YouVersion လိုဂို
ရှာရန် အိုင်ကွန်

Luke 19

19
1ကိုယ်တော်ယေရှုက ယေရိခေါဗြို့ဝို ဖြတ်သန်းဘီး ကြွတော်မူရယ်။ 2အဲဗြို့မှာ ဇက္ခဲ ဆိုတဲ့လူတဦး နေထိုင်လေရယ်။ သူက အခွန်ကော့တာဝန်ခံတဦးဖြစ်ဘီး အရမ်းချမ်းသာကြွယ်ဝသူတဦးဖြစ်ရယ်။ 3ဇက္ခဲက ကိုယ်တော်ယေရှု ဟဲသူဖြစ်တာဝို တွေ့ချင်သဖြင့် ကြိုးစားဘီး ကြည့်ရှုရယ်။ အပေမယ့် သူက အရပ်ပုသဖြင့် လူဒေကွယ်နေလို့ ကိုယ်တော်ဝို မဗျင်ဘဲဖြစ်နေရယ်။ 4အဲကျော့ အဲလမ်းအတိုင်းပြေးသွားဘီး သဖန်းပန် တပန်ဆီ တက်သွားလေရယ်။ 5ကိုယ်တော်က အဲနေရာဆီ ရွတ်တဲ့အခါ " ဇက္ခဲ၊ မြန်မြန်ဆင်းလာခဲ့၊ ဒီနေ့ နန်အီမှာ ငါတည်းခိုမယ်" လို့မိန့်တော်မူလေရယ်။ 6ဇက္ခဲက သစ်ပန်ပေါ်မှ အမြန်ဆင်းလာဘီး ကိုယ်တော်ယေရှုဝို ဝမ်းမြော့ဝမ်းသာ ကြိုဆိုလေရယ်။ 7အဲအဖြစ်ပျက်ဝို ဗျင်တဲ့သူဒေက " ဒီဇက္ခဲက မကွန်းတဲ့ အပြစ်သမားတယွတ်ဘဲ ၊ အဲတာတောင်မှ ကိုယ်တော်က သူ့့အီဝိုသွားဘီး သူနအတူ စားသော့အုံးမယ်" ဆိုကာ ဝေဖန်ကေလေရယ်။ 8အဲနော့ "ဇက္ခဲက မတ်တပ်ရပ်ဘီး ကိုယ်တော်ဝို " ကျွန်ုပ် ပိုင်ဆိုင်တာဒေဝို မရှိဆင်းရဲသားဒေအသွက် တဝက်ခွဲပေးပါမယ်။ ပိုမိုကော့ထားတဲ့ အခွန်တော် ပိုက်ဆံထက် လေးဆပိုတဲ့ ပိုက်ဆံဒေဝို ပြန်ပေးလိုက်ပါမယ်" လို့ ကိုယ်တော်ဝို ရွတ်ထားတန်ပြလေရယ်။ 9ကိုယ်တော်က ဇက္ခံဝို " ဒီနေ့မှစဘီး နန်န နန်မိသားစုအားလုံး ကယ်ဆယ်ခြင်းခံရဘီ၊ ဟဲကျော့လည်းဆိုတော့ နန်က အာဗြဟံမျိုးရိုးက ဆင်းသတ်လာသူအမှန်ဖြစ်တဲ့ အတွက်ကျော့ဖြစ်ရယ်။ 10"လူ့သားတော်"က ပျော့ဆုံးသူဒေဝို ရှာဖွေဘီး ကယ်တင်ဝို့ ကြွလာခြင်းဖြစ်ရယ်" လို့ မိန့်တော်မူလေရယ်။ 11ကိုယ်တော်က ယေရှုရှလင်ဗြို့အနီးဆီ ရွတ်တော်မူလာရာ လူထုပရိသတ်ဒေကလည်း ကိုယ်တော်ရဲ့ တရားတော်ဒေဝို နာကြားရင်း လိုက်ပါလာကေရယ်။ လူဒေက မကြာမီ ဖရားရှင်ရဲ့ သာသနာ ပေါ်ထွန်းတော့မယ်လို့ တွေးထန်နေကေရယ်။ 12အဲအခါ ကိုယ်တော်က ဒီပုံပြင် ဥပမာန သူနို့ဝို သွန်သင်တော်မူလေရယ်။ " အီရှေ့မင်းသားတပါးက ရှင်ဘုရင်အဖြစ် ဘိသိက်သွန်းခံယူဝို့ (အခါတော်ပေးတာ ခံယူဝို့) တိုင်းတပါးဆီ ထွက်သွားရယ်။ 13အပေမယ့် အဲလိုမထွက်ခွာမီ သူရဲ့အစေခံ ဆယ်ယွတ်ဝိုခေါ်ဘီး အဿပြာ ပိုက်ဆံဒေဝို တဦးချင်း အပ်နှံပေးလေရယ်။ အဲသူဒေအားလုံးလည်း " ဒီပိုက်ဆံဝို အသုံးပြုဘီး ငါပြန်လာတဲ့အခီထိ ရင်းနှီးလုပ်ကိုင် စားသော့ကေပါ။ 14အပေမယ့် အဲတိုင်းပြည်မှ လူဒေက မင်းသားဝို မုန်းတီးကေတဲ့ကျော့ သံတမန်နှဦးဝို နိုင်ငံရပ်ခြားဆီ စေလွှတ်ဘီး " ဒီမင်းသားဝို ကျွန်ုပ်လေနိုင်ငံရဲ့ ဘုရင်အဖြစ် မလိုလားပါ" ဆိုကာ တွန်းဆိုကေရယ်။ 15မင်းသားက ဘုရင်အဖြစ် တင်မြှော့ခံဘီးတဲ့အခါ ပြန်လာဘီး အစေခံဒေဝို ရှေ့တော်ဆီ ခေါ်လိုက်ရယ်။ သူပေးခဲ့တဲ့ အဿပြာ ပိုက်ဆံန စီးပွားဟဲမျှတက်လာမယ်နူး လို့မေးလိုက်ရယ်။ 16ဦးဆုံးအစေခံက " အရှင်မင်းမြတ်ပေးခဲ့တဲ့ အဿပြာပိုက်ဆံဝို ကျနော်မျိုး ဆယ်ဆလော့ တိုးပွားအွန် ဆောင်ဝွက်ထားပါရယ်" လို့ဖြေလိုက်ရာ 17ဘုရင်က " ကွန်းလေစွ မောင်မင်း အရမ်းတော်ရယ်။ မောင်မင်းက ပမာဏ နည်းနည်းလေးနဲ့တော် ယုံကြည်ရရယ်။ ဗြို့ဆယ်ဗြို့ဝို အပိုင်စားဏေ" လို့ မိန့်လိုက်ရယ်။ 18ဒုတိယတယွတ်ကတော့ " အရှင်မင်းဂီး ပေးခဲ့တဲ့ အဿပြာပိုက်ဆံန ငါးဆလော့ တိုးပွားအွန် ဆောင်ဝွက်ထားပါရယ်" လို့ရွှတ်တံလိုက်ရာ 19ဘုရင်က ဗြို့ငါးဗြို့ဝို ပိုင်စားစေ" လို့မိန့်လိုက်ရယ်။ 20အခြားတယွတ်က " အရှင်မင်းဂီးရဲ့ အဿပြာပိုက်ဆံ ဒီမှာပါ။ ကျနော်မျိုး လတ်ကိုင်ပဝါနထုဘီး သီးထားပါရယ်။ 21အရှင်မင်းဂီးက " အရှင်ပိုင်ဆိုင်တဲ့ ဥစ္စာမဟုတ်ဘဲ သိမ်းယူတတ်ရယ်။ အရှင် စိုက်ပျိုးခြင်းမရှိတဲ့ ကော့ပဲသီးနှံဒေဝို ရိသီးတတ်တဲ့ ရက်စက်တဲ့သူဖြစ်တဲ့အသွက် အရှင်ဝို ကျနော်မျိုး ကြော့ပါရယ်။ 22"မော်မင်းက အသုံးမဝမ်တဲ့ ကျွန်တဦးဘဲ၊ မော်မင်းပြောလိုက်တဲ့ဂါးဒေအသွက် ပြစ်ဒဏ်ခံရမယ်။ ငါက ရက်စက်တဲ့သူဆိုတာ မော်မင်းသိရယ်။ ငါ့ပစ္စည်းမဟုတ်ဘဲ ငါယူရယ်။ ငါမစိုက်ပျိုးဘဲ ရိသီးယူရယ်။ 23ငါ့အဿပြာပိုက်ဆံဝို ဟဲကျော့ ဘဏ်ထဲမထည့်ရတာလဲ။ ငါပြန်လာရင် ဘဏ်တိုးတော့ ရမှာပေါ့ " လို့ပြောလိုက်ရယ်။ 24အဲနော့ ဘုရင်က အခြားအစေခံဒေဝို ခေါ်ဘီး " သူ့ဆီက ပိုက်ဆံဝို ယူလာပါ ဆယ်ဆပွားအွန် လုပ်နိုင်တဲ့သူဝို ပေးလိုက်ပါ" လို့ အမိန့်ပေးလိုက်ရယ်။ 25အပေမယ့် သူနို့က " အရှင်မင်းဂီး ငွေ ပိုက်ဆံဆယ်ဆ တိုးပွားအွန် ဆွန်ဝွက်ခဲ့တဲ့သူဆီ ပေးပြီးပါဘီ" လို့ရွှတ်တံကေရယ်။ 26ဘုရင်ကလည်း " ရှိတဲ့သူဝို ပိုရိပေးမယ် ဘာမှမရှိတဲ့သူဆီက ရှိတာဒေအကူ ယူလိုက်မယ်။ 27အခုချက်ချင်း ငါ့ဝို ဘုရင်အဖြစ် မလိုလားအပ်တဲ့သူဒေဝို ငါ့ရှေ့ဝို ခေါ်လာခဲ့ ကေ့။ ငါ့အရှေ့မှာဘဲ့ သူနို့ဝို သတ်လိုက်" လို့အမိန့်ပေးလိုက်ရယ်။ 28ကိုယ်တော်က ဟောပြောရိ ပြီးတဲ့အခါ ယေရုရှလင်ဆီ ကြွတော်မူရယ်။ 29သံလွင်တောင်အနီး ဗက်ဖာဂေန ဗေသနိဗြို့ဆီ ရွတ်တဲ့အခါ ရှေ့ပြေးအဖြစ် တပည့်တော်နှယွတ်ဝို ကြိုတင်စေလွှတ်လိုက်ရယ်။ 30ကိုယ်တော်က သူနို့ဝို " ရှေ့က ဝွါဝို သွားလိုက်ပါ။ အဲဒီမှာ တခါမှ မစီးရသေးတဲ့ မြည်းတကွန်ဝို တွေ့ရလိမ့်မယ်။ ကြိုးဖြုတ်ဘီး အဲမြည်းဝို ယူခဲ့ပါ။ 31တယွတ်ယွတ်က မေးရင် ကိုယ်တော်က လိုအပ်လို့ ယူသွားရယ် လို့ပြောခဲ့ပါ။ " လို့မှာကြားလိုက်ရယ်။ 32တပည့်တော်ဒေက အဲအတိုင်း ဆွန်ဝွက်လေရယ်။ 33သူနို့က မြည်းဝို ကြိုးဖြုတ်နေခီမှာ ပိုင်ရှင်က " ဒါဘာလုပ်သလဲ" လို့မေးရယ်။ 34သူနို့က "ကိုယ်တော်လိုအပ်နေရယ်" လို့ရှင်းပြလိုက်ရယ်။ 35သူနို့ မြည်းဝို ကိုယ်တော်ဆီ ယူဆွန်လာခဲ့ရယ်။ မြည်းရဲ့ ကျောကုန်းပေါ်မှာ အဝတ်ခန်းပေးဘီး ကိုယ်တော်ဝို မြည်းပေါ်တင်ပေးလိုက်ရယ်။ 36အဲမြည်းငယ်ကို စီဘီး ယေရုရှလင်ဆီ သွားရာလမ်းမှာ လူထုပရိသတ်ဒေ များစွာဒေက ကိုယ်တော်ရှေ့မှာ အဝတ်ဒေ ခင်းထားပေးကေရယ်။ 37ကိုယ်တော်ယေရှု သံလွင်တောင်ပေါမှ အဆင်းမှာ ပရိသတ်ကီးက ပျော်ရွှင်စွာန ဖရားရှင်ရဲ့ ဂုဏ်တော်ဝို ချီးမွမ်းကေရယ်။ ဟဲကျော့ဆိုတဲ့ အံ့ဩဖွယ်ရာ အလုံးစုံဝို ဗျင်လိုက်ရတဲ့ကျော့ ဖြစ်ရယ်။ 38"ဖရားရှင်ရဲ့ ဘွဲ့နော်မယ်တော်န ကြွရွတ်လာတဲ့ ဘုရင်က မင်္ဂလာရှိပါရယ်။ နိဗ္ဗာန်ရွှေဗြို့တော်မှာ ငြိမ်းချမ်းပါစေ။ ဖရားရှင်ရဲ့ ဘုန်းတန်ခိုးတော် ထွန်းလင်းပါစေ။ " လို့ အော်ဟစ်ကြွေးကြော်ကေလေရယ်။ 39လူအုပ်ထဲက ဖာရိရှဲအချို့က ကိုယ်တော့်ဝို " အရှင် လူအုပ်ဒေ အော်ဟစ်နေတာဒေဝို ရပ်စေတော်မူပါ" လို့ပြောလိုက်လေရယ်။ 40ကိုယ်တော်က " သူနို့ဒေရဲ့ ကြွေးကြော်သံဒေဝို ရပ်စေလိုက်ရင် အဲကလာ့(လ်)တုံးဒေက ကြွေးကြော်ကေလိမ့်မယ်" လို့ ပြောလိုက်ရယ်။ 41ယေရုရှလင်ဗြို့ဝို ဗျင်ရတဲ့အခါ ကိုယ်တော်က မျက်ရည် ကလာ့(လ်)တော်မူရယ်။"ဟဲအရာက ငြိမ်းချမ်းရေးဝို ယူဆွန်လာတယ်ဆိုတာ နန်နို့မသိကေခြင်းက အရမ်းဆိုးဝါးလွန်းရယ်။ 42အခုခီမှာ အဲအရာဝို နန်နို့မသိအွန် ဖုံးဖွက်(ဖ်)ထားသေးရယ်။ 43ယေရုရှလင် နန့်ရဲ့ ရန်သူဒေက နန့်ဝို တိုက်ခိုက်ဝို့အသွက် ဗြို့ရိုးပတ်လည်မှာ ဝိုင်းရံထားကေ့မယ့်ခီ ကြုံလာရလိမ့်မယ်။ ရန်သူတပ်ဒေက နန်နို့ဝို နေရာအနှံ့ ဝိုင်းရံထားကေလေမယ်။ 44နန့်ဝို မြေဂီးမှာ ပြားပြားမှော့စေရင် နန့်ဗြို့သားဒေဝို ဖျက်စီးသုတ်သင် ခံရလိမ့်မယ်။ ဗြို့အဆော့ဦးရှိ ကလာ့(လ်)တုံးဒေကလည်း တတုံးပေါ် တတုံး ဆင့်စေဘီး ကျန်ခဲ့လိမ့်မယ်မဟုတ်။ ဟဲကျော့ဆိုတဲ့ ဖရားရှင်က နန့်နိုဝိုလာဘီး ကယ်တင်တာဝို မတွေ့ဗျင်ကေ့တဲ့ကျော့ဖြစ်ရယ်။ " လို့မိန့်တော်မူခဲ့လေရယ်။ 45ကိုယ်တော် ယေရှု ဗိမာန်တော် ကလွန်းထဲဆီ ဝမ်ရွတ်သွားတဲ့အခါ ဗိမာန်တော်အဝင်းတွင်း ဈေးရောင်းနေကေတဲ့ ဈေးသည်ဒေဝို မောင်းထုပစ်လေရယ်။ 46ကိုယ်တော်က " ကျမ်းစာမှာ ငါရဲ့အီတော်က လူဒေ ကိုးကွယ်ဝတ်ပြုနေတဲ့ နေရာဖြစ်ရမယ်။ အပေမယ့် ဗိမာန်တော်က သူခိုး ဓမြဒေ ပုန်းခိုတဲ့နေရာဖြစ်နေရယ်" လို့ ပြောလိုက်လေရယ်။ 47ကိုယ်တော်က ရက်ကြာကြာနေတဲ့ခါ တရားတော်ဒေ ဟောကြားခဲ့ရယ်။ ဟဲကျော့ ပရောဟိတ်ဒေ၊ မောရှေကျမ်းတတ်ဆရာဒေန အခြားအရေးပါ အရာရွတ်သူ ယုဒခွန်းဆွန်ဒေက ကိုယ်တော်ဝို သတ်ပစ်ဝို့ ကြိုးပမ်းနေခဲ့ကေရယ်။ 48လူဒေက ကိုယ်တော်ယေရှုရဲ့ တရာားတော်ဒေဝို နာကြားဝို့ ဆန္ဒပြင်းပြနေကေတဲ့ကျော့ ကိုယ်တော်ဝို လုပ်ကြံသတ်ဖြတ်ဝို့ နည်ူလမ်းဒေ ကြံစည်ဘီး မရနိုင်ဖြစ်နေရယ်။

လက်ရှိရွေးချယ်ထားမှု

Luke 19: ttpv-rv

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ