YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 37:15-28

ယေဇကျေလ 37:15-28 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ အ​ချင်း​လူ​သား၊ တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယု​ဒ​အ​မျိုး​နှင့် သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ဖို့​ဟု ရေး​မှတ်​လော့။ တစ်​ဖန် တုတ်​တစ်​ချောင်း​ကို​ယူ၍၊ ယော​သပ်​အ​မျိုး​နှင့် သူ၏ အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အ​ဖို့၊ ဧ​ဖ​ရိမ်​တုတ်​ပေ​တည်း​ဟု ရေး​မှတ်​လော့။ ထို​တုတ်​နှစ်​ချောင်း​ကို တစ်​ချောင်း​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပူး​ထား၍၊ ထို​တစ်​ချောင်း​တည်း​သော တုတ်​ကို လက်​စွဲ​လော့။ သင်၏​အ​မျိုး​သား​ချင်း​တို့​က၊ ထို​သို့​ပြု​သော်၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို ငါ​တို့​အား​မ​ပြော​သင့်​သ​လော​ဟု မေး​လျှင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဧ​ဖ​ရိမ်​ကိုင်​သော ယော​သပ်၏​တုတ်​နှင့်၊ သူ၏​အ​ပေါင်း​အ​ဖော် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့​ကို ငါ​ယူ၍ ယု​ဒ​တုတ်​နှင့်​အ​တူ ပူး​ထား​ပြီး​လျှင်၊ တစ်​ချောင်း​တည်း​ဖြစ်​သော တုတ်​ကို ငါ​လက်​စွဲ​မည်​ဟု ဆင့်​ဆို​လျက်၊ သင်​ရေး​မှတ်​သော ထို​တုတ်​ကို သူ​တို့​မျက်​မှောက်၌ လက်​စွဲ​လျက်​နေ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား နေ​ရာ​အ​ရပ်​ရပ်​တို့​မှ သူ​တို့​ကို​ငါ​ခေါ်​ခဲ့၍ စု​ဝေး​စေ​ပြီး​လျှင်၊ သူ​တို့​ကို နေ​ရင်း​ပြည်​သို့ ပို့​ဆောင်​မည်။ ထို​ပြည်​တွင် ဣ​သ​ရေ​လ​တောင်​တို့​အ​ပေါ်၌ လူ​တစ်​မျိုး​တည်း​ဖြစ်​စေ၍၊ ရှင်​ဘု​ရင်​တစ်​ပါး​တည်း​သာ​လျှင် ထို​သူ​အ​ပေါင်း​တို့​ကို စိုး​စံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန် သူ​တို့​သည် လူ​နှစ်​မျိုး​မ​ဖြစ်​ရ။ နှစ်​တိုင်း​နှစ်​ပြည် ကွဲ​ပြား​လျက်​မ​ရှိ​ရ။ နောက်​တစ်​ဖန် သူ​တို့​ရုပ်​တု​များ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ၊ လွန်​ကျူး​ခြင်း​အ​မှု​များ​နှင့် ကိုယ်​ကို မ​ညစ်​ညူး​စေ​ရ​ကြ။ သူ​တို့​ပြစ်​မှား​လေ​ရာ​ရာ အ​ရပ်​တို့​မှ ငါ​ကယ်​နုတ်၍ သန့်​ရှင်း​စေ​မည်။ သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏​ဘု​ရား​သ​ခင် ဖြစ်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည် သူ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သိုး​ထိန်း​တစ်​ဦး​တည်း ရှိ​ကြ​လိမ့်​မည်။ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တ​ရား​လမ်း​သို့​လိုက်၍ စောင့်​ရှောက်​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။ ထို​မှ​တစ်​ပါး၊ သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ပ​ဋိ​ညာဉ်​ကို ငါ​ဖွဲ့၍၊ ထို​ပ​ဋိ​ညာဉ်​သည် နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ် ဖြစ်​လိမ့်​မည်။ သူ​တို့​ကို​နေ​ရာ​ချ၍ များ​ပြား​စေ​မည်။ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​ထား​မည်။ ငါ၏​ဗိ​မာန်​တော်​သည်​လည်း သူ​တို့၌​ရှိ၍၊ ငါ​သည် သူ​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​သည် သူ​တို့​အ​လယ်၌ အ​စဉ်​အ​မြဲ​တည်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို သန့်​ရှင်း​စေ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။