YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် Romans 3:23

ရောမ 3:23 (JBMLE)

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ လူ​အ​ပေါင်း​တို့​သည် ဒု​စ​ရိုက်​ကို​ပြု၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​သ​ရေ​ပျက်​ကြ​ပြီ။-

တရားသူကြီး 3:23 (JBMLE)

ထို​အ​ခါ ဧ​ဟု​ဒ​သည် အ​ခန်း​ပြင်​သို့ ထွက်​ပြီး​လျှင် နန်း​တော်​တံ​ခါး​တို့​ကို ပိတ်၍ သော့​ခတ်​လေ၏။

၃ ဓမ္မရာဇဝင် 3:23 (JBMLE)

ရှင်​ဘု​ရင်​က၊ မိန်း​မ​တစ်​ယောက်​က အ​သက်​ရှင်​သော သူ​ငယ်​သည် ငါ့​သား၊ သေ​သော​သူ​ငယ်​သည် သင်၏​သား​ဖြစ်၏​ဟု​ဆို​လျက်၊ တစ်​ယောက်​က ထို​သို့​မ​ဟုတ်။ သင်၏​သား​သေ​ပြီ။ ငါ့​သား​အ​သက်​ရှင်​သည်​ဟု ဆို​သည်​ဖြစ်၍၊

ကောလောသဲ 3:23 (JBMLE)

လူ၏​အ​မှု​ကို​သာ ဆောင်​ရွက်​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ပြု​လေ​သ​မျှ​တို့၌ စေ​တ​နာ​စိတ်​နှင့် ပြု​ကြ​လော့။-

တမန်တော် 3:23 (JBMLE)

အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။-

ယောဘ 3:23 (JBMLE)

မိ​မိ​သွား​သော​လမ်း ကွယ်​ပျောက်​သော​သူ၊ ဘု​ရား​သ​ခင် ဆီး​ကာ​ချုပ်​ထား​သော​သူ​အား အ​လင်း​နှင့်​အ​သက်​ကို အ​ဘယ်​ကြောင့် ပေး​သ​နည်း။

ယေရမိ 3:23 (JBMLE)

အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။

ကမ္ဘာဦး 3:23 (JBMLE)

လူ​သည် မိ​မိ​ထွက်​သော​မြေ၌​လုပ်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်၊ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​က လွှတ်​လိုက်​တော်​မူ၏။

တောလည်ရာ 3:23 (JBMLE)

ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​တို့​သည် တဲ​တော်​အ​နောက်​မျက်​နှာ၌ နေ​ရာ​ချ​ရ​မည်။

တရားဟောရာ 3:23 (JBMLE)

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တောင်း​ပန်​သည်​ကား၊

ဒံယေလ 3:23 (JBMLE)

ထို​သူ​သုံး​ယောက်​တို့​မူ​ကား၊ တုပ်​နှောင်​လျက် ပြင်း​စွာ​လောင်​သော မီး​ဖို​ထဲ​သို့ ကျ​ရောက်​လေ၏။

ရှင်မာကု 3:23 (JBMLE)

ကိုယ်​တော်​သည် သူ​တို့​ကို​ခေါ်၍ ဥ​ပ​မာ​ကို ဆောင်​တော်​မူ​လျက်၊ စာ​တန်​သည် စာ​တန်​ကို အ​ဘယ်​သို့ နှင်​ထုတ်​နိုင်​သ​နည်း။-

ရှင်လုကာ 3:23 (JBMLE)

ထို​အ​ခါ ယေ​ရှု​သည် အ​နှစ်​သုံး​ဆယ်​ခန့်​မျှ ရှိ​တော်​မူ၏။ လူ​များ​အ​ထင်​အ​မှတ်​အား​ဖြင့် ကိုယ်​တော်၏​အ​ဘ​ကား ယော​သပ်​တည်း။ ယော​သပ်​အ​ဘ ဧ​လိ၊-

ရှင်ယောဟန် 3:23 (JBMLE)

ယော​ဟန်​သည်​လည်း၊ ရှာ​လိမ်​မြို့​နှင့်​အ​နီး အဲ​နုန်​အ​ရပ်၌ ရေ​များ​သော​ကြောင့်၊ ဗ​တ္တိ​ဇံ​ကို​ပေး၍ နေ​သ​ဖြင့်၊ လူ​များ​တို့​သည်​လာ၍ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-

ဂလာတိ 3:23 (JBMLE)

ယုံ​ကြည်​ခြင်း​တ​ရား​မ​ရောက်​မီ ပ​ညတ်​တ​ရား​သည် စောင့်​နေ​သည်​ဖြစ်၍၊ ထို​အ​ခါ​ငါ​တို့​သည် နောက်၌ ထင်​ရှား​လ​တ္တံ့​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို မျှော်​လ​င့်၍ ချုပ်​ထား​လျက်​ရှိ​ကြ၏။-

၂ ဓမ္မရာဇဝင် 3:23 (JBMLE)

ယွာ​ဘ​နှင့် သူ၌​ပါ​သော စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ နေ​ရ၏​သား အာ​ဗ​နာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ လာ​ပြီ။ ရှင်​ဘု​ရင်​သည်​လည်း လွှတ်​လိုက်၍၊ သူ​သည်​ငြိမ်​ဝပ်​စွာ​သွား​ပြီ​ဟု ယွာ​ဘ​အား​ကြား​ပြော​လျှင်၊

၄ ဓမ္မရာဇဝင် 3:23 (JBMLE)

အ​သွေး​ဖြစ်၏။ စင်​စစ်​ရှင်​ဘု​ရင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​လုပ်​ကြံ၍ သေ​ကြ​ပြီ။ သို့​ဖြစ်၍ မော​ဘ​ပြည်​သား​တို့၊ လု​ယူ​ကြ​လော့​ဟု​ဆို​ကြ၏။

၁ ရာဇဝင်ချုပ် 3:23 (JBMLE)

နာ​ရိ​သား​ကား ဧ​လိ​ဩ​နဲ၊ ဟေ​ဇ​ကိ၊ အာ​ဇ​ရိ​ကံ၊ ပေါင်း​သုံး​ယောက်​တည်း။

နေဟမိ 3:23 (JBMLE)

သူ​တို့​နောက်​မှ၊ ဗင်္ယာ​မိန်​နှင့် ဟာ​ရှုပ်​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်​ကြ၏။ သူ​တို့​နောက်​မှ၊ အာ​န​နိ​သား​ဖြစ်​သော မာ​သေ​ယ၏​သား အာ​ဇ​ရိ​သည် မိ​မိ​အိမ် တစ်​ဖက်​တစ်​ချက်၌ ပြင်၏။

သုတ္တံ 3:23 (JBMLE)

သင်​သည် ခ​ရီး​သွား​ရာ၌​ဘေး​မ​ရှိ။ ခြေ​မ​တိုက်​မိ​ဘဲ သွား​လိမ့်​မည်။

ဟေရှာယ 3:23 (JBMLE)

လွယ်​မှန်၊ အ​တွင်း​အင်္ကျီ၊ ဦး​ရစ်၊ တင်း​တိမ်​တို့​ကို ပယ်​ရှင်း​တော်​မူ​မည်။

ယေရမိမြည်တမ်း 3:23 (JBMLE)

နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။

၁ ရှင်ယောဟန် 3:23 (JBMLE)

ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။-

ယေဇကျေလ 3:23 (JBMLE)

ငါ​သည် ထ၍ လွင်​ပြင်​သို့​သွား၏။ ရောက်​သော​အ​ခါ​ခေ​ဗာ​မြစ်​နား​မှာ ငါ​မြင်​ဖူး​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ရပ်​တော်​မူ၍၊ ငါ​သည် ပျပ်​ဝပ်​လျက်​နေ၏။

၁ ကောရိန္သု 3:23 (JBMLE)

သင်​တို့​သည်​လည်း၊ ခ​ရစ်​တော်​အ​ဖို့ ဖြစ်​ကြ၏။ ခ​ရစ်​တော်​သည်​လည်း ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်​တော်​မူ၏။