှင့်တကွ ဂုရုယေရှုရှိရာသို့ဆောင်ခဲ့ကြ၍ ပရ်ဘူယေရှု၏ ရှေ့တော်၌ ထားစေခြင်းရှာကြံကြ၏။ 19လူများစွာ စုဝေးလျက်ရှိသောကြောင့် ရှေ့တော်ဝင်ရာလမ်းကို မတွေ့ကြသဖြင့် အိမ်အမိုးပေါ်သို့တက်၍ အိမ်အမိုးကို ဖောက်ထွင်းပြီးလမ်းမလျှောက်နိုင်သောသူအား အိပ်ယာကုတင်နှင့်တကွ လူများအလယ်၊ ပရ်ဘူယေရှုရှေ့တော်သို့ လျော့ချကြ၏။ 20ပရ်ဘူယေရှုသည် ထို့သူတို့ ယုံကြည်ခြင်းရှိတော်မူသည်ကို မြင်တော်မူသောအခါ လမ်းမလျှောက်နိုင်သောသူအား " အချင်းလူ၊ သင်၏ အပြစ်လွှတ်စေပြီး " ဟု မိန်တော်မူ၏။ 21ဖာရိရှဲများနှင့် ပညတ္တိကျမ်းဂုရုတို့က " ပရ်မေဆွာရ်ကို လွန်ကြူးစွာ ပြောဆိုသော ဤသူကား အဘယ်သူနည်း။ ပရ်မေဆွာရ်မှ တစ်ပါး အဘယ်သူသည် အကျွန်ုပ်တို့၏ အပြစ်ကို လွှတ်နိုင်သနည်း " ဟု တွေးတောထင်မှတ်ကြ၏။ 22ပရ်ဘူယေရှုက ထိုသူတို့ အဘယ်သို့တွေးတောထင်မှတ်နေကြသည်ကို သိတော်မူလျှင်၊ " အဘယ်ကြောင့် သင်တို့စိတ်ထဲ၌တွေးတော ထင်မှတ်နေကြသနည်း။ 23အဘယ်စကားကို သာ၍ပြောရန် လွယ်သနည်း။ သင်၏အပြစ်ကို လွှတ်စေပြီး (သို့မဟုတ်) သင်သည် ထ၍ လမ်းလျှောက်သွားလော့ ဟု ပြောလွယ်သလော့။ 24လူသားသည် မြေကြီးပေါ်၌ အပြစ်ဖြေလွှတ်နိုင်သော အခွင်အာဏာရှိသည်ကို သင်တို့ကို သိစေခြင်းငှာ ငါအလိုရှိ၏။" ဟု မိန်တော်မူပြီးလျှင် လမ်းမလျှောက်နိုင်သော သူအား " သင်အား ငါဆိုသည်ကား၊ သင်ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်ကို သွားလော့ " ဟုမိန်တော်မူ၏။ 25ထိုသူသည်လည်း လူများတို့၏ရှေ့မှ ချက်ချင်းထ၍ မိမိအိပ်ယာကို ဆောင်ပြီး ပရ်မေဆွာရ်၏ ဂုဏ်တော်ကိုချီးမွမ်းလျက် အိမ်ပြန်လေ၏။ 26ထိုအရပ်ရှိ လူအပါင်းတို့သည် အံသြခြင်းရှိကြ၍ ကြောက်ရွံခြင်းနှင့် ပြည်နှက်ပြီး ထိုသူတို့က " ယနေ့ငါတို့သည် အံဘွယ်သော အမူအရာကို မြင်ခဲ့ပြီးပြောလျက် " ပရ်မေဆွာရ်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ 27ထိုနောက် ပရ်ဘူယေရှုသည် ထိုအိမ်မှ ထွက်ကြွတော်မူ၍ လေဝိအမည်ရှိသော အခွန်ခံတစ်ယောက်သည် အခွန်စည်းကြပ်သောနေရာတွင် ထိုင်နေသည်ကို မြင်သောအခါ ထိုသူအား " ငါနောက်သို့လိုက်လော့ " ဟု မိန်တော်မူ၏။ 28လေဝိသည် ထ၍ အလုံးစုံတို့ကို စွန့်ပစ်လျက် ပရ်ဘူဂျီနောက်တော်သို့ လိုက်လေ၏။ 29ထိုနောက် လေဝိသည် ပရ်ဘူယေရှုအဘို့အလိုငှာ သူ၏အိမ်တွင် ကြီးစွာသော ညစာစားပွဲကို ကျင်းပလေ၏။ အခွန်ကောက်ခံသောသူများနှင့် အခြားသောသူများစွာတို့သည် ပရ်ဘူဂျီမှစ၍ စစ်စရောတို့နှင့်အတူ စားသောက်လျက် လျောင်းကြ၏။ 30ဖာရိရှဲများနှင့် ပညတ္တိကျမ်းဂုရုတို့က " သင်သည် အခွန်ကောက်ခံသောသူများနှင့် ဆိုးသွမ်းသောသူများတို့နှင့်အတူ အဘယ်ကြောင့် စားသောက်နေကြသနည်း " ဟု ပရ်ဘူယေရှု၏စစ်စရောတို့ကို ကဲ့ရဲ့ ပြောဆိုကြ၏။ 31ထိုအခါ ပရ်ဘူယေရှုက " ကျန်းမာသောသူတို့သည် သမားတော်ကို အလိုမရှိကြ။ သို့သော် နားမကျန်းသော သူတို့သာလျှင် အလိုရှိကြ၏။ 32ပရ်မေဆွာရ်၏ ရှေ့တော်၌ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်မှတ်သော သူတိုကို ငါနောက်သို့ ခေါ်စေခြင်း ငါလာသည်မဟုတ်၊ ဆိုးသွမ်းသောသူတို့ကို ၎င်းတို့၏ အပြစ်များမှ ကယ်တင်ခြင်းငှာ ငါလာသတည်း " ဟုမိန့်တော်မူ၏။ 33ပရ်ဘူယေရှုကို လူတစ်ချို့တိုက " ယောဟန်၏စစ်စရောများနှင့် ဖာရိရှဲတို့၏စစ်စရော များသည် မကြာခဏ အစားရှောင်ခြင်းနှင့် ဆုတောင်းခြင်းများပြုလေ့ရှိကြသည်ဖြစ်၍ ပရ်ဘူဂျီ၏ စစ်စရောတို့သည် အဘယ်ကြောင့် စားသောက်လျက်နေကြပါသနည်း " ဟု လျှောက်တင်ကြသော်၊ 34ပရ်ဘူယေရှုက " မင်္ဂလာဆောင်လုလင်သည် မိမိဧည်သည်တို့နှင့် အတူရှိစဥ်အခါ ထိုသူတို့သည် အစာရှောင်ကြသလော့။ 35သို့သော် မင်္ဂလာဆောင်လုလင်သည် ထိုသူတို့ကြားမှ ခေါ်ဆောင်ခြင်းကို ခံရမည့်အချိန်ကာလရောက်လာလိမ်မည်။ ထိုကာလ၌ ထိုသူတို့သည် အစာရှောင်ကြလိမ့်မည် " ဟု မိန်တော်မူ၏။ 36ထိုနောက် ပရ်ဘူယေရှုသည် ပုံဥပမာဆောင်လျက် မိန်တော်မူသည်ကား " လူတို့သည် အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ပြုလုပ်လျှင် အထည်သစ်သည် အဝတ်ဟောင်းကို ဆွဲဆုတ်တက်၏။ အထည်သစ်သည် အဝတ်ဟောင်းနှင့် ကိုက်ညီမှုမရှိပေ။ 37ထိုနည်းတူ အသစ်သော စပျစ်ရည်ကို သားရေဘူးဟောင်း၌ ထည့်လေ့မရှိ။ ထိုသို့ပြုလုပ်လျှင် အသစ်သော စပျစ်ရည်သည် ဟောင်းသောသားရေဘူးကို ဆုတ်ခွဲသဖြင့် ၊ စပျစ်ရည်သည် ယို၍ သားရေဘူးနှင့်အတူ စပျစ်ရည်လည်း ပျက်စီးတက်၏။ 38ထို့ကြော့ အသစ်သောစပျစ်ရည်အား သစ်သောသားရေဘူးတွင် ထည့်ရမည် ။ ထိုသို့ထည့်မှသာ စပျစ်ရည်နှင့်အတူ သားရေဘူးလည်း ပျက်စီးမည်မဟုတ်။ 39ဟောင်းသောစပျစ်ရည်ကို သောက်ပြီးသောသူတို့သည် အသစ်သောစပျစ်ရည်ကို သောက်ခြင်းငှာအလိုမရှိကြ။ အကြောင်းမူကား၊ ဟောင်းသောစပျစ်ရည်သည် အချိန်ကာလကြာမြင့်သည့်နှင့်အမျှ သာ၍ ကောင်းသည်ကို သိကြသော်ကြာင့်ဖြစ်၏ " ဟုမိန်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
Luke 5: HNT
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

: