15
1အဲခီမှာ ဂျေရုဆလင်ဗြို့ဟ ဖာရိရှဲချို့န ကျမ်းတတ်ဆရာဒွေဟ ကိုယ်တော်ယေရှုဆီဝို ရော့လာပြီး 2"သင့်ဗြိဒွေဟ ဟဲဂျော့ ဘိုးဘေးဒွေရဲ့ထုံးတမ်းစဉ်လာဒွေဝို လိုက်နာဂေ့ဘဲနူး။ သူ့နို့ဟ စားဇာဒွေဝို စားသော့ဝိုခါမှာ လက်ဝိုဆေးကြောသန့်စင်ဇာမှေ့ဘဲန စားသော့နေဂေ့ရယ်" ဆိုပီး ပြောဂေ့လေရယ်။ 3ကိုယ်တော်ဟလဲ "နန်းနို့ဟ ကိုယ်ပိုင်ထုံးတမ်းစဉ်လာဝို လိုက်နာပြီး ဟဲဂျော့ ဘုရားရှင်ရဲ့ပညတ်တော်ဒွေဝို ချိုးဖော့ဂေ့နူး။ 4ဟဲဖြစ်ရိဆိုဝါ ဘုရားရှင်ဟ "နန်းနို့ရဲ့မိဖဒွေဝို ရိုသေဂေ့လော့၊ မိ န ဖ ဝို ဆန့်ကျင်ပုတ်ခတ်ပြောဆိုဝိုသူဒွေဟ သေဒဏ်ကလခံရမှာဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 5အယ်ဘေမဲ့ နန်းနို့ဟ လူဒွေဝို မိဖဝို ပေးရဝို့ဇာဒွေဝို ဘုရားနဘဲ့ သက်ဆိုင်ရယ်ဆိုပီး ပြောဆိုဝို့ သွန်သန်ဂေ့ရယ်။ 6အဲဂျော့ အဲမိုလူဟ သူ့နို့ရဲ့ မိဖဒွေဝို ရိုသေလေးစားဝို့ မလိုအပ်ဟန်း ဆိုပီး ပြောဆိုဂေ့ရယ်။ အဲမိုမျိုးနဘဲ့ နန်းနို့ဟ နန်းနို့ရဲ့ထုံးတမ်းစဉ်လာတွက် ဘုရားရှင်ရဲ့ပညတ်တော်ဒွေဝို ချိုးဖော့ဂေ့ရယ်။ 7သူတော်ဂေါယော်ဆော်ဝိုသူဒို့၊ ပရောဖက်ဟေရှာယ ကြိုတံဟောပြောရားဝို နန်းနို့ရဲ့ကြောဟ မှန်ကန်လေရယ်။ 8အယ်မိုလူဒွေဟ ငါ့ဆီဝိုချဉ်းကပ်ပီး နှုအားန ရိုသေဂုဏ်ပြုဂေ့ဘေမဲ့ သူ့နို့ရဲ့စိနှလုံးကလလောဝါ ငါ့နဝွီးကွာလှပေရယ်။ 9ငါ့ဝို ကိုးကွယ်ဂေ့ဘေမဲ့ တန်ဖိုးမှေ့ရ။ ဟဲဖြစ်ရိနူးဆိုဝါ လူ့စည်းမျဥ်းဒွေဝို သွန်သန်ပြီး သူ့နို့ဟ ဘုရားရှင်ရဲ့ ပညတ်တော်ဒွေဖြစ်ရယ်ဆိုပီး ပြောဂေ့ရယ်' ဆိုပီး ကြိုတံဟောပြောရားဇာဟ မှန်ပေရယ်" ဆိုပီး မိတော်မူလေရယ်။ 10အဲနော့ ကိုယ်တော်ယေရှုဟ လူထုပရိသတ်ဒွေဝို သူ့ဆီဝိုခေါပြီး သူ့နို့ဝို "ငါပြောဇာဒွေဝို နားလည်အော် နားထော်ဂေ့လော့။ 11လူဒွေရဲ့ခံတွင်းဝို ဝမ်ရော့ဝိုဇာဒွေဟ လူဒွေဝို ညစ်ညမ်းစေဇာမုဝ။ လူဒွေရဲ့ နှုဟနေ ထွက်လာဝိုဇာဒွေဟဘဲ့ လူဒွေဝို ညစ်ညမ်းစေဇာဖြစ်ရယ်။ 12အဲခါ ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုနားဝို ချဉ်းကပ်ပီး "ဖာရိရှဲဒွေဟ ကိုယ်တော်မိတော်မူဝို ဂါးဒွေဝိုကြားဝိုခါမှာ စိဆိုးဂေ့ဇာဝို ကိုယ်တော်သိလော" ဆိုပီး ရှော့တံဂေ့လေရယ်။ 13ကိုယ်တော်ယေရှုဟ "လယ်သမားတယော့ဟ သူ စိုက်ပျိုးရားဘဲဝိုပမ်ဒွေဝို နုပစ်ရယ်။ အဲမိုမျိုးဘဲ့ ရွှေဗြို့တော်မှာရှေ့ဝို အဖဘုရားရှင်ဟလဲ သူ့နသက်ဆိုင်ဘဲဝိုလူဒိုင်းဝို ဒဏ်ခတ်တော်မူမှာဖြစ်ရယ်။ 14နို့တွက် စိပူမနေန။ သူနို့ဟ ခြားမျစ်မမြင်ဒွေရဲ့ လက်ဝိုကိုင်ဆွဲဝို မျစ်မမြင်ဒွေနတူလေရယ် ။ မျစ်မမြင်တယော့ဟ ခြားမျစ်မမြင်တယော့ဝို လမ်းပြဝိုခီမှာ နှေ့ယော့စလုံး မျစ်စိဗြင်ဘဲရိတွက် တွမ်းထဲဝို ကလရော့ဝါးမယ်ဖြစ်ရယ်" ဆိုပီး ပလန်လည်မိတော်မူလေရယ်။ 15အဲခါ ပေတရုဟ "အဲမိုပုံဥပမာဝို ကျနော်ဒို့ဝို ရှင်းပြပေးတော်မူပါ" ဆိုပီး ရှော့တံလေရယ်။ 16ကိုယ်တော်ယေရှုဟ "နန်းနို့ဟလဲ ခုထိတိုင်အော် ဟဲရာဂျော့နားလည်နိုင်ဂေ့ဘဲနူး" 17ခံတွင်းထဲဝို ဝမ်ဇာမှန်သမျှဟ ဝမ်းဗိုက်ထဲဝိုရော့ပီးန အီသာထဲဝိုဘဲ့ စွန့်ထုဇာခံရရယ်ဆိုဇာဝို နန်းနို့သိဂေ့ရလော။ 18လူဒွေရဲ့ဇပ်ပေါ့ဟ ထွက်လာဝို သူ့နို့ပြောသမျှဂါးဒွေရဲ့ဓိပ္ပာယ်ဟ သူ့နို့စိနှလုံးဟနေ ထွက်လာဇာဖြစ်ရယ်။ အဲမိုဇာဒွေဟဘဲ့ လူဒွေဝို ညစ်ညမ်းဇေဝိုဇာဒွေဖြစ်ရယ်။ 19လူ့သက်ဝို သတ်ခြင်း၊ သူများ ပြစ်မှားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူများပစ္စည်း ခိုးယူခြင်း ၊မှန်ဘဲဝို သက်သေထွက်ဆိုခြင်း၊ သူများဂုဏ်သိခါဝို ဖျစ်ခြင်း အဲမိုဇာဒွေဝိုမျိုး ညစ်ညမ်းဝိုကြံစည်ဒွေဟလဲ စိနှလုံးထဲဟ ထွက်လာဇာဖြစ်ရယ်။ 20အဲမိုဇာဒွေဟဘဲ့ လူဒွေဝို ညစ်ညမ်းဇေဝိုဇာဒွေဖြစ်ဘေမဲ့ လက်ဝိုဆေးဘဲန စာစားဇာဟ လူဒွေဝို ညစ်ညမ်းစေဇာမုဝ။ 21အဲနော့ ကိုယ်တော်ယေရှုဟ အဲမိုရပ်ဒေသဟနေ ထွက်ခွာပြီး တုရုနဇိဒုန်ဒေသဝို ကြွရားလေရယ်။ 22အဲမိုရပ်ဒေသမှာ နေထိုင်ဝို တိုင်းတပါးသူမျိုးမီးတယော့ဟ ကိုယ်တော်ဆီဝိုလာပြီး "ဒါဝိဒ်ရဲ့သားတော် ကိုယ်တော်၊ ကျွန်တော်မျိုးမဝို သနားတော်မူပါ၊ ကျွန်မရဲ့မီးဟ ကောဆိုးဝါးပူးကပ်ခံရပြီး ပြင်းထန်ဝိုဝေဒနာဝို ခံစားနေရပါရယ်" ဆိုပီး ရှော့တံလေရယ်။ 23အယ်ဘေမဲ့ ကိုယ်တော်ဟ သူ့ဝို ဂါးခွန်းလဲပြောရ။ အဲခါ ဗြိတော်ဒွေဟ ကိုယ်တော်ဆီဝိုချဉ်းကပ်ပီး "အယ်မိုမျိုးမီးဟ ကျနော်ဒို့နော့ဟနေလိုက်လာပြီး အော်ဟစ်နေပါရယ်၊ သူ့ဝိုနှံထုတော်မူပါ" ဆိုပီး ရှော့တံဂေ့လေရယ်။ <span class="usfm_v" id="cv15_24"><span class="marker"></span></span> 24ကိုယ်တော်ဟ အဲမိုမျိုးမီးဝို "ငါ့ဝို ဘုရားရှင်ရဲ့ပျော့ဆုံးဝါးဝို သိုးငယ်ဒွေဝိုကိုယ်စားပြုဒဲ့ အစ္စရေးလူမျိုးဒွေဝို ကူညီဝို့ဘဲ့ စေလွှတ်ဇာဖြစ်ရယ်" ဆိုပီး မိတော်မူလေရယ်။ 25အယ်ဘေမဲ့ သူမဟ ကိုယ်တော်နားဝိုကပ်ပြီး ဝပ်တွားပီး "ကိုယ်တော်၊ ကျွန်မဝို ကူညီပါ" ဆိုပီး ထပ်ပီး တောဘန်လေရယ်။ 26ကိုယ်တော်ဟလည်း "သားမီးဆီဟ စားသော့ဒွေဝိုယူပြီး ခွီးဝို ခလကျွေးဇာဟ သင့်တော်ဝ။" ဆိုပီး မိတော်မူလေရယ်။ 27သူမဟလည်း "မှန်ပေရယ် ကိုယ်တော်၊ အယ်ဘေမဲ့ ခွီးရားဒွေဂိုမှ သခင်ရဲ့ဘွဲအော့မှာ ကလနေဝို စားကြွင်းစားကျန်ဒွေဝို စားခွမ့်ရဂေ့ရယ်။" ဆိုပီး ပလန် ရှော့တံလေရယ်။ 28အဲနော့ ကိုယ်တော်ယေရှုဟ "အို အသင်မျိုးမီး၊ နန့်ယုံကြည်ခြင်းဟ ကီးမြတ်ရိတွက်ဂျော့ နန်ဆန္ဒရှေ့တိုင်း ဖြစ်စေလော့" ဆိုပီး မိတော်မူလိုက်ရာ အဲခီဟနေစပီး အဲမိုမျိုးမီးရဲ့မီးဟ ကျန်းမာလာလေရယ်။ 29ကိုယ်တော်ဟ အဲမိုနေရာဟနေထွက်လာပြီး ဂါလိလဲကမ်းခြေနားဝိုသွားပီး တော်ပေါ်ဝိုတက်ပီး ထိုင်တော်မူလေရယ်။ 30အဲခါ လူထုပရိသတ်များဂီးဟ ခေသန်ဘဲဝိုလူဒွေ၊ မျစ်မမြင်ဒွေ၊ ကိုယ်အင်္ဂါချို့တဲ့ဝိုသူဒွေ၊ ဆွံ့အသူဒွေန နာရောဂါမျိုးမျိုးန လူဒွေဝို ခေါ်ဆော်ပီး ကိုယ်တော်ရဲ့ ခေတော်ရင်းမှာ ခလထားဂေ့ဝိုခီမှာ ကိုယ်တော်ဟလည်း ကုသပေးခဲ့လေရယ်။ 31လူထုပရိသတ်ဒွေဟ ဆွံ့အသူဒွေ ဂါးပြောဇာဝို ကြားဂေ့ရပီး၊ ကိုယ်အင်္ဂါချို့တဲ့ဝိုသူဒွေ ကောပကတိဖြစ်ဂေ့ဇာရယ်၊ ခေမသန်စွမ်းသူဒွေ လမ်းရှော့ဂေ့ဇာန၊ မျစ်မမြင်ဒွေ မျစ်စိဗြင်လာဇာဝို တွီ့ဂေ့လိုက်ရဝိုခါမှာ ရားဒိုင်းအံ့ဩဝါးဂေ့ပြီး အစ္စရေးလူမျိုးရဲ့ဘုရားရှင်ဝို ချီးမွမ်းဂေ့လေရယ်။ 32ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို ခေါ်ပီး "သူ့နို့ဟ ငါ့န တူတူ သုံးရစ်လုံးရှေ့နေခဲ့ဘေမဲ့ စားဇာဒွေမှေ့ဘဲရိတွက်ဂျော့ ငါ သနားဂရုဏာဖြစ်မိရယ်။ သူနို့ဝို ဟဲရာဇာလဲ ကျွေးဘဲန ပလန်လွှတ်ရှင်ရ၊ အဲမျိုးလွှတ်လိုက်မယ်ဆိုဝါ သူ့နို့အီပလန်လမ်းမှာ မူးလဲဝါးနိုင်ရယ်" ဆိုပီး မိတော်မူလေရယ်။ 33ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို ခေါ်ပီး "သူ့နို့ဟ ငါ့န တူတူ သုံးရစ်လုံးရှေ့နေခဲ့ဘေမဲ့ စားဇာဒွေမှေ့ဘဲရိတွက်ဂျော့ ငါ သနားဂရုဏာဖြစ်မိရယ်။ သူနို့ဝို ဟဲရာဇာလဲ ကျွေးဘဲန ပလန်လွှတ်ရှင်ရ၊ အဲမျိုးလွှတ်လိုက်မယ်ဆိုဝါ သူ့နို့အီပလန်လမ်းမှာ မူးလဲဝါးနိုင်ရယ်" ဆိုပီး မိတော်မူလေရယ်။ 34ကိုယ်တော်ယေရှုဟ သူ့နို့ဝို "နန်းနို့မှာ ပါမုဟယ်မျှရှေ့နူး" ဆိုပီး မေးဝိုခါမှာ "ပါမုခုနှေ့လုံးန ငါးသေးသေးရား ဒစ်သားရှေ့ပါရယ်" ဆိုပီး ပလန်ရှော့တံဂေ့လေရယ်။ 35အဲခါ ကိုယ်တော်ယေရှုဟ လူထုပရိသတ်ဝို ဗြစ်ခမ်းပလန်ပေါ်မှာ ထိုင်ဝို့ မိတော်မူလေရယ်။ 36အဲနော့ မုခုနှေ့လုံးန ငါးဒွေဝိုယူပီး ရွှေဗြို့တော်ဝိုမျှော်ကေ့ပီး ဘုရားရှင်ရဲ့ကျေးဇူးတော်ဝို ချီးမွှမ်းပြီးန မုဒွေဝိုဖဲ့ပီး ဗြိတော်ဒွေဟနေတဆင့် လူထုပရိသတ်ဂီးဝို ပေးဝီခိုင်းလေရယ်။ 37သူ့နို့ ဝဝလင်လင်စားသော့ဂေ့ပြီးနော့ ဗြိတော်ဒွေဟ ကြွင်းကျန်ဒွေဝို ကော့ယူသီးဆဲရာမှာ တောခုနှေ့တောရလေရယ်။ 38စားသော့ဂေ့ဝိုလူဒွေထဲမှာ မျိုးမီးဒွေန သားဂန်းရားဒွေအပြင် ယော့ကျားသားဦးရေ လေးထော်လော့ရှေ့ရယ်။ 39အဲနော့ ကိုယ်တော်ဟ လူထုပရိသတ်ဒွေဝို ပလန်လွှတ်တော်မူပြီးန လှေပေါ်ဝိုတက်ပီး မာဂဒါလရပ်ဒေသဝို ကြွတော်မူလေရယ်။