သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အတွက်ပြုတော်မူသော အံ့သြဖွယ်ရာများအတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ သူတို့သည်ကိုယ်တော်ကြီးမြတ်တော်မူပုံကို လူတို့ စုဝေးရာအရပ်၌ထုတ်ဖော်ကြေညာကြရပေမည်။ ခေါင်းဆောင်များအစည်းအဝေး၌ကိုယ်တော်ကို ထောမနာပြုကြရပေမည်။ ထာဝရဘုရားသည်မြစ်များကိုလုံးဝ ခန်းခြောက်စေတော်မူ၏။ စမ်းချောင်းများကိုလည်းဆို့ပိတ်၍ထားတော်မူ၏။ ပြည်သူတို့၏ယုတ်မာမှုကြောင့်ကိုယ်တော်သည် မြေကောင်းမြေသန့်ကို အသုံးမဝင်သည့်ဆားမြေအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။ ကိုယ်တော်သည်သဲကန္တာရများကိုရေအိုင်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သည့်ဒေသများကိုစမ်းရေပေါက် အဖြစ်သို့လည်းကောင်းပြောင်းလဲစေတော်မူ၏။ ထိုဒေသတွင်အစာငတ်မွတ်သူတို့အား နေထိုင်ခွင့်ပေးတော်မူ၏။ သူတို့သည်လည်းမိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။ သူတို့သည်လယ်ယာလုပ်ကိုင်ကာစပျစ်ပင် များကို စိုက်ပျိုးကြ၏။ ယင်းတို့သည်များစွာသောအသီးအနှံ တို့ကိုဆောင်ကုန်၏။ ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။ ဘုရားသခင်၏လူစုတော်သည်ရက်စက်စွာ ဖိစီးနှိပ်စက်မှုနှင့်ဆင်းရဲဒုက္ခများကြောင့် အရေးရှုံးနိမ့်ကာအရှက်တကွဲဖြစ်ရကြ သောအခါ ကိုယ်တော်သည်ယင်းသို့ဖိစီးနှိပ်စက်သူများအား စက်ဆုပ်ရွံရှာ၍ လမ်းမရှိသည့်သဲကန္တာရတွင်လှည့်လည် သွားလာစေတော်မူ၏။ သို့ရာတွင်ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူ တို့ကို ဆင်းရဲဒုက္ခမှကယ်ဆယ်တော်မူ၍ သူတို့၏အိမ်ထောင်စုများကိုသိုးအုပ်များ သဖွယ် တိုးပွားစေတော်မူ၏။ သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်၍ဝမ်းမြောက်ကုန်၏။ သူယုတ်မာအပေါင်းတို့သည်ကားနှုတ်ပိတ်၍ နေရကြ၏။ အသိပညာရှိသူတို့သည်ဤအမှုအရာ တို့ကို နှလုံးသွင်း၍ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုစဉ်းစားဆင်ခြင်ကြစေ။
ဆာလံ 107 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဆာလံ 107:31-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ