YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ နိ​ဒါန်း

နိ​ဒါန်း
ရှင်​မ​ဿဲ​ပြု​စု​သည့်​သ​တင်း​ကောင်း​တွင်​ဓမ္မ ဟောင်း​ကျမ်း​အ​ရ​ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​နှင့်​အ​ညီ​ကြွ​လာ​မည့်​ကယ်​တင်​ရှင်​မှာ သ​ခင်​ယေ​ရှု​ပင်​ဖြစ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း ကို​ကြေ​ညာ​ပေ​သည်။ ယင်း​သို့​ကြေ​ညာ​ရာ​တွင်​သ​ခင် ယေ​ရှု​မွေး​ဖွား​သန့်​စင်​သက်​ရှင်​လှုပ်​ရှား​ရာ​နိုင်​ငံ​မှ ယု​ဒ​အ​မျိုး​သား​တို့​သာ​မ​က​ကမ္ဘာ​သား​အ​ပေါင်း တို့​အား​လည်း​ကြေ​ညာ​ခြင်း​ဖြစ်​၏။
ရှင်​မ​ဿဲ​သည်​ဤ​ကျမ်း​ကို​စ​နစ်​တ​ကျ​ရေး​သား ပြု​စု​ထား​ပေ​သည်။ ဤ​ကျမ်း​တွင်​သ​ခင်​ယေ​ရှု​ဖွား မြင်​တော်​မူ​ခြင်း​အ​ကြောင်း​ဖြင့်​အ​စ​ပျိုး​၍ ဗတ္တိ​ဇံ မင်္ဂလာ​ခံ​တော်​မူ​ပုံ​နှင့်​ကိုယ်​တော်​အား​စာ​တန်​စုံ စမ်း​သွေး​ဆောင်​ပုံ၊ ဂါ​လိ​လဲ​ပြည်​တွင်​အ​မှု​တော် ဆောင်​ပုံ၊ တ​ရား​ဓမ္မ​ဟော​ပြော​သွန်​သင်​ပုံ​နှင့်​လူ မ​မာ​များ​အား ကျန်း​မာ​စေ​တော်​မူ​ပုံ​ကို​မှတ် တမ်း​တင်​ထား​သည်။ ထို​နောက်​ဂါ​လိ​လဲ​ပြည် မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ကြွ​တော်​မူ​ခြင်း​အ​ကြောင်း ကို​လည်း​ကောင်း၊ နောက်​ဆုံး​ရက်​သတ္တ​ပတ်​၌ လက် ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ​တော်​မူ​ခြင်း​နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း​မှတ်​တမ်း​တင် ထား​၏။
သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား တော်​အ​နက်​အ​ဓိပ္ပါယ်​ကို​ဖွင့်​ပြ​ပိုင်​သော​အ​ရှင် နှင့်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​သွန်​သင်​ပိုင်​သော​အ​ရှင်​ဖြစ်​ကြောင်း​ဤ ကျမ်း​တွင်​တင်​ပြ​ထား​၏။ ကိုယ်​တော်​၏​တ​ရား ဒေ​သ​နာ​တော်​တို့​ကို​အ​ပိုင်း​ကဏ္ဍ (၅) ခု​အောက် တွင်​စု​စည်း​ထား​သည်။ ယင်း​တို့​မှာ (၁) ကောင်း​ကင် နိုင်​ငံ​တော်​သား​တို့​၏​အ​ရည်​အ​သွေး၊ တာ​ဝန် ဝတ္တ​ရား၊ အ​ခွင့်​အ​ရေး​နှင့်​ကံ​ကြမ္မာ​တို့​ကို​ဖော်​ပြ သည့်​တောင်​ပေါ်​ဒေ​သ​နာ​တော် (အ​ခန်း ၅-၇) (၂) တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အ​မှု​တော် ဆောင်​ရန်​အ​တွက်​ညွှန်​ကြား​ချက်​များ(အ​ခန်း ၁၀) (၃) ကောင်း​ကင်​နိုင်​ငံ​တော်​အ​ကြောင်း​ပုံ​ဥပ​မာ​များ (အ​ခန်း ၁၃) (၄) တ​ပည့်​တော်​ဖြစ်​ခြင်း​၏​အ​နက် အ​ဓိပ္ပါယ် (အ​ခန်း ၁၈) (၅) ယ​ခု​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် အ​ကြောင်း​နှင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​မည့် အ​ကြောင်း​သွန်​သင်​ချက် (အ​ခန်း ၂၄-၂၅) တို့​ဖြစ်​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ခြင်း​နှင့် ဆွေ​တော်​စဉ်​မျိုး​တော်​ဆက် ၁:၁-၂:၂၃
ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​အ​မှု​တော်​ဆောင်​ခြင်း ၃:၁-၁၂
သ​ခင်​ယေ​ရှု​ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ခြင်း​နှင့်​စာ​တန် စုံ​စမ်း​သွေး​ဆောင်​ခြင်း ၃:၁၃-၄:၁၁
ဂါ​လိ​လဲ​ပြည်​တွင်​သ​ခင်​ယေ​ရှု အ​မှု​တော်​ဆောင်​ခြင်း ၄:၁၂-၁၈:၃၅
ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့ ၁၉:၁-၂၀:၃၄
ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​နီး​အ​နား​တွင် နောက်​ဆုံး​ရက်​သတ္တ​ပတ် ၂၁:၁-၂၇:၆၆
သ​ခင်​ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ခြင်း​နှင့်​ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း ၂၈:၁-၂၀

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲ နိ​ဒါန်း: MCLZV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။