Luke 4
4
1သန့်ရှင်းသော ဝိညာဥ်တော်နှင့်ပြည်စုံလျက် ယေရှုဂျီသည် ဂျော်ဒန်မြစ်မှ ပြန်တော်မူစဥ်တွင် သန့်ရှင်းသောဝိညာဥ်တော်သည် ပရ်ဘူယေရှုကို သဲကန္တာရသို့ ပို့ဆောင်တော်မူ၏။ 2ထိုအရပ်၌ ပရ်ဘူယေရှုသည် ရက်လေးဆယ်ပတ်လုံး ဆယ်သားနန်း၏ သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုရက်လေးဆယ်ကာလပတ်လုံး အစားအစာကို သုံးဆောင်တော်မူခဲ့ခြင်း မရှိခဲ့ပေ။ ထိုရက်လေးဆယ်ပြီးဆုံးချိန်တွင် ပရ်ဘူယေရှုသည် အလွန်ဗိုက်ဆာလျက် ရှိတော်မူ၏။ 3ဆယ်သားနန်းကလည်း ပရ်ဘူယေရှုအား “ သင်သည် ပရ်မေဆွေရ်၏သားတော်မှန်လျှင်၊ ဤကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ မိန်တော်မူပါ “ ဟုပြောလေ၏။ 4ဂုရုယေရှုကလည်း “လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်၊ ပရ်မေဆွေရ် မိန်တော်မူသမျှအားဖြင့် အသက်မွေးရမည် ဟု ကျမ်းစာ၌လာသည် “ ဟု မိန့်တော်မူ၏။ (တရားဟောရာ ၈း၃) 5ထိုအခါ ဆယ်သားနန်းသည် ဂုရုယေရှုကို အလွန်မြင့်သောအရပ်သို့ ခေါ်ဆောင်သွား၍၊ တစ်ခဏခြင်းတွင် ဆယ်သားနန်းသည် ယေရှုဂျီကို ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများအားလုံးကို ပြသ၍၊ 6ဆယ်သားနန်းသည် ပရ်ဘူယေရှုအား “ ဤဘုန်းတန်းခိုးတော်ရှိသမျှသည် ငါ၌ရှိပြီ။ ငါအားပေးခဲ့ပြီးသည်ဖြစ်၍ ငါအလိုရှိသောသူအား ပေးနိုင်သည်ဖြစ်၏။ ဤအရာအလုံးတို့ကို သင်အား ငါပေးမည်။ 7အကယ်၍ သင်သည် ငါအားကိုးကွယ်လျှင် ဤအရာအလုံးစုံတို့သည် သင်အတွက် ဖြစ်လိမ့်မည် ” ဟု ပြောလေ၏။ 8ပရ်ဘူယေရှုကလည်း ဆယ်သားနန်းအား “ သင်၏ ပရ်မေဆွရ်ကိုသာလျှင် ဝတ်ပြုကိုးကွယ်ရမည် ” ဟု ကျမ်းစာ၌လာ၏။ (တရားဟောရာ ၆း၁၃) 9ထိုအခါ ဆယ်သားနန်းသည် ယေရှုဂျီကို ယေရုရှလင်မြို့သို့ပို့ဆောင်၍ ပရ်ဘူယေရှုကို ဂျူးမန်နဒီရ်၏ အမြင့်ဆုံးနေရာ၌ ရပ်စေတော်မူလျက်၊ “ သင်သည် ပရ်မေဆွရ်၏သားတော်မှန်လျှင် ဤအရပ်မှ မိမိကိုယ်ကို အောက်သို့ ချလော့ ” ဟုဆို၏။ 10ကျမ်းစာ၌ရေးထားသည်ကား “ ပရ်ဘူဂျီသည် ဆွာရ်(ဂ်)ဒူ(သ်)တို့အား သင်ကို စောက်ရှောက် စေခြင်းငှာ မှာထားတော်မူပြီး၊ 11သင်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းငှာ ၊ ဆွာရ်(ဂ်)ဒူ(သ်)တို့သည် သင်ကို မစချီပင့်ကြစေခြင်းငှား စေလွှတ်လိမ်မည် ဟု ကျမ်းစာ၌လာသည် " ဟုဆယ်သားနန်းကဆို၏။ (ဆာလံ ၉၁း၁၁၊၁၂) 12ထိုအခါ ပရ်ဘူယေရှုက “ သင်၏ ပရ်မေဆွာရ် ၊ ပရ်ဘူဂျီကို စုံစမ်းခြင်းမပြုရဟု လည်း ကျမ်းစာ၌လာသည်” ဟု မိန်တော်မူ၏။ ( တရားဟောရာ ၆း၁၆) 13ထိုသို့စုံစမ်းနှောက်ယှက်မူများ အလုံးစုံပြီးမြောက်သောအခါ ဆယ်သားနန်းသည် ပရ်ဘူယေရှုထံမှ ကာလအတန်အကြာတစ်ခုကြားအောင် အထံတော်မှ ထွက်သွားလေ၏။ 14ဂုရုယေရှုသည် ပရ်မေဆွာရ်၏သန့်ရှင်းသောဝိညာဥ်တော်တန်ခိုးအားဖြင့် ဂါလိလဲပြည်သို့ ပြန်လာတော်မူ၏။ ပရ်ဘူယေရှု၏ သတင်းတော်သည် ပတ်ဝန်းကျင်ရှိ အရပ်ဒေသအသီးသီးတို့၌ ပျံနှံ့လေ၏။ 15ပရ်ယေရှုသည် ထိုအရပ်ဒေသရှိ ဂျူးမန်နဒီရ်များတွင် ဆုံးမသြဝါဒ ပေးတော်မူပြီး လူတို့သည်လည်း ပရ်ဘူယေရှုကို ချီးမွမ်းကြ၏။ 16ပရ်ဘူယေရှုသည် မိမိ၏ကြီးပြင်းလာခဲ့ရာ အရပ်ဒေသဖြစ်သော နာဇရက်မြို့သို့ ကြွတော်မူ၏။ ဥပုသ်နေ့ရောက်သောအခါ ဂျူးမန်နဒီရ်ထဲသို့ဝင်၍ ကျမ်းစာဖတ်ခြင်းငှာ မတ်တပ်ရပ် တော်မူ၏။ 17ဂျူးမန်နဒီရ်စောင့်သည် ပရ်မေဆွာရ်၏ပရ်ဘက်သာဖြစ်သော ယေရှာယ၏ကျမ်းကို ဂုရုယေရှုအားပေးလေ၏။ ကျမ်းစာကို ဖွင့်တော်မူလျှင် တွေ့တော်မူသည်အချက်ဟူမူကား၊ 18" ပရ်မေဆွာရ်၏ ဝိညာဥ်တော်သည် ငါ့အပေါ်၌ ရှိတော်မူ၏။ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းအကြောင်းကို ကြားပြောစေရန်အတွက် ငါကိုဘိတ်သိပ်ပေးတော်မူ၏။ ပရ်မေဆွာရ်သည် ငါကို ဖမ်းဆီး၍ ချုပ်နှောင်ထားလျက်ရှိသော သူတို့အား လွတ်မြောက်စေခြင်းအကြောင်း ကြားပြောစေခြင်းငှာ၎င်း၊ မျက်စီကန်းသော သူတို့အား ပြန်လှည်မြင်စေခြင်းငှာ၎င်း၊ ညှင်းဆဲခြင်းခံရသော သူတို့ကို ကယ်မစေခြင်းငှာ၎င်း၊ 19မိမိလူတို့ကို လွတ်တော်မူမည်နှစ်ကို ပြောစေခြင်းငှာ၎င်း ငါကိုစေလွတ်တော်မူ၏ " ဟု ဖြစ်၏။ (ယေရှာယ ၆၁း ၁၊၂) 20ထိုနောက် ပရ်ယေရှုသည် ကျမ်းစာကိုလိပ်၍ ဂျူးမန်နဒီရ်အစောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဂျူးမန်နဒီရ်၌ရှိသော လူအပေါင်းတို့သည် ဂုရုယေရှုအား စေ့စေ့ကြည်လျက်နေကြ၏။ 21ထိုအခါ ယေရှုဂျီက “ ယနေ့၌ ဤကျမ်းအချက်ကို သင်တို့ကြားသည်အတိုင်း ပြည်စုံလျက်ရှိသည် ” ဟု မိန်တော်မူ၏။ 22လူအပေါင်းတို့သည် ပရ်ဘူယေရှု၏အကြောင်းကို ချီမွမ်း၍ပြောကြ၏။ ပရ်ဘူယေရှု၏ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားတော်ကို ကြားသောကြောင့် အံသြလျက်ရှိ၍၊ သူတို့က” ဤသူသည် ယောသပ်၏သား ယေရှုမဟုတ်သလော့ ” ဟု ပြောကြ၏။ 23ယေရှုဂျီကလည်း " သင်တို့သည် ငါအားစစ်ဆေးခြင်းငှာ ပုံဥပမာကိုဆောင်လျက်၊ အချင်းသမားတော် ၊ မိမိကိုယ်ကို အနာရောဂါမှ ချမ်းသာစေလော့။ ကပေရနှောင်မြို့၌ သင်ပြုခဲ့သော အမူအရာတို့ကို ငါတို့ကြားသိရသည် သိတင်းအတိုင်း သင်၏မွေးရပ်၌ ဤအမူအရာတို့ကို ပြုလော့ ဟု သင်တို့ဆိုကြလိမ့်မည်။ 24ငါအမှန်အကန်ဆိုသည်ကား၊ ပရ်မေဆွာရ်၏ပရ်ဘက်သာ မည်သူမျှမိမိ၏မွေးရပ်မြေ၌ မျက်နှာမရ၊ 25ငါအမှန်အကန်ဆိုသည်ကား၊ ဧလိယ လက်ထက်တွင် သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးခေါင်၍၊ တစ်ပြည်လုံး၊ နိုင်ငံတစ်လျှောက်လုံး အစားရေစာခေါင်ပါးခြင်းရှိ၏။ ထိုအချိန်တွင် အစ္စရေးမြို့၌ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမများ များစွာရှိကြ၏။ 26သို့သော် ထိုမုတ်ဆိုးမများရှိရာသို့ ဧလိယကို စေလွတ်တော်မမူဘဲ ဇိဒုန်ပြည် ဇရတ္တမြို့သူဖြစ်သော မုတ်ဆိုးမတစ်ယောက်ရှိရာ စေလွတ်တော်မူ၏။ 27ပရ်မေဆွာရ်၏ပရ်ဘက်သာ ဧလိရှဲလက်ထက်တွင်လည်း အစ္စရေးမြို့တွင်များစွာသော နူနာစွဲသောသူရှိကြ၏။ သို့သော် ရှရိမြို့လူဖြစ်သော နေမန်အမည်ရှိသူမှတစ်ပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့မရောက် ” ဟု မိန့်တော်မူ၏။ 28ထိုစကားတော်ကို ကြားကြသောအခါ ဂျူးမန်နဒီရ်အတွင်းရှိ လူအပေါင်းတို့သည် အမျက်ထွက်ကြပြီး၊ 29ထ၍ ဂုရုယေရှကို မြို့ပြင်သို့ နှင်ထုတ်ကြ၏။ ထိုမြို့သည် တောင်ထိပ်အစွန်း၌တည်ရှိပြီး ထို့တောင်စွန်းမှ ပရ်ယေရှုကို တွန်းချခြင်းငှာ ခေါ်ဆောင်သွားကြ၏။ 30သို့သော် ပရ်ဘူယေရှုသည် ထို့သူတို့အလယ်မှ ရှောင်ထွက်၍ ပရ်ဘူဂျီသွားရန် အလို့တော်ရှိသော အရပ်သို့ ကြွတော်မူ၏။ 31ဂုရုယေရှုသည် ဂါလိလဲပြည်၏ မြို့တစ်မြို့ဖြစ်သော ကပေရနှောင်မြို့သို့ ကြွတော်မူပြီး ဥပုသ်နေ့၌ ဂျူးမန်နဒီရ်သို့ ဝင်၍ ဆုံးမသြဝါဒပေးတော်မူ၏။ 32ထိုဆုံးမသြဝါကို ကြားသောသူတို့သည် အံသြခြင်းရှိကြ၏။ အကြောင်းမူကား၊ ပရ်ဘူယေရှုသည် အာဏာရှိသူကဲ့သို့ အာဏာနှင့်ဟော်တော်မူသောကြောင့်ဖြစ်၏။ 33ထိုဂျူးမန်နဒီရ်တွင် ဒူစ(တ်)အာသ်မား၏စွဲကပ်ခြင်းကို ခံရသောသူ တစ်ယောက်ရှိ၏။ ထိုသူသည် ကျယ်လောင်စွာ အော်ဟစ်၍ ပြောဆိုသည်ကား၊ 34“ နာဇရက်မြို့သား ပရ်ဘူယေရှု ၊ပရ်ဘူသည် အကျွန်ပ်နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ပ်ကို ဖျက်ဆီးခြင်းငှာ ကြွလာသလော့။ ပရ်ဘူသည် မည်သူဖြစ်သည်ကို အကျွန်ပ်သိပါ၏။ ပရ်ဘူသည် ပရ်မေဆွာရ်၏ သန့်ရှင်းသောသူ ဖြစ်ပါ၏ ” ဟု ပြော၏။ 35ယေရှုဂျီကလည်း ဒူစ(တ်)အာသ်မားကို “ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲမှ ထွက်သွားလော့ ” ဟု မိန်တော်မူလျှင်၊ ဒူစ(တ်)အာသ်မားသည် ထိုသူကို လူအများတို့၏အလယ်၌ လဲချ၍ ထိုသူကို မထိမခိုက်စေဘဲ ထွက်သွားလေ၏။ 36ထိုအမူကိုမြင်သော လူအပေါင်းတို့သည် အံသြခြင်းရှိ၍၊ " ဤသင်ကြားချက်စကားက အဘယ်နည်း။ ဤသူသည် ဒူစ(တ်)အာသ်မားတို့အား တန်းခိုးအာဏာနှင့်အမိန်ပေး၏။ ထိုသူတို့သည်လည်း သူ၏စကားကိုနားထောင်၍ ထွက်သွားကြ၏ ” ဟု အချင်း ချင်းပြောဆိုကြ၏။ 37ပရ်ဘူယေရှု၏ သိတင်းတော်သည် ပတ်ဝန်းကျင်အရပ်ရပ်တို့၌ ပျံနှံ့ထင်ရှားလေ၏။ 38ယေရှုဂျီသည် ဂျူးမန်နဒီရ်မှ ထွက်ခွာ၍ ရှိမုန်၏အိမ်သို့ ကြွတော်မူ၏။ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနေသည်ဖြစ်၍ သူမအတွက် ပရ်ဘူယေရှုအား တောင်းပန်းကြ၏။ 39ပရ်ဘူယေရှုသည် ထိုမိန်းမ၏ အနားသို့သွား၍ မတ်တပ်ရပ်ပြီး အဖျားပျောက်စေခြင်းငှာ အဖျားကို ဆုံးမတော်မူ၏။ တစ်ခဏခြင်းတွင် သူမ၏အဖျားသည်ပျောက်သွား၍ သူမသည်ချက်ချင်း ထ၍ ဧည်ဝတ်ပြုလေ၏။ 40နေဝင်သောအခါ လူတို့သည် အမျိုးမျိုးသော အနာရောဂါစွဲသောသူတို့ကို ပရ်ဘူယေရှုအထံတော်ဆောင်ခဲ့ကြ၍ ၊ ထိုအနာရောဂါစွဲသောသူအသီးသီးတို့အပေါ်၌ လက်တော်ကိုတင်၍ အနာရောဂါကို ငြိမ်းစေတော်မူ၏။ 41ဒူစ(တ်)အာသ်မားများစွာတို့ကိုလည်း နှင်ထုတ်တော်မူ၏။ သို့သော် ဒူစ(တ်)အာသ်မားတို့က ပရ်ဘူယေရှုကို “ သင်သည် ပရ်မေဆွာရ်၏သားတော်ဖြစ်သည် ” ဟု အော်ဟစ်ကြွေးကြော်ကြ၏။ ပရ်ဘူယေရှုသည် မူကသီဒါတာဖြစ်ကြောင်းကို သိကြသော်ကြောင့်၊ ထိုသူတို့ကို ပရ်ဘူယေရှုက “ တိတ်ဆိတ်စွာနေကြလော့ ” မိန်တော်မူလျက် ၊ စကားတစ်ခွန်းကိုမျှကို မပြောရန် တားမြစ်တော်မူ၏။ 42မိုးလင်းသောအခါ ပရ်ဘူယေရှုသည် မိမိတစ်ဦးတည်းနေ၍ရသော အရပ်သို့ထွက်သွားတော်မူ၏။ လူများတို့သည်လည်း ပရ်ဘူယေရှုကို ရှာခြင်းငှာ ထွက်လာကြ၏။အထံတော်သို့ ရောက်တော်မူသောအခါ မိမိတို့ အရပ်ဒေသမှ ထွက်ခွာတော်မမူရန် တောင်းပန်းကြ၏။ 43ထိုအခါ ပရ်ဘူယေရှုက “ ပရ်မေဆွာရ်၏ရာဂျ(ယ်)နှင့်ပတ်သက်သော ဧဝံဂလိသိတင်းကောင်းကို အခြားမြို့ရွာများသို့ ဟောပြောရန်အတွက် ငါကို စေလွတ်ရခြင်းဖြစ်သည် ” ဟု မိန်တော်မူ၏။ 44ထိုနောက် ပရ်ဘူယေရှုသည် ဂါလိလဲပြည်ရှိ ဂျူးမန်နဒီရ်တို့၌ တရားဟောပြောလျက် နေတော်မူ၏။
လက်ရှိရွေးချယ်ထားမှု
Luke 4: HNT
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

: