19
1ကိုယ်တော်ယေရှု ဟောပြောသွန်သန်ဆုံးမပီးခီမှာ ဂါလိလဲပြည်နယ်ဟနေထွက်ခွာပြီး ဂျော်ဒန်ဗြစ်တဖက်ကမ်းမှာရှေ့ဝို ယုဒပြည်နယ်ဝိုသွားလေရယ်။ 2လူထုပရိသတ်များဂီးဟလည်း ကိုယ်တော့်နော့ဝို လိုက်ပါလာရိတွက် ကိုယ်တော်ဟ အဲမိုနေရာမှာ ဖျားနာနေဝိုသူဒွေဝို ကျန်းမာအော်ကုသပေးလေရယ်။ 3အဲနော့ ဖာရိရှဲချို့ဟ ကိုယ်တော့်ဆီဝိုရော့လာဂေ့ပီး ကိုယ်တော်ဝိုစမ်းသပ်ရှင်ရိတွက် "ယော့ကျားတယော့ဟ သူ့ဇနီးမယားဝို ဟဲရာကြောဂျော့မဆို ကွာရှင်းဇာဟ ပညတ်တရားနညီပါသလော။" ဆိုပီး မေးရှော့ဂေ့လေရယ်။ 4ကိုယ်တော်ဟလည်း "နန်းနို့ဟ 'ဘာဦးစမှာ ဘုရားရှင်ဟ ယော့ကျားနမီးမဝို ဖန်ဆင်းတော်မူရယ်။ 5အဲမိုဂျော့ ယော့ကျားဟ သူ့ ဖ န မိဝို စွန့်ခွာပီး သူ့ဇနီးမယားန တူတကွပေါဖက် နေထိုင်ရပြီး သူ့နို့နှေ့ယော့ဟ ကိုယ်ခန္ဓာခုထဲနေန ပူးပေါသွားဂေ့လိမယ်။' ဆိုပီး ကျမ်းစာမှာ ရေးသားရားဇာဝို ဖတ်ဖူးဂေ့ရလော။ 6အဲဂျော့ရိ သူနို့ဟ လူနှေ့ယော့မုဘဲန ယော့ဒဲဖြစ်ရားဂေ့လေရယ်။ အဲဂျော့ ဘုရားရှင်တွဲဖက်ပေးရားဝို လူဒွေဝို ကွဲကွာအော် လုပ်သင့်ရ။" ဆိုပီး မိတော်မူလေရယ်။ 7အဲခါ ဖာရိရှဲဒွေဟ ကိုယ်တော်ဝို "အဲမျိုးဆိုဝါ ယော့ကျားဖြစ်သူဟ သူ့မီးမဝို ကွာရှင်းစာချုပ်ပေးပီး ကွာရှင်းဝို့ ဟဲဂျော့ ပညတ်ထားခဲ့နူး။" ဆိုပီး မေးဂေ့လေရယ်။ 8ကိုယ်တော်ယေရှုဟ သူ့နို့ဝို "ဟဲဖြစ်ရိဆိုဝါ နန်းနို့ရဲ့ စိနှလုံးဟ မာကျောရိတွက်ဂျော့ မောရှေဟ နန်းနို့ရဲ့ဇနီးမယားဝို ကွာရှင်းဝို့ ခွမ့်ပြုရစ်ဇာဖြစ်ရယ်။ အယ်ဘေမဲ့ စဒူးဟ အဲမျိုးမုဝ။ 9အဲဂျော့ရိ နန်းနို့ဝို ငါပြောရှင်ဇာဟလောဝါ ယော့ကျားတယော့ဟ သူ့ဇနီးမယားဝို အီထော်ရေးဖော့ပလန်ဇာဂျော့မုဘဲန ကွာရှင်းပီး နော့မီးမတယော့ဝို လက်ထပ်ရယ်ဆိုဝါ အဲမိုယော့ကျားဟ အီထော်ရေးဖော့ပလန်ရာရော့ပါရယ်။ ကိုယ့်ရဲ့ဇနီးမယားဟ အီထော်ရေးဖော့ပလန်မှုဝို ကျူးလွန်မှဘဲ့ လန်ယော့ကျားဟ ကွာရှင်းခွမ့်ရှေ့ရယ်။" ဆိုပီး မိတော်မူလေရယ်။ 10ဗြိဒွေဟလည်း "လန်ယော့ကျားဟ ကိုယ့်မယားဝို အီထော်ရေးဖော့ပလန်မှ ကွာရှင်းခွမ့်ရှေ့ရယ်ဆိုဝါ အီထော်မပြုဇာဟ ပိုကောရယ်။" ဆိုပီး ပြောဆိုဂေ့လေရယ်။ 11ကိုယ်တော်ဟ ဗြိဒွေဝို "နန်းနို့ရဲ့ဂါးဝို လူဒိုင်းလက်ခံနိုင်ဂေ့မှာမုဝ ။ ဘုရားရှင်ဟနေ အဲမိုမျိုးလုပ်ဆော်နိုင်စွမ်းဝို ပေးဇာခံထားရဝို လူဒွေမှဘဲ့ လက်ခံနိုင်ဂေ့မယ်ဖြစ်ရယ်။ 12ငါ နန်းနို့ဝို အဲမျိုးပြောရဇာဟလော ချို့ယော့ကျားဒွေဟ အီထော်ပြုနိုင်စွမ်းမှေ့ဘဲန မွီးဖွားလာဂေ့ပြီး လူဒွေပြုလုပ်လိုက်ရိတွက် အီထော်ပြုနိုင်စွမ်း မှေ့ဂေ့ဘဲဝို ယော့ကျားချို့လဲ ရှေ့လေရယ်။ ရွှေဗြို့တော်ရဲ့သာသနာတော်တွက် ကိုယ့်အီထော် ပြုနိုင်စွမ်းဝို စွန့်လွှတ်ဝို့ ဆုံးဖြတ်လိုက်ဝို ယော့ကျားချို့လည်း ရှေ့လေရယ်။ အဲမိုရာဒွေဝို လက်ခံနိုင်ဝိုသူဒွေဟ လက်ခံဂေ့ပါစေ။" ဆိုပီး မိတော်မူလေရယ်။ 13အဲနော့မှာ သားဂန်းရားဒွေပေါ်ဝို ကိုယ်တော်ရဲ့လက်တော်တံပီး ဆုတောပေးဝို့ မိဘချို့ဟ သူ့နို့သားမီးဒွေဝို ခေါ် ဆော်လာဂေ့လေရယ်။ အဲခါ ဗြိဒွေဟ အဲမိုလူဒွေဝို ဆူပူဂေ့လေရယ်။ 14အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ "သားဂန်းရားဒွေဝို ငါ့ဆီလာခွမ့်ပြုလိုက်ပါ။ သူ့နို့ဝိုတားမြစ်ပါန။ ဟဲဖြစ်ရိဆိုဝါ ရွှေဗြို့တော်ရဲ့သာသနာတော်ဟ သားဂန်းရားမျိုးလူဒွေန သက်ဆိုင်ရိတွက်ဂျော့ဖြစ်ရယ်။" ဆိုပီး မိတော်မူလေရယ်။ 15ကိုယ်တော်ဟ သူ့လက်ဝို သားဂန်းရားဒွေကိုယ်ပေါ်ဝိုတံပီး ဆုတောပေးပြီးနော့ အဲမိုနေရာဟနေ ထွက်ခွာလာလေရယ်။ 16အဲနော့ လူတယော့ဟ ကိုယ်တော့်ဆီဝို ချဉ်းကပ်လာပြီး "အရှင်၊ နိစထာဝရသက်ဝိုရရှေ့ဝို့ ဟဲမျိုးကောမြတ်ဒဲ့မှုဝို လုပ်ဆော်ရမယ်နူး။" ဆိုပီး မေးလေရယ်။ 17အဲခါ ကိုယ်တော်ဟ အဲမိုလူဝို "ဟဲရာဟ ကောမြတ်ရယ်ဆိုဝိုကြောဝို နန်ဟ ငါ့ဝိုဟဲဖြစ်ရိမေးရနူး။ ကောမြတ်ဝိုသူဟ ဘုရားရှင်ဘားဒဲဘဲ့ရှေ့ရယ်။ နန်ဟ နိစထာဝရသက်ဝို ရရှင်ရယ်ဆိုဝါ ပညတ်တရားဒွေဝို စော့ထီးလော့။" ဆိုပီး မိတော်မူလေရယ်။ 18အဲခါ ကိုယ်တော်ဟ အဲမိုလူဝို "ဟဲရာဟ ကောမြတ်ရယ်ဆိုဝိုကြောဝို နန်ဟ ငါ့ဝိုဟဲဖြစ်ရိမေးရနူး။ ကောမြတ်ဝိုသူဟ ဘုရားရှင်ဘားဒဲဘဲ့ရှေ့ရယ်။ နန်ဟ နိစထာဝရသက်ဝို ရရှင်ရယ်ဆိုဝါ ပညတ်တရားဒွေဝို စော့ထီးလော့။" ဆိုပီး မိတော်မူလေရယ်။ 19နန်းနို့ရဲ့မိဖဝိုရိုသေဂေ့လော့၊ နန်းနို့ရဲ့အီဇာနီးချင်းဝို နန့်ကိုယ်နန်ရှစ်မျိုးရှစ်ပါ။" ဆိုပီး မိတော်မူလေရယ်။ 20အဲခါ အဲမိုလူငယ်ဟ "အဲမိုဇာဒွေဂူလုံးဝို ကျနော်လိုက်နာစော့ထီးပါရယ်။ ဟဲရာဇာဝို ထပ်ပီး စော့ထီးဝို့လိုသေးနူး" ဆိုပီး မေးလေရယ်။ 21ကိုယ်တော်ယေရှုဟ အဲမိုလူငယ်ဝို "နန်ပိုင်ဆိုင်ဇာမှန်သမျှဝို ရောခလပြီး ဆင်းရဲသားဒွေဝို ပေးကမ်းရယ်ဆိုဝါ နန်ဟ ရွှေဗြို့တော်မှာ ဥစ္စာဘဏ္ဍာဝို ရရှေ့လိမယ်။ ပြီးရယ်ဆိုဝါ ငါ့နော့ဝိုလိုက်ခဲ့ပါ။" ဆိုပီး မိတော်မူလေရယ်။ 22အဲမိုလူငယ်ဟ ရားဒိုင်းချမ်းသာဝိုလူဖြစ်ရိတွက်ဂျော့ အဲမိုဂါးဝိုကြားခါမှာ စိပျစ်ဝမ်းနည်းစွာန ထွက်ရားလေရယ်။ 23အဲနော့ ကိုယ်တော်ဟ သူ့ဗြိဒွေဝို "နန်းနို့ဝို ငါမှန်တိုင်းပြောရမယ်ဆိုဝါ လူချမ်းသာဒွေဟ ရွှေဗြို့တော်ရဲ့သာသနာတော်ဝို ဝမ်ရော့ဝို့ ရားဒိုင်းခက်ခဲဂေ့လေရယ်။ 24နန်းနို့ဝို ငါထပ်ပီးပြောရမယ်ဆိုဝါ လူချမ်းသာဒွေဟ ဘုရားရှင်ရဲ့သာသနာတော်ဝို ဝမ်ရော့ဝို့ထက် ကုလားအုတ်တစ်ဂေါ် အပ်နဖားပေါ့ထဲဝို ဝမ်ရော့ဇာဟ ပိုပီးလွယ်ကူပေရယ်။" ဆိုပီး မိတော်မူလေရယ်။ 25ဗြိတော်ဒွေဟ အဲမိုဂါးဝို ကြားခါမှာ ရားဒိုင်းအံ့ဩပီး "အဲမျိုးဖြစ်မယ်ဆိုဝါ ဟယ်သူဟကယ်တံဇာဝို ခံရမယ်နူး။" ဆိုပီး ပြောဆိုဂေ့လေရယ်။ 26အဲခါ ကိုယ်တော်ယေရှုဟ သူ့နို့ဝို တိုက်ရိုက်ကေ့ပီး "အဲမိုဇာဟ လူဒွေတွက်မဖြစ်နိုင်ဘေမဲ့ ဘုရားရှင်တွက်ဟလော ဖြစ်နိုင်လေရယ်" ဆိုပီး မိတော်မူလေရယ်။ 27အဲနော့ ပေတရုဟ "ကျနော်ဒို့ဟ ရှေ့သမျှဝို စွန့်လွှတ်ပီး အရှင့်နော့ဝို လိုက်ခဲ့ပါရယ်။ အဲဂျော့ရိ ဟဲမျိုးဇာဒွေဝို ကျနော်ဒို့ လက်ခံရရှေ့မယ်နူး" ဆိုပီး မေးရှော့ဂေ့လေရယ်။ 28အဲခါ ကိုယ်တော်ဟ "နန်းနို့ဝို ငါမှန်တိုင်းပြောရမယ်ဆိုဝါ ရော့ရှေ့လာမဲ့ကမ္ဘာသစ်မှာ ဘုရားရှင် စေလွှတ်လိုက်ဝို လူ့သားတော်ဟ သူ့ရဲ့ဘုန်းကျစ်သရေန ပလဲ့ဇုံတော်မူဝို ပလ္လင်ပေါ်မှာ ထိုင်တော်မူဝိုခါမှာ ငါ့နော့ဝိုလိုက်ပါတော်မူဝို နန်းနို့ဟလဲ ပလ္လင်ဆယ့်နှေ့လုံးပေါ်မှာထိုင်ပီး အစ္စရေးမျိုးနွယ်စုဆယ့်နှေ့စုဝို အုပ်ချုပ်ဂေ့ရလိမယ်။ 29ငါ့မည်နာမတော်ဂျော့ အီဝိုဖြစ်စေ၊ ညီကိုမော်နှမ ဒွေဝိုဖြစ်စေ၊ ဖနမိဝိုဖြစ်စေ စွန့်လွှတ်နိုင်ဝိုလူဒိုင်းဟ နိစထာဝရသက်ဝို လက်ခံရရှေ့ဝို့ပြင် သူ့နို့စွန့် လွှတ်ရစ်ဝိုဇာဒွေထက် ဆတစ်ရာပိုပီး လက်ခံရရှေ့ဂေ့လိမယ်။ 30အယ်ဘေမဲ့ ခု ကီးမြတ်နေဝိုလူဒွေဟ နှိခလခံရမှာဖြစ်ပြီး ခု နှိခလဂေ့ဝိုလူဒွေဟ ကီးမြတ်ဂေ့ရမှာဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။