ရှာဖွေမှုရလဒ် romans 15:13
ရောမ 15:13 (JBMLE)
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
တရားသူကြီး 15:13 (JBMLE)
သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
ရှင်ယောဟန် 15:13 (JBMLE)
ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။-
တမန်တော် 15:13 (JBMLE)
ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။-
ယောရှု 15:13 (JBMLE)
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္နာ၏သား ကာလက်အဖို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘ၏မြို့ကို ချပေးလေ၏။
ယောဘ 15:13 (JBMLE)
သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။
ယေရမိ 15:13 (JBMLE)
သင်၏ပြည် တစ်လျှောက်လုံး၌ သင်ပြုသောအပြစ်များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဖိုးမခံဘဲ လုယူသော သူတို့လက်သို့ ငါပေးမည်။
ကမ္ဘာဦး 15:13 (JBMLE)
ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
ထွက်မြောက်ရာ 15:13 (JBMLE)
ရွေးတော်မူသောလူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသောနေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
ဝတ်ပြုရာ 15:13 (JBMLE)
ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကိုလျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
တောလည်ရာ 15:13 (JBMLE)
ပြည်သားအပေါင်းတို့သည် မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှာ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
တရားဟောရာ 15:13 (JBMLE)
လွှတ်သောအခါ၊ လက်ချည်းမလွှတ်ဘဲ၊
ရှင်မဿဲ 15:13 (JBMLE)
ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။-
ရှင်မာကု 15:13 (JBMLE)
ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။-
ရှင်လုကာ 15:13 (JBMLE)
ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊-
၁ ဓမ္မရာဇဝင် 15:13 (JBMLE)
ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည် ထာဝရဘုရား အမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
၂ ဓမ္မရာဇဝင် 15:13 (JBMLE)
သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
၃ ဓမ္မရာဇဝင် 15:13 (JBMLE)
အဖွားတော်မာခါသည် အာရှရပင်အဖို့ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
၄ ဓမ္မရာဇဝင် 15:13 (JBMLE)
ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင် ရှလ္လုံသည်နန်းထိုင်၍၊ ရှမာရိမြို့၌ တစ်လစိုးစံလေ၏။
၁ ရာဇဝင်ချုပ် 15:13 (JBMLE)
အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
၂ ရာဇဝင်ချုပ် 15:13 (JBMLE)
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ်မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍လည်းကောင်း၊
သုတ္တံ 15:13 (JBMLE)
ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။
ဟေဗြဲ 13:15 (JBMLE)
ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။-
ဗျာဒိတ် 13:15 (JBMLE)
သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူ ရှိသမျှတို့ကို သတ်ခြင်းငှာ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။-
တရားသူကြီး 13:15 (JBMLE)
မာနော်ကလည်း၊ ကိုယ်တော်အဖို့ ဆိတ်သငယ်ကို မပြင်ဆင်မီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊