15
1နော့နေ့မိုးလမ်းစောစောမှာ ဘာသာရေးဂိုဏ်းချုပ်ကီးဒွေ၊ လူမျိုးရေးခေါ်ဆော်ဒွေ၊ ကျမ်းတတ်ဆရာဒွေန ယုဒရားလွှတ်တော်ကော်စီဝမ်တို့ဟ တူတကွစုဝေးကေ့လေရယ်။ သူ့နို့ဟ ကိုယ်တော်ဝို ကြိုးနခယ်ပီး ဘုရင်ခံပိလတ်ဆီဝို ပို့ဆော်အပ်နှံလိုက်ကေ့ရယ်။ 2ပိလတ်ဟ ကိုယ်တော်ဝို " ခမ်ဗျားဟ ယုဒလူမျိုးဒွေရဲ့ဘုရင်ဆိုဇာ အယ်ဘဲ့လော" ဆိုပီး မေးလေရယ်။ အဲမိုခါ ကိုယ်တော်ဟ " အယ်ဘဲ့၊ မင်းပြောဒဲ့တိုင်းဘဲ့" ဆိုပီး မိတော်မူလေရယ်။ 3အဲနော့ ဘာသာရေးခေါ်ဆော်ဒွေဟ ကိုယ်တော်ယေရှုပေါ် မျိုးမျိုးစွဲချက်တံကေ့လေရယ်။ 4အဲခါဘုရင်ခံပိလတ်ဟ "ခမ်ဗျားပေါ် ဘာသာရေးဂိုဏ်းချုပ်ဒွေဟ စွဲဆိုချင့်မျိုးမျိုးနရားစွဲဆိုဝါးရယ်။ ခမ်ဗျားမှာ လျှောက်လဲချင့်တစုံတရာရှေ့လော" ဆိုပီး မေးရာ 5ကိုယ်တော်ဟ ပလန်ဖြေပဲန ဆိဆိနေလေရယ်။ အဲမိုဇာဝို ဘုရင်ခံပိလတ်ဟ အံ့ဩသွားလေရယ်။ 6ပိလတ်ဟ ပသခါပွဲတော်ခါကီးရစ်ကီးဒွေမှာ ပြည်သူဒွေတောဆိုဒဲ့ကျဥ်းသားများနက်ယော့ဝို လွှတ်ပေးလေ့ရှေ့ရယ်။ 7အဲခီမှာဗာရဗ္ဗဆိုပီး ခေါ်ဝိုကျဥ်းသားတယော့ရှေ့ရယ်။ သူဟရောမစိုးရဝို ဆန့်ကျင်ပုန်ကန်ခီမှာ လူသတ်မှုနဖမ်းခံထားသူဖြစ်ရယ်။ 8လူထုကီးဟ ဘုရင်ခံပိလတ်ဝို ထုံးစံတိုင်း ကျဥ်းသားတဦးဝိုလွှတ်ပေးမယ်ဆိုဝါ ဗာရဗ္ဗဝိုသာ လွတ်ပေးဝို့တောဆိုကေ့ရယ်။ 9အဲခါဘုရင်ခံပိလတ်ဟ " ယုဒဒေရဲ့ဘုရင်ဝို လွတ်ငြီးချမ်းသာခွမ့်ပေးရမလော။ ဆိုပီးလူထုဝို မေးလေရယ်။ 10ဘုရင်ခံပိလတ်ဟ ဘာသာရေးခေါ်ဆော်ဒွေဟ ကိုယ်တော်ဝိုမနာလိုဘဲရိ သူ့လက်ထဲဝို အပ်ရားဇာဝို သိရယ်။ 11အယ်ဘေမဲ့ ဘာသာရေးဂိုဏ်းချုပ်ကီးဒွေရဲ့လှုံ့ဆော်မှုန လူထုပရိသတ်ကီးဟ ပိလတ်မင်းဆီရနေ ကိုယ်တော်ယေရှုစား ဗာရဗ္ဗဝိုသာ လွှတ်ပေးဝို့ တောဆိုကေ့ရယ်။ 12အဲခါပိလတ်မင်းဟ " ဗာရဗ္ဗဝို လွှတ်ပေးရမယ်ဆိုဝါ ယုဒဒေရဲ့ဘုရင်ဝို ငါဟဲမျိုးလုပ်ရမယ်နူး" ဆိုပီး လူထုဝိုမေးလေရယ်။ 13အဲခါလူထုဟ "သူ့ဝို လက်ဝါးကပ်တိုင်မှာကပ်ပီး သတ်ပါ။" ဆိုပီး ကြွေးကြော်ကေ့လေရယ်။ 14အဲဂျော့ ပိလတ်မင်းဟ အဲလူဒွေဝို "အယ်လူဟ ဟဲရာပြစ်ဒွေကျူးလွန်ထားရိနူး" ဆိုပီး ပိလတ်ဟ မေးခီမှာ "သူ့ဝိုလက်ဝါးကပ်တိုင်မှာ တံပီးသတ်ပါ" ဆိုပီး ထပ်မံကျယ်လော်စွာ ဟစ်ကြွေးကေ့လေရယ်။ 15အဲကြော့ပိလတ်ဟ လူထုပရိသတ်ကျေနပ်စေဝို့တွက် ဗာရဗ္ဗဝိုသေဒဏ်ရနေလွှတ်ပေးပီး ကိုယ်တော်ယေရှုဝို ကလီဒဏ်နလက်ဝါးကပ်တိုင်ပေါ်တံဝို့ မိပေးလိုက်လေရယ်။ 16အဲနော့တပ်သားဒွေဟ ကိုယ်တော်ဝို ဘုရင်ခံ၏ တပ်စခန်းထဲဝို ခေါ်ဆော်သွားကေ့လေရယ်။ 17သူ့နို့ဟကိုယ်တော်ဝို တော်၀င်ဝတ်ရုံတခုဝို ဝတ်ဆင်ပေးကေ့ရယ်။ ဦးခေါ်တော်မှာ ဆူးခက်ဒွေနပြုလုပ်ထားဝို သရဖူခုဝို ဆောပေးကေ့လေရယ်။ 18အဲနော့ကိုယ်တော်ဝို သူ့နို့ဝ " ဟေ့ ယုဒဒွေရဲ့ဘုရင်ကီး" ဆိုပီးသရော်ကေ့လေရယ်။ 19အဲလူဒွေဟ ကိုယ်တော်ရဲ့ဦးခေါ်တော်ဝို ဒုတ်ဒွေန ဝိုင်းရိုက်ကေ့ရယ်။ ကိုယ်ပေါ်ဝိုထွီးရေဒွေန ထွီးကေ့ရယ်။ ဒူးထော့ပီးရှေ့ခိုးဟန်ပြုကေ့ရယ်။ 20ခရမ်းရော် ဝတ်ရုံဝိုခလွတ်လိုက်ပီး ကိုယ်တော်ရဲ့ မူလဝတ်စုံဝို ဝတ်ပေးကေ့ရယ်။ အဲနော့ လက်ဝါးကပ်တိုင်မှာ တံပီးသတ်ဝို့ခေါ်သွားကေ့ရယ်။ 21ကုရေနေဗြို့မှ ရှိမုန်(အာလေဇန္ဒြာန ရုဖုတို့ဖ) ဟ ယာခင်းခုဟနေ ပလန်လာဇာဝိုတွီ့ခါမှာ စစ်သားဒေဟ အဲလူဝို ကိုယ်တော်၏လက်ဝါးကပ်တိုင်ကီးဝို တင်းအဓမ္မ ထမ်းခိုင်းလေရယ်။ 22စစ်သားဒေဟ ကိုယ်တော်ဝို ဦးခေါင်းခွံဆိုပီး ခေါ်ဝို ဂေါလဂေါသရပ်ဝို ခေါ်သွားကေ့ရယ်။ 23တပ်သားဒွေဟ မုရန်ရစ်နဗျစ်ဝိုင်ပေါစပ်ပီး ကိုယ်တော်ဝိုတိုက်ခါမှာ ငြင်းပယ်တော်မူရယ်။ 24ကိုယ်တော်ဝိုတပ်သားဒွေဟ လက်ဝါးကပ်တိုင်ပေါ် တံလိုက်ကေ့ရယ်။ အဲနော့ ကိုယ်တော်၏ဝတ်ရုံဝိုမဲခလပီး ခွဲဝေပီးယူကေ့လေရယ်။ 25သူနို့ကိုယ်တော်ဝို လက်ဝါးကပ်တိုင်တံဝိုခီမှာ မိုးလန်းကိုးနာရီဖြစ်ရယ်။ 26ပီးနကိုယ်တော်၏ပြစ်မှုဒွေဝို ကမ္ပည်းရေးထိုးပီးလက်ဝါးကပ်တိုင်ပေါ်မှာ "ယုဒလူမျိုးတို့၏ဘုရင်" ဆိုပီး ရေးသားဖော်ပြထားသောဆိုင်းဘုတ်ဝိုခိဆွဲထားလေရယ်။ 27ရာဇဝတ်သားနှေ့ယော့ဝိုကိုယ်တော်၏လက်ဝဲဖက်မှာတယော့၊ လက်ယာဖက်မှာတယော့စီ လက်ဝါးကပ်တိုင်ပေါ် တံထားကေ့ရယ်။ 28(အဲမိုန " ရာဇဝတ်ကျူးလွန်သူဒေစာရင်းထဲမှာ ကိုယ်တော်လဲပါဝင်လေရယ်။" ဆိုပီး ရေးထားဝိုကျမ်းစာမှာ မှန်ကန်ပလဲ့စုံပါရယ်။) 29လမ်းသွားလမ်းလာဒေဟ ခေါတညိညိန " ဟေ့ ဗိမာန်တော်ကီးဝို ဖျစ်စီးပီး သုံးရစ်တွမ်း ပလန်ဆော့နိုင်ရယ်ဆိုပီးပြောဝိုလူ၊ 30ခု ကိုယ့်ကိုကိုယ်ကယ်ပီး လက်ဝါးကပ်တိုင်ပေါ်ရ ဆင်းလာပါလော" ဆိုပီး အော်ဟစ်လှော်ပြော်ကေ့လေရယ်။ 31ဘာသာရေးဂိုဏ်းချုပ်ဒွေန မောရှေကျမ်းတတ်ဆရာဒွေဟလဲ ကိုယ်တော်ယေရှုဝို လှော်ပြော်ကေ့လေရယ်။ သူ့နို့ချင်းချင်း ပြောနေဇာမှာ "သူဟခြားသူဒွေဝို ကယ်တံမယ်ဆိုပီး သူ့ကိုယ်သူကလလော ကယ်နိုင်ရမား။ 32ဣသရေလဒွေရဲ့ဘုရင် ရှင်မေရိယ လက်ဝါးကပ်တိုင်ပေါ်ရနေ ဆင်းလာလဲ၊ အဲမျိုးဆင်းလာဇာဝို တွီ့ရမှ မင်းဝိုနို့ယုံမယ်" ဆိုပီး သရော်ကေ့လေရယ်။ ကိုယ်တော်နတူ လက်ဝါးကပ်တိုင်ကပ်ခံထားရဝိုရာဇဝတ်သားနှေ့ယော့ဟလဲ ကိုယ်တော်ဝို လှော်ပြော်ကေ့လေရယ်။ 33နေမွန်းတည့်ခီ ညစ်နေရနေသုံးနာရီထိ မိုးကောကံတခွမ်လုံး မဲမှော်နေရယ်။ 34ညစ်နေသုံးနာရီခီမှာ ကိုယ်တော်ဟ " ဧလိ၊ ဧလိ လာမာရှာဗာရှသနိ "ဆိုပီး ကလယ်လော်စွာ ရွတ်ဆိုနေရယ်။ ဓိပ္ပာယ်မှာ (ဘုရားရှင်၊ ဘုရားရှင်သားတော်ဝို ဟဲဂျော့စွန့်ပစ်ရားနူး) ဆိုပီး ဖြစ်ရယ်။ 35အဲနေရာဝန်းကျင်မှာရှေ့နေဝို လူချို့ဟ ကိုယ်တော်ပြောနေဇာဝို နားလည်မှုလွဲပီး "ကေ့၊ကိုယ်တော်ဟ ဧလိယဝိုခေါ်နေရယ်" ဆိုပီးချင်းချင်းပြောနေကေ့ရယ်။ 36အဲခီမှာလူတယော့ဟ ပလေးလာပီး ရေမြုပ်ဖော့တုံးခုဝို ကစော်ရယ်မှာနှစ်လိုက်ပီး ဒုတ်ခုနခယ်ပီး ကိုယ်တော်၏ဇက်ပေါ့ဝိုတေ့ထိပေးထားလေရယ်။ သူဟ "ဧလိယလာပီး ယေရှုဝိုလွှတ်ပေးမလောဆိုဇာဝို စော့ကေ့ပါ" ဆိုပီးပြောလေရယ်။ 37အဲခီမှာ ကိုယ်တော်ဟ ကလယ်လော်သောသံန ကြွေးကြော်ပီးနော့ သက်စွန့်တော်မူလေရယ်။ 38အဲခါဗိမာန်တော်ဟ ကန့်လန့်ကာဟ ထက်စွန်းဟနေအော့စွန်းထိ နှေ့ခြမ်းကွဲသွားလေရယ်။ 39ကိုယ်တော်၏လက်ဝါးကပ်တိုင်ရှေ့မှာ ရပ်နေဝိုတပ်မှူးတဦးဟ ကိုယ်တော်နော့ဆုံးသက်စွန့်ဇာဝိုတွီ့ဗြင်လိုက်သူဖြစ်ရိ " အယ်လူဟ ဘုရားသားတော်ဆိုဇာမှန်ဘဲ" ဆိုပီးပြောလေရယ်။ 40မျိုးသမီးချို့ဟ ခပ်လှမ်းလှမ်းရနေစော့ကေ့နေရယ်။ အဲထဲမှာ မာဂလဝါသူ မာရိ၊ ယောသပ်န ယာကုပ်၏မိခင်နရှာလုံတို့ပါဝမ်လေရယ်။ 41သူ့နို့ဝ ကိုယ်တော်ဂါလိလဲမှာရှေ့နေခီမှာ ကိုယ်တော်၏နော့တော်ဝိုလိုက်ပီး ဝတ်ကီးဝတ်ငယ်ဖလဲ့ဆည်းပေးကေ့သူဒွေဖြစ်ရယ်။ အဲထဲမှာ ရှိမုန်လဲပါဝမ်လေရယ်။ 42အဲခီဟ ဖိနေ့ညစ်နေခင်းဖြစ်ရယ်။ ယုဒတို့ဟ ဥပုသ်နေ့တွက်ကြိုတံပြင်ဆင်နေကေ့ရယ်။ 43အရိမဿဲရပ်ဟ ယောသပ်ဆိုလူဟ ထူးလေးစားခံရဝိုရားလွှတ်တော်ဖွဲ့ဝမ်တဦးဖြစ်ရယ်။ သူဟဘုရားရှင်သာသနာတော်ထွန်းလန်းဝို့ခီဝို စော့မျှော်နေသူတဦးဖြစ်ရယ်။ 44အဲလူဟပိလတ်မင်းထံဝိုရဲစွန့်ပီး ကိုယ်တော်၏ရုပ်ကလာပ်တော်ဝို ဂြိုလ်ဝို့ခွမ့်တောလေရယ်။ ပိလတ်မန်းရကိုယ်တော်ကွယ်လွန်ကြောသိပီး ရားဒိုင်းအံ့ဩသွားပီး တပ်မှူးတယော့ဝိုခေါ်ပီးမေးလေရယ်။ 45အဲမိုတပ်မှူးဟ ကိုယ်တော်ကွယ်လွန်သွားဇာဝို စိစစ်တင်ပြဇာဝို ပိလတ်မင်းသိရခီမှာ ကိုယ်တော်၏ရုပ်ကလာပ်တော်ဝို ယောသပ်ဝို ဂြိုလ်ခွမ့်ပြုလေရယ်။ 46ယောသပ်ဟကိုယ်တော်၏ရုပ်ကလာပ်တော်ဝို လက်ဝါးကပ်တိုင်ပေါ်မှခလပီး ပိဖြူနရစ်ပတ်လိုက်လေရယ်။ ကလော့တော်ကြီးတခုဝိုထွမ်းထားဝိုသန်းခလိုင်းဂူထဲဝို ကိုယ်တော်၏ရုပ်ကလာပ်တော်ဝိုထည့်ပီး ကောမွန်စွာဂြိုလ်ပီးဂူပေါ့ဝဝို ကလော့တုံးကီးတုံးနပိထားလိုက်ရယ်။ 47အဲမိုမျိုးဂြိုလ်ဇာဝို မာဂဒလဝါသူ မာရိန ယောသပ်မိ မာရိဒို့တွီ့လေရယ်။