YouVersion လိုဂို
ရှာရန် အိုင်ကွန်

က~မ္ဘာ~ဦး~ကျမ်း။ 1

1
1အ စ အ ဦး ၌ ဘု ရား သ ခင် သည် မိုး မြေ ကို ဖန် ဆင်း တော် မူ ၏။ 2မြေ ကြီး သည် ပုံ သ ဏ္ဌာန် မ ရှိ၊ လ ဟာ သက် သက် ဖြစ် လျက် ရေ ထု ရေ ပြင် ပေါ် မှာ မှောင် မိုက်၍ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် သည် ရေ မျက် နှာ ပြင် ပေါ် မှာ ကိန်း ဝပ် တော် မူ ၏။ 3ဘု ရား သ ခင် က၊ အ လင်း ဖြစ် စေ ဟု အ မိန့် တော် ရှိ၍ အ လင်း ဖြစ် လေ ၏။ 4ထို အ လင်း ကောင်း သည် ကို ဘု ရား သ ခင် ရှု မြင်၍၊ အ လင်း နှင့် မှောင် မိုက် ကို ပိုင်း ခြား ခွဲ ထား တော် မူ ၏။ 5အ လင်း ကို နေ့ ဟူ ၍ လည်းကောင်း၊ မှောင် မိုက် ကို ညဉ့် ဟူ ၍ လည်း ကောင်း ဘု ရား သ ခင် သ မုတ် တော် မူ၏။ တစ် ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။
6ဘု ရား သ ခင် က လည်း ရေ အ လယ်၌ မိုး ပိ တာန် ဖြစ် စေ သ ဖြင့် ရေ နှင့် ရေ ချင်း ပိုင်း ခြား ခွဲ ထား စေ ဟု အ မိန့် တော် ရှိ လျက်၊ 7မိုး ပိ တာန် ကို ဘု ရား သ ခင် ကြက် တော် မူ၍ မိုး ပိ တာန် အောက်၌ ရှိ သော ရေ နှင့် မိုး ပိ တာန် အ ပေါ် ၌ ရှိ သော ရေ ကို ပိုင်း ခြား တော် မူ သည့် အ တိုင်း ဖြစ် လေ ၏။ 8မိုး ပိ တာန် ကို ကောင်း ကင် ဟု ဘု ရား သ ခင် သ မုတ် တော် မူ၏။ ဒု တိ ယ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။
9ဘု ရား သ ခင် က လည်း ကောင်း ကင် အောက်၌ ရှိ သော ရေ များ တစ် နေ ရာ ၌ စု ဝေး စေ၊ ကုန်း လည်း ပေါ် စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဖြစ် လေ ၏။ 10ကုန်း ကို မြေ ဟူ ၍ လည်း ကောင်း၊ ရေ စု ဝေး ရာ ကို သ မု ဒ္ဒ ရာ ဟူ ၍ လည်း ကောင်း၊ ဘုရား သ ခင် သ မုတ် တော် မူ လျက်၊ ထို အ မှု အ ရာ ကောင်း သည် ကို ဘု ရား သ ခင် ရှု မြင် တော် မူ ၏။ 11ဘု ရား သ ခင် က လည်း မြေ သည် အ ပင် အ မျိုး မျိုး တည်း ဟူ သော၊ အ သီး အ နှံ ဖြစ် စေ သည့် ကောက် ပဲ ကို လည်း ကောင်း၊ မျိုး စေ့ ပါ လျက် အ မျိုး အ လိုက် အ သီး သီး သည့် သစ် ပင် ကို လည်း ကောင်း၊ မိ မိ အ ပေါ် မှာ ပေါက် စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဖြစ် လေ ၏။ 12မြေ သည် အ ပင် အ မျိုး မျိုး တည်း ဟူ သော၊ အ သီး အ နှံ ဖြစ် စေ သည့် ကောက် ပဲ ကို လည်း ကောင်း၊ မျိုး စေ့ ပါ လျက် အ မျိုး အ လိုက် အ သီး သီး သည့် သစ် ပင် ကို လည်း ကောင်း ပေါက် စေ၍ ထို အ မှု အ ရာ ကောင်း သည် ကို ဘု ရား သ ခင် ရှု မြင် တော် မူ ၏။ 13တ တိ ယ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။
14ဘု ရား သ ခင် က လည်း နေ့ နှင့် ညဉ့် ကို ပိုင်း ခြား စေ ခြင်း ငှါ မိုး ကောင်း ကင် ပိ တာန် ၌ အ လင်း အိမ် များ တည် သ ဖြင့်၊ 15နိ မိတ် လ က္ခ ဏာ၊ ဥ တု ရာ သီ၊ နှစ်၊ လ၊ နေ့ ရက် များ ကို သတ် မှတ် ရန် ဖြစ် လျက်၊ မြေ ကြီး လင်း စေ ရန် မိုး ကောင်း ကင် ပိ တာန် ၌ အ လင်း အိမ် ဖြစ် စေ ဟု အ မိန့် တော် ရှိ သည့် အ တိုင်း ဖြစ် လေ ၏။ 16ထို သို့ ဘု ရား သ ခင် သည် အ လင်း အိမ် ကြီး နှစ် လုံး တည်း ဟူ သော နေ့ ကို အုပ် စိုး ရန် အ ကြီး တစ် လုံး၊ ညဉ့် ကို အုပ် စိုး ရန် အ ငယ် တစ် လုံး နှင့် တ ကွ ကြယ် န က္ခတ် များ ကို ဖန် ဆင်း တော် မူ ပြီး လျှင်၊ 17-18မြေ ကြီး လင်း စေ ခြင်း ငှါ လည်း ကောင်း၊ နေ့ နှင့် ညဉ့် ကို အုပ် စိုး စေ ခြင်း ငှါ လည်း ကောင်း၊ အ လင်း နှင့် မှောင် မိုက် ကို ပိုင်း ခြား စေ ခြင်း ငှါ လည်း ကောင်း၊ မိုး ကောင်း ကင် ပိ တာန် ၌ ဘု ရား သ ခင် တည် ထား ၍ ထို အ မှု အ ရာ ကောင်း သည် ကို ရှု မြင် တော် မူ ၏။ 19စ တု တ္ထ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။
20ဘု ရား သ ခင် က လည်း သက် ရှိ သ တ္တ ဝါ တို့ ကို ရေ သည် ဖြစ် ပွား များ ပြား စေ။ လေ သ တ္တ ဝါ တို့ လည်း မြေ အ ထက် မိုး ကောင်း ကင် ပိ တာန် ပြင်၀ယ် ပျံ ဝဲ ကြ စေ ဟု အ မိန့် တော် ရှိ ၏။ 21ထို သို့ လျှင် ဘု ရား သ ခင် သည် ငါး ကြီး အာ န န္ဒာ မှ စ၍ ရေ မှ အ မျိုး အ လိုက် ဖြစ် ပွား များ ပြား လျက်၊ လှုပ် ရှား တတ် သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ ကို လည်း ကောင်း၊ ပျံ ဝဲ တတ် သော အ မျိုး အ လိုက် လေ သ တ္တ ဝါ အ ပေါင်း တို့ ကို လည်း ကောင်း ဖန် ဆင်း၍ ထို အ မှု အ ရာ ကောင်း သည် ကို ရှု မြင် တော် မူ ၏။ 22ဘု ရား သ ခင် က လည်း များ ပြား စွာ ပေါက် ဖွား ကြ လော့။ ပင် လယ် ရေ များ ကို ပြည့် စေ ကြ လော့။ လေ သ တ္တ ဝါ တို့ လည်း မြေ ပေါ် တွင် ပေါက် ပွား စေ သ တည်း ဟု အ မိန့် တော် ရှိ ၍ ကောင်း ကြီး ပေး တော် မူ ၏။ 23ပ ဥ္စ မ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ၏။
24ဘု ရား သ ခင် က လည်း မြေ သည် သက် ရှိ သ တ္တ ဝါ မျိုး တည်း ဟူ သော သား ယဉ် သား ရဲ မျိုး၊ တွား တတ် သော တိ ရ စ္ဆာန် တို့ ကို အ မျိုး အ လိုက် ပေါက် ပွား စေ ဟု အ မိန့် တော် ရှိ သည် အ တိုင်း ဖြစ် လေ ၏။  25ထို သို့ ဘု ရား သ ခင် သည် သား ရဲ သား ယဉ် မျိုး၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ ပေါင်း တို့ ကို အ မျိုး အ လိုက် ဖန် ဆင်း ၍ ထို အ မှု အ ရာ ကောင်း သည် ကို ရှု မြင် တော် မူ ၏။ 26ဘု ရား သ ခင် က လည်း ငါ တို့ ပုံ သ ဏ္ဌာန် အ သွင် လူ ကို ဖန် ဆင်း ကြ ကုန် အံ့။ လူ သည် ရေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ လေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ သား ယဉ် တို့ ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး နှင့် တ ကွ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ ပေါင်း တို့ ကို လည်း ကောင်း၊ အုပ် စိုး စေ ဟု အ မိန့် တော် ရှိ ၏။ 27ထို သို့ ဘု ရား သ ခင် သည် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ လူ ကို ဖန် ဆင်း တော် မူ၏။ ဘု ရား သ ခင်၏ ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ လူ ကို ဖန် ဆင်း၍ ယောက်ျား နှင့် မိန်း မ ကို ဖြစ် စေ တော် မူ ၏။ 28ဘု ရား သ ခင် သည် ထို သူ တို့ အား ကောင်း ကြီး ပေး လျက် များ ပြား စွာ မွေး ဖွား ကြ လော့။ မြေ ကြီး ကို ပြည့် စေ၍ နိုင် နင်း ကြ လော့။ ရေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ လေ သ တ္တ ဝါ တို့ ကို လည်း ကောင်း၊ မြေ ပေါ် မှာ တွား တတ် သော သက် ရှိ တိ ရ စ္ဆာန် အ ပေါင်း တို့ ကို လည်း ကောင်း အုပ် စိုး ကြ လော့ ဟု မိန့် တော် မူ ၏။ 29ဘု ရား သ ခင် က လည်း မြေ တစ် ပြင် လုံး ၌ အ သီး အ နှံ ဖြစ် စေ သော ကောက် ပဲ အ မျိုး မျိုး ကို လည်း ကောင်း၊ မျိုး စေ့ ပါ လျက် အ သီး သီး သော သစ် ပင် အ မျိုး မျိုး ကို လည်း ကောင်း သင် တို့ စား သုံး ရန် ငါ ပေး ၏။ 30မြေ သ တ္တ ဝါ၊ လေ သ တ္တ ဝါ၊ မြေ ပေါ် မှာ တွား တတ် သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ စား ကြ ရန် မြက် ပင် အ မျိုး မျိုး ကို ငါ ပေး သည် ဟု မိန့် တော် မူ သည့် အ တိုင်း ဖြစ် လေ ၏။ 31ဘု ရား သ ခင် သည် ဖန် ဆင်း တော် မူ သ မျှ ကို ကြည့် ရှု လျှင် အ လွန် ကောင်း စွ ဟု သိ မြင် တော် မူ ၏။ ဆ ဌ မ ရက် တည်း ဟူ သော ညဉ့် နှင့် နေ့ ဖြစ် လေ ၏။

လက်ရှိရွေးချယ်ထားမှု

က~မ္ဘာ~ဦး~ကျမ်း။ 1: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။