Mark 10

10
1ကိုယ်တော်ယေရှုဟ ဆစ်လက်ပီးခရီးဆစ်လာရာ ယုဒဒေသဝို ရော့သွားပီးနော့ ယောဒန်မြစ်ဖက်ကမ်းဝို ခရီးဆစ်လေရယ်။ တဖန် လူအုပ်ကီးဟ ကိုယ်တော်ဆီဝိုရော့ရှေ့လာရာ အဲလူဒွေဝိုလဲကိုယ်တော်ဟ ထုံးစံတိုင်းဆုံးမသွန်သန်လေရယ်။ 2ဖာရိရှဲဒွေဟ ကိုယ်တော်၏ပညာဝိုစုံစမ်းနှော့ရှစ်လိုကေ့ရယ်။ အဲဂျော့ "ကျမ်းစာအရ လန်ယော့ကျားဟ ဇနီးမယားဝို ကွာရှင်းရိရပါလော" ဆိုပီးမေးမြန်းကေ့လေရယ်။ 3ကိုယ်တော်ဟ သူ့နို့ဝို "မောရှေကျမ်းမှာ ဟဲမျိုးပညတ်ထားနူး" ဆိုပီးမေးလိုက်ရယ်။ 4အဲခါသူ့နို့ဟ "မောရှေကျမ်းမှာ ဖော်ပြထားဇာလော လန်ယောကျ်ားဟ သူ့မီးမဝိုကွာရှင်းစာပေးပီးဝွီးဝိုနှံထုရိရရယ်" ဆိုပီး ဖြေကြားလိုက်လေရယ်။ 5အဲခါကိုယ်တော်ဟ "မောရှေဟ ဟဲဖြစ်ရိအဲမျိုးရေးရနူးဆိုဇာဟလော မင်းဒို့ရဲ့ဘိုးဘေးဘီဘင်ဟစပီး မင်းဒို့နှလုံးသားဒွေ မာကျောခက်ထန်နေရိပဲဖြစ်ရယ်။ 6ကမ္ဘာဦးစတည်းဟ ဘုရားရှင်ဟ လူယော့ကျားနမီးမဝိုဖန်ဆင်းခဲ့ရယ်။ 7အဲဂျော့ယော့ကျားဟသူချစ်မြတ်နိုးဝို မီးမဝိုလက်ထပ်လိုက်ခါမှာ မိဖဝို စွန့်ခွာတတ်ကေ့ရယ်။ 8ယော့ကျားနမီးမဟ တူတကွပေါသင်းနေထိုင်ပီး သွေးတည်းသားတည်းဖြစ်သွားလိမယ်။ 9အဲဂျော့ဘုရားရှင်ဟ သူ့နို့နှေ့ဦးဝိုတူတကွပေါစပ်ထားရင် ဟယ်သူမှခွဲရိမရရ။ 10ဗြိတော်ဒွေအီထဲဝို ပလန်ရော့ခါမှာကိုယ်တော်ဝို အဲမိုကြောဝိုရှင်းပြဝို့တောပန်ကေ့လေရယ်။ 11အဲခါကိုယ်တော်ဟ "မိမိရဲ့ဇနီးဝိုကွာပီးခြားသူဝိုအီထော်ပြုဇာဟ မိမိဇနီးဝိုသစ္စာဖော့ဇာပဲ။ 12ဇနီးမယားဟလဲ အယ်မျိုးလားတူပဲ့ဖြစ်ရယ်။ 13ကိုယ်တော်ဆီဝိုလာရော့သူဒွေဟ သူ့နို့သားငယ်ရားဒွေဝိုခေါ်လာကေ့ရယ်။ ကိုယ်တော်ဟ ကလေးသူငယ်ဒွေဝို ကိုယ်ပေါ်ဝိုလက်တံပီး ဆုတောပေးလေရယ်။ အယ်ဘေမဲ့ဗြိဒွေဟ အဲမျိုးခေါ်လာဇာဝိုတားမြစ်လိုက်လေရယ်။ 14အဲမိုကြောဝို သိခီမှာ ကိုယ်တော်ဟ " ကလေးဒွေဝိုခွမ့်ပြုလိုက်ပါ၊ သူ့နို့ဝိုတားပါန၊ အယ်မိုကလေးဒွေမျိုးဖြူစင်သူဒွေဟ ဘုရားရှင်ရဲ့နိုင်ငံတော်နသူက်ဆိုင်သူဒွေဖြစ်ကေ့လိမယ်။ 15မင်းဒို့ဒွေဟ ကလေးဒွေမျိုးဖြူစင်ကေ့ဘဲနေဆိုဝါ ဘုရားရှင်ရဲ့နိုင်ငံတော်ဝို ဝမ်ရိရမှာမုဝ" ဆိုပီး ကိုယ်တော်ဟ ဒိပေးလေရယ်။ 16အဲနော့ကိုယ်တော်ဟ ကလေးငယ်ဒွေ၏ကိုယ်ပေါ်မှာ လက်တော်ဝိုတံပီး ကောချီးပေးလေရယ်။ 17ကိုယ်တော်ယေရှုလမ်းလျှော့လာခီ လမ်းမှာဌေးတယော့ဟ ကိုယ်တော်ဝိုဒူးထော့ရှေ့ခိုးပီးလျှော့ထားပုံမှာ "ကောမြတ်တော်မူဝို အရှင် နိစ္စထာဝရသက်ဝိုရလိုရင် ကျော်ဟဲရာဒွေလုပ်ရမယ်နူး" ဆိုပီးမေးလေရယ်။ 18အဲခါကိုယ်တော်ဟ " ငါ့ဝိုကောမြတ်တော်မူရယ်ဆိုပီး ဟဲဖြစ်ရိပြောနူး၊ ဘုရားရှင်ပါးတည်းသာကောမြတ်ပါရယ်။ 19ပညတ်တော်ဒွေဝို မင်းသိပါရယ်။ လူ့သက်ဝိုသတ်န၊ အီထော်ရေးမှာ သစ္စာဖော့န၊ ခိုးန၊ ခြားသူဒွေဝို လီပြောန၊ လှည့်စားန၊ မိနဖဝိုရိုသေရမယ်" ဆိုပီးရှင်းပြလေရယ်။ 20ဌေးဟ "အဲမိုဇာဒွေအားလုံးဝို ငယ်စဥ◌်တည်းဟ စော့ထီးလာပါရယ်" ဆိုပီးပလန်ပြောလေရယ်။ 21အဲခါကိုယ်တော်ဟ အဲမိုဌေးဝိုချစ်ခင်စွာကေ့ပီး "မင်းလုပ်ရဝို့ခုဘဲ့ရှေ့တော့ရယ်။ ပိုင်ဆိုင်ဇာမှန်သမျှရောခလပီး ဒုက္ခဆင်းရဲရော့နေသူဒွေဝို စွန့်ကြဲလိုက်ပါ၊ ပီးန ငါနလိုက်ခဲ့ပါ၊ မင်းဟ နိဗ္ဗာန်ရွှေဗြို့တော်မှာ ချမ်းသာကြွယ်ဝသူဖြစ်လာလိမယ်" ဆိုပီးပြောလေရယ်။ 22အယ်ဘေမဲ့ဌေးဟ အဲမျိုးကြားရခီမှာ ရားဒိုင်းချမ်းသာသူဖြစ်ရိတွက် စိပျစ်လက်ပျစ်နပလန်သွားလေရယ်။ 23ကိုယ်တော်ဟပတ်ဝန်းကျင်ဝိုလှည့်ကေ့လိုက်ပီး ဗြိတော်ဒွေဝို "ဌေးတယော့တွက် ဘုရားရှင်ရဲ့နိုင်ငံတော်ဝိုဝမ်လာဝို့ ဟယ်လော့ခက်ခဲနူး" ဆိုပီးမိတော်မူ
လေရယ်။ 24ဗြိတော်ဒွေကြားခီမှာ ရားဒိုင်းအံ့ဩသွားကေ့လေရယ်။ ကိုယ်တော်ဟထပ်ပီး 25"ကုလားအုတ်တကော်ဟ အပ်နဖားပေါ့ထဲဝိုဝမ်ဝို့ လွယ်ချင်လွယ်လိမယ်၊ အယ်ဘေမဲ့ ကြွယ်ဝချမ်းသာဝိုဌေးတယော့တွက်လော ဘုရားရှင်ရဲ့နိုင်ငံတော်ထဲဝို ဝမ်ရော့ဝို့ခဲယဥ်းပါရယ်" ဆိုပီးပြောလေရယ်။ 26ဗြိတော်ဒွေဟ ရားဒိုင်းအံ့ဩကေ့လေရယ်။ " အဲမျိုးဆိုဟာ ဟယ်သူမှကယ်တံရိရမှာမုဟန်း" ဟုဆိုရာ 27ကိုယ်တော်ဟ "လူဒို့မတတ်နိုင်ဘဲရာဝို ဘုရားတတ်နိုင်ပါရယ်" ဆိုပီးပြောပြလေရယ်။ 28ပေတရုဟ "ကျော်ဒို့ဟ ကိုယ်တော်နတူလိုက်ပါလာဒဲ့ခါ ရာအားလုံးဝို စွန့်လွှတ်ထားခဲ့ပါရယ်" ဆိုပီးလျှော့တံလေရယ်။ 29ကိုယ်တော်ဟ "ကိုယ်တော်ကြော့မုဘဲနေဆိုဝါ မြင်ဂလာဒန်းကောဒွေဝိုဝေငှရိ ကိုယ့်အီ၊ ညီကိုမော်နှမ၊ မိဖနသားမီးဒွေ မြေယာဒွေဝိုစွန့်လွှတ်ခဲ့မယ်ဆိုဝါ 30သူ့နို့စွန့်လွှတ်ခဲ့ရဝိုမိဖ၊ ညီကိုမော်နှမဒွေန မြေယာဒွေထက်ဆပေါရာလော့ပိုရလာလိမယ်။ ခုခါမှာ သူ့နို့ညှဥ်းပန်းဇာခံရပေမဲ့ သူ့နို့ဟ နိစ္စထာဝရသက်ဝိုရကေ့လိမယ်။ 31ခုခါရေးပါရာရော့ဆုံးဆိုပီးသတ်မှတ်ခံရသူဒွေဟ နော်တခီမှာရေးမပါသူဒွေဖြစ်လာပီး ခုခါရေးမပါသူဒွေဟလော နော်တခီမှာရေးပါရာရော့ဆုံးသူဒွေဖြစ်လာလိမယ်" ဆိုပီးမိကြားတော်မူရယ်။ 32ရစ်နဲငယ်ကြာခီမှာ ကိုယ်တော်ဟ သူ့ဗြိတော်ဒွေဝို ဦးဆော်ပီးယေရုရှလင်ဝို ခေါ်သွားလေရာဗြိတော်ဒွေဟ ကြော့ကြော့လန့်လန့်နနော့တော်မှလိုက်သွားကေ့လေရယ်။ အဲနော့ကိုယ်တော်ဟ ဗြိတော်ဆယ့်နှေ့ယော့ဝို နီးနားဝိုခေါ်ပီး မိမိတွီ့ကြုံရဝို့ ဖြစ်ပျစ်ဒွေဝို ပြောပြတော်မူလေရယ်။ 33"ခုငါဒို့ဟ ယေရုရှလင်ဝို ဦးတည်ပီးသွားနေကေ့ရယ်။ ယေရုရှလင်ဗြို့မှာ "လူ့သားတော်" ဝို ဘာသာရေးခေါဆော်ဒွေန မောရှေကျမ်းတတ်ဆရာဒွေရဲ့ လက်ထဲဝို အပ်ကေ့လိမယ်။ သူ့နို့ဟ သူ့ဝိုသေဒဏ်ပေးဝို့ တိုင်းတပါးဒွေရဲ့လက်ထဲဝို အပ်ကေ့လိမယ်။ 34အဲမိုလူမျိုးခြားတိုင်းတပါးဒွေဟ သူ့ဝိုလှော်ပြော်ကေ့လေရယ်၊ ထွီးရေနထွီးကေ့မယ်၊ရိုက်ကေ့မယ်၊ ပီးရင်သေသတ်လိမယ်၊ အယ်ဘေမဲ့သုံးရစ်ကြာမှာ ရှင်ပြန်ထမြော့လိမယ်" ဆိုပီးမိကြားလေရယ်။ 35အဲနော့ဇေဗေဒဲ၏သားဒွေဖြစ်ဝို ယာကုပ်နယောဟန်ဒို့ဟ ကိုယ်တော်ဆီဝိုလာပီး "အရှင်ကျော်ဒို့၏ တော်ဆိုချင့်ဝိုခွမ့်ပြုတော်မူပါ" ဆိုပီးလျှော့ထားရာ ကိုယ်တော်ဟ 36"ဗြိတော်ဒို့ ဟဲရာလိုရှေ့ကေ့နူး" ဆိုပီးမေးလေရယ်။ 37အဲခါ သူ့နို့ဟ ကိုယ်တော်၏နိင်ငံတော်ဝိုအုပ်စိုးသောခါမှာ ကျော်ဒို့ဝို လက်ယာတော်ရံန လက်ဝဲတော်ရံဖြစ် ကျေးဇူးပြုပီး ပေးသနားတော်မူပါ" ဆိုပီးလျှော့ထားကေ့လေရယ်။ 38အယ်ဘေမဲ့ ကိုယ်တော်ဟ" မင်းဒို့ဟဲရာဝို တောဆိုနေနူးဆိုဇာဝို သိကေ့လော၊ ငါမကြာခင် သော့ရဝို့ဒုက္ခဝေဒနာခွက်န မင်းဒို့သော့နိုင်ကေ့လော၊ ငါခံရဝို့ဝေဒနာဝိုမင်းဒို့ခံနိုင်ကေ့လော" ဆိုပီးမေးတော်မူရယ်။ 39အဲခါသူ့နို့ဝ "ကျော်ဒို့တတ်နိုင်ပါရယ်"ဆိုပီးဖြေလေရယ်။ 40ကိုယ်တော်ဟ "မင်းဒို့ဟ ငါသော့မဲ့ဝေဒနာခွက်နသော့နိုင်ရယ်။ ငါ့မျိုးဝေဒနာခံနိုင်ပေမဲ့ ငါ့ရဲ့လက်ယာတော်ရံနလက်ဝဲတော်ရံနေရာဒွေဝို ငါ့အနေနပေးပိုင်ခွမ့်မှေ့ရ။ အယ်ခွမ့်ရေးဝိုဘုရားရှင်ဟသာ ဆုံးဖြတ်ပေးတော်မူပါလိမယ်" ဆိုပီးပလန်လည်ဖြေကြားလေရယ်။ 41အဲကြောရာဝို ခြားဗြိတော်ဆယ်ယော့ဟ သိခါမှာ ယာကုပ်နယောဟန်ဒို့ဝိုစိဆိုးကေ့လေရယ်။ 42ကိုယ်တော်ဟ သူ့နို့ဒွေဝိုစုဝေးစေပီးခီမှာ "ထီးနန်းစိုးစံရဝိုဘုရင်ဒွေဟ ခြားသူဒွေဝိုသူ့ရဲ့အန်အားကီးမားကြောပြဇာဝို နှစ်သက်ကေ့ရယ်။ ရာရှေ့၊ ရာခံဒွေဟလဲ သူ့နို့ရဲ့လုပ်ပိုင်ခွမ့်အာဏာဝို လွဲသုံးစားပြုပီး ပြည်သူဒွေဝို အုပ်ချုပ်တတ်ကေ့ရယ်။ 43အယ်ဘေမဲ့ မင်းဒို့ဟ အဲမျိုးစိုးရမုဘဲန ကြီးကဲဖြစ်လိုသူဒွေဟ အားလုံးရဲ့စေခံမျိုးနေထိုင်ရမယ်။ 44ပထမဆုံးနေရာဝိုရလိုသူဒွေဟ လူတိုင်းရဲ့ကျွန်မျိုးနေရမယ်။ 45"လူ့သားတော်ဟ သူတပါးဝိုကျွန်ပြုဝို့သခင်ဖြစ်နကြွလာဇာမုဝ၊ အယ်ဘေမဲ့ လူဒွေရဲ့ကျွန်ဖြစ် သူ့ရဲ့သက်ဝိုစွန့်လွှတ်ပီး လူသားဒွေဝိုကယ်တံဝို့တွက် ကြွလာဇာဖြစ်ရယ်။" ဆိုပီး မိတော်မူလေရယ်။ 46ကိုယ်တော်နဗြိတော်ဒို့ဟ ယေရိခေါဗြို့ဝိုသွားရာ သူ့နို့ထွက်ခါလာန များစွာသောလူအုပ်ကီးဟ လိုက်ပါလာကေ့ရယ်။ အဲမျိုးထွက်ခွာခီမှာ တိမဲ၏သား ဗာတိမဲဆိုသူ မျစ်မမြင်ဒေါဇားဟ လမ်းဘေးမှာထိုင်နေရယ်။ 47ကိုယ်တော်နာဇရက်ဗြို့ဟနေ ထွက်ခွာလာဇာဝို ကြားသိရခါမှာ " ဒါဝိဒ်ရဲ့သားတော် ကိုယ်တော်ယေရှု ကျော့်ဝို သနားတော်မူပါ" ဆိုပီးအော်ဟစ်တောပန်လေရယ်။ 48လူဒွေဟ အဲမျိုးမအော်ဝို့ ငေါ့ငမ်းပေမဲ့ "ဒါဝိဒ်ရဲ့သားတော် ကိုယ်တော်ယေရှု ကျော့်ဝိုသနားတော်မူပါ" ဆိုပီး ပိုပီးအော်ဟစ်လေရယ်။ 49အဲမိုသံဝို ကိုယ်တော်ကြားခီမှာ ရပ်တော်မူလိုက်ပီး " သူ့ဝိုခေါ်ခဲ့ပါ" ဆိုပီးမိကြားလေရယ်။ သူ့နို့ဝ မျစ်မမြင်ဝိုခေါ်ထုလာပီး " ဟဲရာမှကြော့န လိုက်ခဲ့ပါ၊ အရှင်ဟ မင်းဝိုခေါ်နေရယ်" ဆိုပီးပြောရာ 50အဲမိုမျစ်မမြင်ဟ သူ၏ပေါ်အန်းဂီဝို လွှင့်ပစ်ပီး ကိုယ်တော်ယေရှုရှေ့ရာဝို ခူပေါ့ပလေးလွှားပီးလာခဲ့လေရယ်။ 51ကိုယ်တော်ဟ "မင်းငါ့ဆီဟ ဟဲရာလိုရှေ့နူး" ဆိုပီးမေးမြန်းလေရာ 52မျစ်မမြင်ဟ "အရှင်၊ ကျော်မျိုးမျစ်စိဗျင်လိုပါရယ်" ဆိုပီးဖြေကြားလိုက်လေရယ်။ ကိုယ်တော်ဟ သူ့ဝို "မင်းသွားနိုင်ပါပီ၊ မင်းရဲ့ယုံကြည်ခြင်းဟ မင်းမျစ်လုံးဒွေဝို ကောပကတိဖြစ်အော်ကုပီးပီ"
ဆိုပီး မိတော်မူလေရယ်။ ချင့်ချင်းဘဲ့ အဲလူဟမျစ်စိဗျင်လာပီး ကိုယ်တော် ကြွတော်မူရာလမ်းတလျှော့လုံး နော့ဟလိုက်လာလေတော့ရယ်။

अहिले सेलेक्ट गरिएको:

Mark 10: ttpv-rv

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्