YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရာဇဝင်ချုပ် 4

4
ဗိ​မာန်​တော်​အ​တွက်​တန်​ဆာ​များ
(၃​ရာ၊ ၇:၂၃-၅၁)
1အ​လျား အ​တောင်​နှစ်​ဆယ်၊ အ​နံ​အ​တောင် နှစ်​ဆယ်၊ အ​မြင့် ဆယ်​တောင်​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို​လည်း လုပ်​လေ၏။#ထွ၊ ၂၇:၁-၂။
2အ​ချင်း ဆယ်​တောင်၊ အ​ဝန်း အ​တောင်​သုံး​ဆယ်၊ အ​ဇောက် ငါး​တောင်​ရှိ​သော ကြေး​ဝါ​ရေ​ကန်​ကို​လည်း လုပ်​လေ၏။ 3ရေ​ကန်​အ​နား​ပတ်​အောက်​ပတ်​လည်၌ ဘူး​သီး​ရုပ်​များ၊ အ​တောင်​တစ်​ထောင်​တွင် ဆယ်​လုံး​စီ​စေ့​အောင်၊ ဘူး​သီး​ရုပ်​နှစ်​ပတ်​ကို ရေ​ကန်​နှင့် တစ်​စပ်​တည်း သွန်း​လေ၏။ 4နွား​တစ်​ဆယ်​နှစ်​ခု​ပေါ်​မှာ တည်​လျက်​ရှိ၏။ နွား​တို့​သည် အ​တွင်း​သို့​နောက်​ခိုင်း၍ အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​သို့ တစ်​မျက်​နှာ​လျှင်​သုံး​ခု​စီ မျက်​နှာ​ပြု​ကြ၏။ 5ရေ​ကန်​သည် ဒု​လက်​တစ်​ဝါး​ရှိ၏။ အ​ပေါ်​အ​နား​ပတ်​လည်​သည် ဖ​လား​အ​နား​ပတ်​ကဲ့​သို့ ကြာ​ပွင့်​အ​ပြောက်​နှင့် ပြည့်​စုံ၏။ ရေ​ဗတ် သုံး​ထောင်​ဝင်​နိုင်၏။
6မီး​ရှို့​ရာ​ယဇ်​နှင့်​ဆိုင်​သော အ​ရာ​တို့​ကို ဆေး​စ​ရာ​ဖို့ အင်​တုံ​ဆယ်​လုံး​ကို​လည်း​လုပ်၍၊ လက်​ယာ​ဘက်၌ အင်​တုံ​ငါး​လုံး၊ လက်​ဝဲ​ဘက်၌ ငါး​လုံး​ကို ထား​လေ၏။ ရေ​ကန်​မူ​ကား ယဇ်​ပု​ရော​ဟိတ် ရေ​ချိုး​စ​ရာ​ဖို့ ဖြစ်​သ​တည်း။#ထွ၊ ၃၀:၁၇-၂၁။ 7ရွှေ​မီး​ခုံ​ဆယ်​ခု​ကို​လည်း အ​ရင်​ပုံ​နှင့်​အ​ညီ လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌​ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။#ထွ၊ ၂၅:၃၁-၄၀။ 8စား​ပွဲ​ဆယ်​ခု​ကို​လည်း​လုပ်၍ ဗိ​မာန်​တော်​အ​တွင်း လက်​ယာ​ဘက်၌ ငါး​ခု၊ လက်​ဝဲ​ဘက်၌ ငါး​ခု​ကို ထား​လေ၏။ ရွှေ​ဖ​လား​တစ်​ရာ​ကို​လည်း လုပ်​လေ၏။ #ထွ၊ ၂၅:၂၃-၃၀။ 9ယဇ်​ပု​ရော​ဟိတ်​တံ​တိုင်း၊ ပြင်​တံ​တိုင်း​ကြီး၊ တံ​တိုင်း​တံ​ခါး​ရွက်​များ​ကို​လည်း လုပ်၍ တံ​ခါး​ရွက်​တို့​ကို ကြေး​ဝါ​ဖြင့် ဖုံး​အုပ်​လေ၏။ 10ရေ​ကန်​ကို​လည်း အိမ်​တော်​လက်​ယာ​ဘက် အ​ရှေ့​တောင်​ထောင့်၌ နေ​ရာ​ချ၏။
11ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ လက်​စ​သတ်​သော အ​ရာ​များ​ဟူ​မူ​ကား၊ 12တိုင်​နှစ်​တိုင်၊ တိုင်​ထိပ်​နှင့် တိုင်​ထိပ်​အ​ထွဋ်​နှစ်​ခု၊ တိုင်​ထိပ်​အထွတ်​ကို ဖုံး​လွှမ်း​စ​ရာ ကွန်​ရွက်​နှစ်​ရွက်၊ 13ထို​ကွန်​ရွက်​အ​ပေါ်​မှာ သ​လဲ​သီး​နှစ်​တန်း​စီ၊ သ​လဲ​သီး​ပေါင်း​လေး​ရာ၊ 14ခုံ​များ၊ ခုံ​ပေါ်​မှာ​တင်​ထား​သော အင်​တုံ​များ၊ 15ရေ​ကန်​တစ်​ကန်၊ ရေ​ကန်​ကို​ထောက်​သော နွား​တစ်​ဆယ်​နှစ်​ခု၊ အိုး​များ၊ ရေ​မှုတ်​များ၊ အ​မဲ​ချိတ်​များ​တည်း။ 16ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။ 17ယော်​ဒန်​ချိုင့်၊ သု​ကုတ်​မြို့​နှင့် ဇာ​သန်​မြို့​စပ်​ကြား​တွင်၊ သ​ရွတ်​လုပ်​စ​ရာ ကောင်း​သော​မြေ၌ ရှင်​ဘု​ရင်​သွန်း​လေ၏။ 18ရှော​လ​မုန်​သည် ထို​တန်​ဆာ​တို့​ကို များ​စွာ​လုပ်​သော​ကြောင့်၊ ကြေး​ဝါ​အ​ချိန်​ကို အ​ဘယ်​သူ​မျှ​မ​သိ။
19ရှော​လ​မုန်​သည်​လည်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ​စား​ပွဲ၊ 20တ​ရား​တော်​အ​တိုင်း ဗျာ​ဒိတ်​ဌာ​န​တော်​ရှေ့​မှာ ထွန်း​စ​ရာ​ဖို့ ရွှေ​စင်​မီး​ခုံ​နှင့်​မီး​ခွက်​များ၊ 21ရွှေ​စင်​ဖြင့်​ပြီး​သော ပန်း​ပွင့်၊ မီး​ခွက်၊ မီး​ကိုင်​တန်​ဆာ​များ၊ 22ရွှေ​စင်​ဖြင့်​ပြီး​သော မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အိမ်​တော်​ထဲ​မှာ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​တွင်း​ခန်း​တံ​ခါး​ရွက်​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း တံ​ခါး​ရွက်​တို့​ကို​လည်း ရွှေ​ဖြင့်​ပြီး​စေ၏။

လက်ရှိရွေးချယ်ထားမှု

၂ ရာဇဝင်ချုပ် 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။