YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 4:1-12

ဂလာတိ 4:1-12 JBMLE

တစ်​ဖန်​တုံ၊ အ​မွေ​ခံ​မည်​သည်​ကား၊ ဥ​စ္စာ​ရှိ​သ​မျှ​ကို ပိုင်​ထိုက်​သော​သူ ဖြစ်​သော်​လည်း၊ အ​ရွယ်​မ​ရောက်​မီ ကာ​လ​ပတ်​လုံး အ​စေ​အ​ပါ​ကျွန်​နှင့် တူ၏။- အ​ဘ​စီ​ရင်​နှင့်​သော အ​ချိန်​ကာ​လ မ​ရောက်​မီ​တိုင်​အောင် အ​စောင့်​အ​ထိန်း အ​အုပ်​အ​ချုပ်​တို့ လက်၌ ရှိ၏။- ထို​နည်း​တူ​ငါ​တို့​သည် အ​ရွယ်​မ​ရောက်​မီ လော​ကီ​တ​ရား​နု​လက်၌ ကျွန်​ခံ​ရ​ကြ၏။- အ​ချိန်​ကာ​လ​စေ့​သော​အ​ခါ၊ ငါ​တို့​သည် သား၏​အ​ခွင့်​အ​ရာ​ကို ခံ​ရ​မည်​အ​ကြောင်း၊- ပ​ညတ်​တ​ရား​လက်၌​ရှိ​သော ငါ​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ၊ မိန်း​မ​ဝမ်း၌ ပ​ဋိ​သ​န္ဓေ​ယူ၍ ပ​ညတ်​တ​ရား​အောက်၌ ဖွား​မြင်​ရ​သော သား​တော်​ကို ဘု​ရား​သ​ခင်​သည် စေ​လွှတ်​တော်​မူ၏။- ထို​သို့​သင်​တို့​သည် သား​ဖြစ်​သော​ကြောင့် အ​ဗ္ဗ​အ​ဘ​ဟု ခေါ်​တတ်​သော သား​တော်၏​ဝိ​ညာဉ်​တော်​ကို သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ၏။- သို့​ဖြစ်၍ သင်​တို့​သည် နောက်​တစ်​ဖန် အ​စေ​အ​ပါ​ကျွန် မ​ဖြစ်၊ သား​ပင် ဖြစ်​ကြ၏။ သား​ဖြစ်​လျှင် ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်၏ အ​မွေ​ခံ​လည်း ဖြစ်​ကြ၏။ သို့​သော်​လည်း အ​ထက်​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​အ​ခါ၊ ဇာ​တိ​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ကြ၏။- ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။- နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​ကာ​လ​များ​ကို စောင့်​ကြ​ပြီ​တ​ကား။- ငါ​သည်​သင်​တို့​ဆီ​မှာ အ​ချည်း​နှီး ကြိုး​စား​အား​ထုတ်​သည်​ဟု သင်​တို့၏​အ​ကြောင်း​ကြောင့် စိုး​ရိမ် လျက်​ရှိ၏။- ညီ​အစ်​ကို​တို့၊ သင်​တို့​ကဲ့​သို့​ငါ​ဖြစ်၏။ ငါ​ကဲ့​သို့ သင်​တို့​ဖြစ်​ကြ​လော့​ဟု ငါ​တောင်း​ပန်၏။ သင်​တို့​သည် ငါ့​ကို အ​လျှင်း​မ​ပြစ်​မှား​ကြ။