ရော​မ​ဩ​ဝါ​ဒ​စာ 7
MSB
7
ပ​ညတ်​တ​ရား​မှ​လွတ်​မြောက်​ခွင့်​ရ​ခြင်း
1ညီ​အစ်​ကို​တို့၊ ပ​ညတ်​တ​ရား​ကို​သိ​ထား​သော​သူ​တို့​အား ငါ​ဆို​သည်​ကား ပ​ညတ်​တ​ရား​သည် လူ​တစ်​ဦး​ကို ထို​သူ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​၌​သာ ချုပ်​ကိုင်​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။2ဥ​ပ​မာ​ဆို​သော် ကာ​မ​ပိုင်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ပ​ညတ်​တ​ရား​အ​ရ အ​သက်​ရှင်​နေ​သော​ခင်​ပွန်း​နှင့်​အ​နှောင်​အ​ဖွဲ့​ရှိ​၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား ခင်​ပွန်း​နှင့်​ပတ်​သက်​သော​ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​၏။#၁ကော ၇:၃၉။3သို့​ဖြစ်​၍ ခင်​ပွန်း​အ​သက်​ရှင်​နေ​စဉ် အ​ခြား​သော​ယောက်ျား​နှင့်​ပေါင်း​လျှင် ဖောက်​ပြန်​သော​မိန်း​မ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။ ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား ထို​ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​သည်​ဖြစ်​၍ အ​ခြား​သော​ယောက်ျား​နှင့်​ပေါင်း​သော်​လည်း ဖောက်​ပြန်​သော​မိန်း​မ​မ​ဟုတ်​ပေ။
4ထို​နည်း​တူ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ပ​ညတ်​တ​ရား​အ​ရာ​၌ သေ​ဆုံး​ခဲ့​ကြ​ပြီ။ ဤ​သည်​ကား သင်​တို့​သည် အ​ခြား​သူ​တည်း​ဟူ​သော သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​အ​ရှင်​နှင့် သက်​ဆိုင်​သော​သူ​များ​ဖြစ်​လာ​ကြ​ပြီး ဘု​ရား​သ​ခင်​အ​တွက် အ​သီး​များ​ဖြစ်​ထွန်း​စေ​ရန်​ဖြစ်​၏။5အ​ကြောင်း​မူ​ကား ငါ​တို့​သည် သွေး​သား​ဇာ​တိ​၌​တည်​လျက်​ရှိ​စဉ်​က ပ​ညတ်​တ​ရား​ကြောင့်​ဖြစ်​ပေါ်​လာ​သည့် ပြင်း​ပြ​သော​အ​ပြစ်​ပြု​လို​စိတ်​သည် ငါ​တို့​၏​ကိုယ်အင်္ဂါ​များ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သ​ဖြင့် သေ​ခြင်း​အ​တွက် အ​သီး​များ​ဖြစ်​ထွန်း​စေ​၏။6သို့​သော် ယ​ခု​အ​ခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်​နှောင်​ထား​သော​ပ​ညတ်​တ​ရား​အ​ရာ​၌ သေ​ဆုံး​ခဲ့​ပြီး ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်​၍ အက္ခ​ရာ​တင်​ထား​သော​တ​ရား​၏​နည်း​လမ်း​ဟောင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​၏​နည်း​လမ်း​သစ်​အား​ဖြင့် အ​စေ​ခံ​လျက်​ရှိ​ကြ​၏။
ပ​ညတ်​တ​ရား​နှင့်​အ​ပြစ်
7သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည် အ​ပြစ်​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ သို့​သော် ပ​ညတ်​တ​ရား​အား​ဖြင့်​မ​ဟုတ်​လျှင် အ​ပြစ်​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် “တပ်​မက်​သော​စိတ်​မ​ရှိ​ရ”​#(ထွ ၂၀:၁၇၊ တ​ရား ၅:၂၁)ဟု ပ​ညတ်​တ​ရား​က မ​ဆို​ထား​လျှင် တပ်​မက်​ခြင်း​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။8သို့​သော် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​ခွင့်​ရ​ကာ ငါ​၌ တပ်​မက်​ခြင်း​မျိုး​စုံ​ကို ဖြစ်​ပေါ်​စေ​၏။ တစ်​နည်း​ဆို​သော် ပ​ညတ်​တ​ရား​မ​ရှိ​လျှင် အ​ပြစ်​သည် အ​သေ​ဖြစ်​၏။#ရော ၃:၂၀၊ ၄:၁၅၊ ၅:၁၃။9ငါ​သည် တစ်​ချိန်​က ပ​ညတ်​တ​ရား​မ​ပါ​ဘဲ အ​သက်​ရှင်​ခဲ့​၏။ သို့​သော် ပ​ညတ်​တော်​ရောက်​လာ​သော​အ​ခါ အ​ပြစ်​သည် ပြန်​လည်​ရှင်​သန်​လာ​ပြီး ငါ​မူ​ကား သေ​ဆုံး​ခဲ့​သ​ဖြင့်10အ​သက်​ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပ​ညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။11အ​ကြောင်း​မူ​ကား အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​ခွင့်​ရ​ကာ ငါ့​ကို​လှည့်​ဖြား​၍ ထို​ပ​ညတ်​တော်​အား​ဖြင့် ငါ့​ကို​သတ်​လေ​၏။12ထို့​ကြောင့် ပ​ညတ်​တ​ရား​သည် သန့်​ရှင်း​၏။ ပ​ညတ်​တော်​သည်​လည်း သန့်​ရှင်း​ဖြောင့်​မတ်​၍ ကောင်း​မြတ်​၏။#ရော ၇:၁၆၊ ၁တိ ၁:၈။
13သို့​ဖြစ်​လျှင် ဤ​ကောင်း​မြတ်​သော​အ​ရာ​သည် ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သော​အ​ရာ​မှာ အ​ပြစ်​ပင်​ဖြစ်​၍ အ​ပြစ်​သည် အ​ပြစ်​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ဤ​ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။ ဤ​သို့​ဖြင့် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​တိုင်း​ထက်​အ​လွန် အ​ပြစ်​များ​သော​အ​ရာ​ဖြစ်​လာ​၏။
14ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​ဖြစ်​ပြီး အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ရောင်း​စား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။15ငါ​သည် မိ​မိ​ပြု​နေ​သည့်​အ​မှု​ကို​ပင် ကိုယ်​တိုင်​နား​မ​လည်​ပေ။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် ကိုယ်​ပြု​လို​သော​အ​ရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အ​ရာ​ကို ပြု​နေ​၏။#ဂ​လ ၅:၁၇။16ထို​သို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ပြု​နေ​သည်​ဆို​လျှင် ပ​ညတ်​တ​ရား​ကောင်း​မြတ်​ကြောင်း​ကို ဝန်​ခံ​ခြင်း​ဖြစ်​၏။#ရော ၇:၁၂၊ ၁တိ ၁:၈။17သို့​ဖြစ်​လျှင် ထို​အ​ရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော အ​ပြစ်​ပင်​ဖြစ်​၏။18ငါ့​အ​ထဲ​၌ တစ်​နည်း​အား​ဖြင့် ငါ​၏​သွေး​သား​ဇာ​တိ​ထဲ​၌ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ကိန်း​အောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်​လည်း ၎င်း​ကို ပြု​နိုင်​စွမ်း​မ​ရှိ။#အ​ချို့​မူ​ရင်း​ကျမ်း​၌ “၎င်း​အား​ပြု​နိုင်​သော​အ​ခွင့်​ကို ရှာ​၍​မ​တွေ့​ချေ”19အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အ​မှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မ​ကောင်း​သော​အ​မှု​ကို ပြု​နေ​၏။20သို့​သော် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ငါ​ပြု​နေ​သည်​ဆို​လျှင် ၎င်း​ကို ငါ​ကိုယ်​တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော​အ​ပြစ်​က ပြု​ခြင်း​ဖြစ်​၏။
21သို့​ဖြစ်​၍ ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ငါ​၌ မ​ကောင်း​သော​အ​မှု​ရှိ​နေ​သည်​ဟူ​သော​သ​ဘော​တ​ရား​ကို ငါ​တွေ့​၏။22တစ်​နည်း​ဆို​သော် ငါ​သည် အ​တွင်း​ဝိ​ညာဉ်​လူ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​၌ နှစ်​သက်​ဝမ်း​မြောက်​လျက်​ရှိ​သော်​လည်း23ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အ​ခြား​သော​တ​ရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်​နှ​လုံး​၏​တ​ရား​နှင့် တိုက်​ခိုက်​လျက်​နေ​သ​ဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​အား​ဖြင့် ငါ့​ကို​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​သည်​ကို ငါ​မြင်​၏။24ငါ​သည် အ​လွန်​စိတ်​ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်​သူ​သည် သေ​ခြင်း​နှင့်​ဆိုင်​သော ဤ​ကိုယ်​ခန္ဓာ​မှ ငါ့​ကို ကယ်​နုတ်​မည်​နည်း။#ရော ၈:၂၃။25သို့​သော် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။ ဤ​သို့​ဖြင့် ငါ​သည် မိ​မိ​စိတ်​နှ​လုံး​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို အ​စေ​ခံ​လျက်​ရှိ​သော်​လည်း သွေး​သား​ဇာ​တိ​အား​ဖြင့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​ကို အ​စေ​ခံ​လျက်​ရှိ​၏။