Mark 9

9
1ဆစ်လက်ပီး ကိုယ်တော်ဟ "မင်းဒို့ဝိုငါမှန်ပြောရမယ်ဆိုဝါ လူချို့ဟဘုရားရှင်ရဲ့ ဘုန်းဂိုးတော်ပေါနပလဲ့စုံဝို သာသနာတော်ထွန်းကားဇာဝိုဗျင်လိုက်ရဘဲန သေဆုံးကေ့မှာမုသေးရ" ဆိုပီးမိတော်မူခဲ့လေရယ်။ 2ခြော့ရစ်ကြာပီးနော့မှာ ပေတရု၊ယာကုပ်၊ယောဟန်ဒို့ဝိုခေါ်ပီး ကိုယ်တော်ဟ တော်ပေါ်တနေရာဝို ကြွရော့တော်မူလေရယ်။ သူ့နို့ရှေ့မှာ ကိုယ်တော်၏ဆင်းသဏ္ဌန်ဟ ပလောလဲသွားလေရယ်။ 3သူ့ဝတ်ရုံဟ လွန်ဖြူဖွေးတော့ပြော်လာရယ်။ ဤကမ္ဘာပေါ်မှာ အဲမျိုးဖြူဖွေးတော့ပြော်ဝိုရော်ဆင်းရအော် ဟယ်သူမှလုပ်နိုင်မှာမုဝ 4အဲခီမှာ သူ့နို့ရှေ့မှာ ရှေးဒူးဟ ပညာရှေ့ပရောဖတ်များဖြစ်ဝို မောရှေ၊ ဧလိယဒို့ပေါ်လာပီး ကိုယ်တော်နတူဂါးပြောနေကေ့ရယ်။ 5အဲခါပေတရုဟ ကိုယ်တော်ဝို "ရှင်ဘုရား အယ်နေရာဟ ရားသာယာပါရယ်။ ကိုယ်‌တော်တွက် ဇရပ်တဆော်၊ မောရှေတွက်ဇရပ်တဆော်န ဧလိယတွက်ဇရပ်တဆော် ကျော်ဒို့ဆော့လုပ်ပေးပါမယ်" ဆိုပီးလျှော့ထားလေရယ်။ 6အယ်ဘေမဲ့ ပေတရုန ခြားဗြိတော်ဒွေဟ ရားဒိုင်းကြော့ရွံ့ပီး ပေတရုမှာ သူဟဲဇာပြောလိုက်မိမှန်းသိဟန်း။ 7အဲခီမှာ တီတိုက်ကီးတခုပေါ်လာပီး သူ့နို့ပေါ်အုပ်မိုးထားလေရယ်။ တီတိုက်ကီးထဲမှ "ဤသူဟ ငါ၏သားတော်ဖြစ်ရယ်။ သူ့ဝိုငါချစ်မြတ်နိုးတော်မူရယ်။ သူ၏ဂါးဝိုနာခံကေ့" ဆိုပီး ဘုရားရှင်၏သံတော်ထွက်ပေါ်လာလေရယ်။ 8ဗြိတော်ဒွေဟ အဲမိုသံတော်ဝိုကြားရန ချင့်ချင်းကေ့လိုက်ခါမှာ ကိုယ်တော်ပါးတည်းဝိုသာ တွီ့ဗျင်ရလေရယ်။ 9အဲနော့ကိုယ်တော်ဟ တော်ပေါ်မှ ပလန်ဆင်းလာခဲ့လေရယ်။ ဗြိတော်ဒွေကြုံတွီ့ခဲ့ရဇာဝို ခြားသူဒေါဝိုဖွမ့်မပြောဝို့န မိမိဟ သေခြင်းမှရှင်ပြန်ထမြော့ဇာဝိုလော လူဒွေဝိုပြောပြနိုင်ကြော ကိုယ်တော်ဟမှာကြားလေရယ်။ 10အဲဂျော့ဗြိတော်ဒွေဟလဲ အဲဖြစ်ပျစ်ဒွေဝို ဟယ်သူဝိုမှပြောပြကေ့ရ။ ဗြိတော်ဒွေဟ သေခြင်းမှရှင်ပြန်ထမြော့ဇာဝို တအံ့တဩနဆွေးနွေးနေကေ့လေရယ်။ 11ဗြိတော်ဒွေဟ "ဧလိယဟ မေရှိယထက်စောပီးကြွလာမယ်ဆိုပီး ကျမ်းပြုဆရာဒွေဟ ဟဲဂျော့ဖော်ပြထားပါနူး" ဆိုပီး ကိုယ်တော်ဝိုမေးလျှော့ကေ့လေရယ်။ 12ကိုယ်တော်ဟ "ရာခပ်သိမ်းဒို့ဝို သင့်ဖြစ်စေဝို့ ဦးစွာပထမ "ဧလိယ" ကြွလာမယ်ဆိုဇာမှန်ရယ်။ "လူ့သားတော်ဟ များစွာသော ဒုက္ခဆင်းရဲဝို ခံစားရမယ်၊ ပစ်ပယ်ခြင်းဝိုလဲခံစားရမယ်ဆိုပီး ဟဲဂျော့ဖော်ပြထားနူး။" 13အယ်ဘေမဲ့ ဧလိယဟ ကြွလာခဲ့ပီးပီ။ ကျမ်းစာမှာဖော်ပြထားတိုင်း များသူငါဒို့ဟလဲ သူ့ဝိုစိကြိုက်လိုရာပြုခဲ့ပီးပီ" ဆိုပီး ကိုယ်တော်ဟ မိတော်မူလေရယ်။ 14ကိုယ်တော်နဗြိတော်ဒွေ တော်ပေါ်ဝိုပလန်ရော့ခါမှာ ခြားဗြိတော်ဒွေဝို ကျမ်းတတ်ဆရာဒွေနငြင်းခုန်နေဇာဝို လူအုပ်ကီးများဝိုင်းအုံလျက်ဗျင်တွီ့လိုက်ရ၏။ 15ကိုယ်တော်ဝို လူဒွေတွီ့ဗျင်လိုက်နချင့်ချင်းပလေးလာကေ့ပီး ခရီးဦးကြိုပြုကေ့လေရယ်။ 16ကိုယ်တော်ဟ ဗြိတော်ဒို့ဝို "မင်း သူ့နို့န ဟဲရာဒွေငြင်းခုံနေကေ့နူး" ဆိုပီးမေးတော်မူလေရယ်။ 17အဲမိုပရိသတ်ဒွေထဲရလူတယော့ဟ "ကျော်ရဲ့သားဝို ကောဆိုးဝါးပူးကပ်နေရိအရှင့်ဆီခေါ်လာခြင်းဖြစ်ရယ်။ 18အယ်ကောဆိုးဝါးဟ သားငယ်ဝိုဖမ်းစားထားပီး မြေကီးပေါ်ပစ်လှဲချတတ်ပါရယ်။ သူ့ရဲ့ဇက်ပေါ့ထဲဟ မြုပ်ဒွေထွက်ပီး သွားဒွေလဲကြိတတ်ပါရယ်၊ ကိုယ်ခန္ဓာဒွေလဲမာတော့လာတတ်ပါရယ်။ ကိုယ်တော်ရဲ့ဗြိတော်ဒွေဝို ကောဆိုးဝါးမောထုပေးဝို့ တောပန်ပေမဲ့ သူ့နို့ဒွေကောဆိုးဝါးဝိုမောထုဝို့မရနိုင်ရ" ဆိုပီး ကိုယ်တော်ဝိုလျှော့တံလေရယ်။ 19ကိုယ်တော်ဟ ဗြိတော်ဒွေဝို "မင်းဒို့ဟ ယုံကြည်မှုမှေ့ဘဲဝိုလူဒွေဘဲ့။ မင်းဒို့နငါဟယ်ခီထိနေရာဦးမယ်နူး။ အဲမိုကလေးဝို ကိုယ်တော်နားဝိုခေါ်လာခဲ့" ဆိုပီး မိတော်မူလေရယ်။ 20အဲဂျော့ အဲလူငယ်ဝို ခေါ်ဆော်လာရာ ကောဆိုးဝါးဟ ကိုယ်တော်ဝိုဗျင်လိုက်န အဲမိုကလေးဝိုမြေကီးပေါ်ဝိုလှဲခလပစ်လေရယ်။ သူ၏ဂိုလုံးတူခါနေပီး ဇက်ပေါ့ထဲရ မြှုပ်ဒွေထွက်လာကာ မြေကီးပေါ်မှာလူးလိနေရယ်။ 21ကိုယ်တော်ဟ လူငယ်၏ဖဝို "ကောဆိုးဝါးပူးကပ်နေဇာ ဟယ်လော့ကြာပီနူး" ဆိုပီး မေးရာ "ကလေးဘွတည်းဟဖြစ်ရယ်၊ 22ကောဆိုးဝါးဟ သားငယ်ဝိုမီးထဲ၊ရေထဲဝိုပစ်ခလပီးသတ်ဝို့ ကြီကြီကြိုးစားခဲ့ပါရယ်။ ဂယ်ရိ အရှင်တတ်နိုင်တော်မူမယ်ဆိုဝါ နားသောအားနကူညီပေးပါ" ဆိုပီးလူငယ်၏ဖဟ တောပန်လေရယ်။ 23ကိုယ်တော်ဟ "တတ်နိုင်ရယ်ဆိုပီး ဟဲဖြစ်ရိပြောနူး၊ ယုံကြည်ရင်ဟဲရာမဆိုဖြစ်နိုင်ရယ်" ဆိုပီးပြောပြလေရယ်။ 24အဲခီမှာ လူငယ်၏ဖဟ "ကျော်ယုံကြည်ပါပီ၊ အယ်ထက်ယုံကြည်အော် ပြုလုပ်ပေးပါ" ဆိုပီး ကိုယ်တော်ဝို ငိုပီးလျှော့ထားလေရယ်။ 25ထိုခီမှာ များစွာသောလူဒွေဟ အဲနေရာဝိုပလေးလွှားလာကေ့လေရယ်။ ကိုယ်တော်ဟ "ညစ်ပတ်ဝိုကောဆိုးဝါး၊ ကလေးဝိုဂါးမပြောနိုင်၊ နားမကြားနိုင်အော်လုပ်ထားရယ်၊ ခုချင့်ချင်းအယ်ကလေးဆီဟထွက်သွားပါ၊ ခုခီရစပီး နော့နော်လုံးဝ ပလန်မလာနော်ဝေါ့" ဆိုပီးမိထုလိုက်လေရယ်။ 26အဲခါကောဆိုးဝါးဟ အဲမိုလူငယ်ဝိုပြင်းပြင်းထန်ထန် တူခါစေပီးအော်ဟစ်ငိုကြွေးပီး ထွက်ခွာသွားလေရယ်။ ကောဆိုးဝါးထွက်သွားခါမှာ အဲကလေးဟ သေကော်မျိုး မလှုပ်မရှစ်ငြီသက်သွားလေရယ်။ လူဒွေဟ ကောင်လေးဆုံးသွားပီ ဆိုပီးပြောကေ့လေရယ်။ 27အယ်ဘေမဲ့ ကိုယ်တော်ဟ လူငယ်၏လက်ဝိုကိုင်ပီး မတ်တပ်ရပ်စေရယ်။ 28အဲမျိုးလုပ်ပီး ကိုယ်တော်နဗြိတော်ဒွေဟ အီဝိုပလန်လာလေရယ်။ အီမှာကိုယ်တော်နဗြိတော်ဒွေ သီးသန့်ရှေ့နေခီ ဗြိတော်ဒို့ဟ "ဟဲဖြစ်ရိ အယ်မကောဆိုးဝါးဝိုကျော်ဒို့မောထုရိမရနူး" ဆိုပီးမေးလေရယ်။ 29အဲခါကိုယ်တော်ဟ " ဘုရားမှာစာရှော်ဆုတောပီး အဲမျိုးကောဆိုးဝါးဒွေဝို နှံထုရိရရယ်" ဆိုပီး မိတော်မူလေရယ်။ 30ကိုယ်တော်နဗြိတော်ဒွေဟ အဲအရပ်ရနေထွက်ခွာပီး ဂါလိလဲပြည်ဝို ဖြတ်ကျော်ပီးသွားကေ့လေရယ်။ အဲမျိုးထွက်သွားဇာဝို ဟယ်သူမှသိဇေလိုရ။ 31ကိုယ်တော်ဟဗြိတော်ဒွေဝို "လူ့သားတော်ဝိုဖမ်းပီး ခြားသူဒွေလက်ထဲဝို အက်နှံကေ့လိမယ်။ ပီးနငါ့ဝိုသေသတ်‌ကေ့လိမယ်။ 32အယ်ဘေမဲ့ငါဟ သေပီးသုံးရစ်မြော့နေ့မှာ ရှင်ပြန်ထမြော့တော်မူလိမယ်" ဆိုပီး ပြောပြတော်မူခဲ့ဘေမဲ့ ဗြိတော်ဒွေဟ နားလည်ကေ့ရ။ သူ့နို့ဟ အဲကြောရာဝိုကိုယ်တော်ဝိုပလန်မေးရှင်ဘေမဲ့ မေးရဲကေ့ရ။ 33ကိုယ်တော်နဗြိတော်ဒွေဟ ကပေရနောင်ရှေ့အီဝိုသွားကေ့လေရယ်။ အီထဲဝိုရော့ပီးနော့မှာ ကိုယ်တော်ဟဗြိတော်ဒွေဝို "ဗြိတော်ဒို့လမ်းမှာဟဲရာဒွေဆွေးနွေးလာကေ့နူး" ဆိုပီးမေးမြန်းတော်မူလေရယ်။ 34ဗြိတော်ဒွေဟ လမ်းမှာ ဟယ်သူဟရေးပါဆုံးဖြစ်နူးဆိုဇာဝို ဂျင်းလာကေ့ဇာဖြစ်၍ ပလန်လည်ဖြေကြားခြင်းပြုဘဲန ဆိဆိနေကေ့လေရယ်။ 35အဲဂျော့ ကိုယ်တော်ဟ ဗြိတော်ဂူလုံးဝို သူ့နားဝိုခေါ်ပီး “နန်းနို့ထဲမှာ မြင့်မြတ်ဆုံးဖြစ်ရှင်ဝို ဟယ်လူမဆို လူဒွေဂူလုံးရဲ့ ငယ်ဆုံးမျိုးဖြစ်ရမယ်။ လူဒွေရဲ့ စေပါးတယော့မျိုး ပြုမူနေထိုင်ရမယ်” ဆိုပီး မိတော်မူလေရယ်။ 36အဲနော့ကိုယ်တော်ဟ လူအုပ်ထဲရကလေးငယ်တယော့ဝို ခေါ်ပီးပွေ့ခီတော်မူလေရယ်။ 37အဲနော့ "ငါ့နာမတော်နအယ်မိုသားငယ်ဝို လက်ခံဇာဟ ငါ့ဝိုလက်ခံဇာဘဲဖြစ်ရယ်။ ငါ့ဝိုကြိုဆိုလက်ခံသူဟလဲ ငါ့ဝိုစေလွှတ်တော်မူဒဲ့ဘုရားရှင်ဝိုကြိုဆိုလက်ခံဇာဘဲဖြစ်ရယ်၊ ငါ့ဝိုလက်မခံဘဲလူဒွေဟ ငါ့ဝိုစေလွှတ်တော်မူဝိုအဖဘုရားရှင်ဝိုလဲ လက်မခံသူသာဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 38ယောဟန်ဟ "ဆရာတော်၊ကိုယ်တော်ရဲ့နာမတော်ဝိုသုံးပီး ကောဆိုးဝါးဒွေဝို မောထုပစ်နေဝိုသူဝို ကျော်ဒို့တွီ့ခဲ့ပါရယ်။ အယ်ဘေမဲ့ အယ်လူဟ ကျော်ဒို့ဗြိတော်ဒွေထဲဟလူမုဝ။ ကျော်ဒို့ဟသူ့ဝို အယ်မျိုးမလုပ်ဝို့တားမြစ်ခဲ့ပါရယ်" ဆိုပီး ကိုယ်တော်ဝို လျှော့တံလေရယ်။ 39ကိုယ်တော်ဟ "သူ့ဝိုတားရရ၊အယ်မျိုးငါ့ရဲ့နာမတော်ဝိုသုံးပီး အံ့ဖွယ်လုပ်ရပ်မျိုးဝိုလုပ်နေသူဟ ငါ့မကောကြောဝိုပြောမှာမုရ။ 40ကိုယ်တော်ဝိုဆန့်ကျင်မပြောသူဟ ကိုယ်တော်ရဲ့ဘက်တော်သားဘဲ။ 41မေရှိယနာမတော်နမင်းဒို့ဝိုရေတခွက်တိုက်သူဝိုလဲ ဘုရားရှင်ဟ ကောကျိုးချမ်းသာပေးပါလိမယ်" ဆိုပီးရှင်းပြလေရယ်။ 42ကိုယ်တော်ဟ "ဟယ်သူမဆိုငါ့ဝိုယုံကြည်ဒဲ့သူ ဇုံတယော့ဝိုပြစ်မှားမိရင် အဲလူဝိုကြိုးနတုပ်၊ လည်ပန်းဝိုကလော့ဆုံနခယ်ပီး သမုဒ္ဒရာထဲဝိုပစ်ခလလိုက်ဇာဟ ပိုပီးသက်သာလိမယ်။ 43အဲဂျော့မင်းရဲ့လက်န ဒုစရိုက်ပြစ်ကျူးလွန်မိရင် အဲမျိုးကျူးလွန်ဝိုလက်ဝိုဖြတ်ပစ်လိုက်ဇာဟ ပိုကောသေးရယ်။ အဲမျိုးမုဘဲန လက်စုံနငရဲမီးထဲဝိုပစ်ခလခံရခြင်းထက် ကိုယ်လက်ပလဲ့ဇုံဘဲန လက်တဖက်တည်းန သက်ဆစ်ရှင်နေဇာဟ ပိုကောသေးရယ်။ 44အဲနေရာမှာ ပိုးလော့ကော်ဒွေလဲ အဲမိုငရဲသားဝိုမရပ်မနားစားပစ်‌ကေ့ပါလိမယ်၊ ရဲမီးဒွေလဲ ထာဝရတော့လော်နေပါလိမယ်။ 45မင်းရဲ့ခေထော့န ဒုစရိုက်ပြစ်ဝိုကျူးလွန်မိရင် အဲမျိုးကျူးလွန်ဝိုခေထော့ဝိုဖြတ်ပစ်လိုက်ပါ။ ခေထော့စုံနငရဲမီးထဲဝိုပစ်ခလခံရခြင်းထက် ကိုယ်လက်ပလဲ့ဇုံဘဲန သက်ဆစ်ရှစ်ခြင်းဟ ပိုပီးကောသေးရယ်။ 46အဲမိုငရဲမှာရှေ့ဝို ပိုးလော့ကော်ဒွေဟ ဟယ်တော့မှသေဆုံးကေ့ဘဲန အဲမိုငရဲသားဝိုထာဝရစားသုံးကေ့လိမယ်။ ငရဲမီးလဲမရပ်မနားထာဝရတော့လော်နေပါလိမယ်။ 47မင်းရဲ့မျစ်စိန ကောမှုဒုစရိုက်ပြစ်ဝိုဖြစ်စေခါမှာ အဲမိုမျစ်လုံးဝို ဖော့ထုပစ်လိုက်ပါ။ မျစ်စိဇုံနငရဲမီးထဲဝို ပစ်ခလခံရခြင်းထက် မျစ်စိတဖက်နနိဗ္ဗာန်ရွှေဗြို့တော်ဝို တက်လှမ်းရခြင်းဟ ပိုပီးကောသေးရယ်။ 48အဲမိုငရဲမှာပိုးလော့ကော်ဒွေဟ ဟယ်တော့မှသေဘဲန ငရဲသားဝိုထာဝရစားသုံးနေကေ့ပါလိမယ်။ 49ယဇ်ကော်ဝိုဆားနနယ်ပီးသန့်ဇင်မျိုး လူတိုင်းဒုက္ခဆင်းရဲခံရလိမယ်။ 50ဟန်းရှစ်ရာမှာ ရသာကောအော်ဆားခပ်ရရယ်။ ဆားမပါဘဲဝိုဟန်းဟ ရသာမှေ့မှာမုဝ။ မင်းဒို့လဲမိသဟာဖွဲ့ဇာဝို ဟန်းရှစ်ရာမှာမပါမဖြစ်ဝိုဆားမျိုးကျင့်သုံးပီး ယော့နယော့ သင့်သင့်မြတ်မြတ်နေကေ့ပါ" ဆိုပီးမိတော်မူလေရယ်။

अहिले सेलेक्ट गरिएको:

Mark 9: ttpv-rv

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्