ဆုတောင်းပတ္ထနာပြုကြပါစို့နမူနာ

ယနေ့၊ မိမိဝိညာဉ်ရေးကို ကြည့်ရှုပြုစုလျက် လမ်းပြသောသူများအဖို့ အထူးဆုတောင်းပေးပါ။ တမန်တော်ကြီး ရှင်ပေါလုသည် ဖိလေမုန်အတွက် ဆုတောင်းပေးခဲ့သလို၊ သူတစ်ပါး၏ ဝိညာဉ်ရေးကို သမ္မာသတိရှိရှိ ဦးဆောင်စေဖို့ ဆုတောင်းပါ။ မိတ်ဆွေဘယ်လောက်ပဲ ရင့်ကျက်နေပါစေ၊ သူတစ်ပါးသည် မိတ်ဆွေကို သင်ပေးနိုင်သလို၊ မိတ်ဆွေသည် သူတစ်ပါးကို အမြဲသင်ပေးနိုင်သည်။ စိတ်နာသူများနှင့် ပျောက်ဆုံးသူများသည် အသင်းတော်၏ မေတ္တာပို့ခြင်းဖြင့် ကယ်တင်ရှင်ယေရှုဘုရားထံ ရောက်နိုင်မည့်အကြောင်း ဆုတောင်းပေးပါ။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း

မိမိ၏ ဆုတောင်းခြင်းအသက်တာ တည်ဆောက်စေဖို့ အလွန်ကောင်းသောနည်းလမ်းမှာ သူတစ်ပါး၏ ပတ္ထနာစကားကို လေ့လာလျက် သင်ယူခြင်း ဖြစ်သည်။ ဤအစီအစဥ်သည် မတူညီသောအခြေအနေများတွင်နှင့် မတူညီသောရည်ရွယ်ချက်များအဖို့ သမ္မာကျမ်းစာရှိ သူရဲကောင်းမြတ်များ၏ ပတ္တနာစကားကို နားဆင်အခွင့်ပေးသလို၊ ဆရာ Craig Groeschel ၏ ဆုတောင်းပတ္ထနာပြုကြပါစို့ တရားဟောစီးရီးကို ကိုးကားပါသည်။ (ဤတရားဟောစီးရီးသည် life.church မှာ ကြည့်ရှုနားဆင်နိုင်ပါသည်)။ တစ်ယောက်တည်းသာ ဆုတောင်းလေ့ရှိသူ မဖြစ်ပါစေနှင့်။ ဤအစီစဉ်ကို မိမိဓမ္မမိတ်ဆွေများနှင့်အတူ လေ့လာပါ။
More
စပ်ဆိုင်သောအစီအစဉ်များ

ယေရှု၏ ဘုရားဇာတိတော်ကို အတည်ပြုသောအကြောင်း (၅) ရပ်

ဆာလံကျမ်း ၁၁၉ အရ၊ နှုတ်ကပတ်တော်တရား

BibleProject | ယေရှုနှင့် လူသားမျိုးနွယ်သစ်

BibleProject | ဘုရားသခင်၏ထာဝရမေတ္တာ

BibleProject | တမန်တော်ပေါလုအကြောင်းလေ့လာချက်

BibleProject | ကားစင်တင်ခြင်းခံဘုရင်

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု

ဉာဏ်အရာ၌ အသက်ကြီးသောသူ ဖြစ်ကြလော့

ဖတ်သောအရာကို နားလည်ပါသလား
