YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောလ 2:25-28

ယောလ 2:25-28 JBMLE

အ​ရာ​ဘ​ကျိုင်း၊ ယာ​လက်​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း၊ ဂါ​ဇံ​ကျိုင်း​တည်း​ဟူ​သော ငါ​စေ​လွှတ်​သော ငါ၏​မ​ဟာ​ဗိုလ်​ခြေ​တို့ ကိုက်​စား​သော နှစ်​ပေါင်း​ကာ​လ​ကို ငါ​ပြန်​ပေး​မည်။ သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၏​အ​လယ်၌ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဘု​ရား မ​ရှိ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘု​ရား​သ​ခင် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။ ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။