YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:21-25

ယေရမိမြည်တမ်း 3:21-25 Judson Bible (JBMLE)

ထို​သို့ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​သည် ဆင်​ခြင်၍​သ​တိ​ရ​သော​အ​ခါ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။ ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။

ယေရမိမြည်တမ်း 3:21-25 Common Language Bible (BCL)

သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။

ယေရမိမြည်တမ်း 3:21-25 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ပြန်​၍​ဆင်ခြင်​ကြည့်​သောအခါ ငါ​၌ မျှော်လင့်ချက်​ရှိ​လာ​ပါ​ပြီ​။ ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။ နံနက်တိုင်း ကရုဏာ​တော်​အသစ်​ကို ခံစား​ရ​ပါ​၏​။ သစ္စာ​တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ “​ထာဝရဘုရား​သည် ငါ​၏​ဝေစု​ဖြစ်​တော်မူ​၏​”​ဟု ငါ့​စိတ်​ထဲ၌​ဆို​လျက် ကိုယ်တော်​ကို မျှော်လင့်ကိုးစား​ပါ​မည်​။ ထာဝရဘုရား​ကို စောင့်မျှော်​သော​သူ​၊ ထာဝရဘုရား​ကို ရှာ​သော​သူ​ကို ကိုယ်တော်​ကောင်းစား​စေ​တော်မူ​ပါ​၏​။