ရှာဖွေမှုရလဒ် Luke 8:30
ရောမ 8:30 (JBMLE)
ထိုသို့ ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
တရားသူကြီး 8:30 (JBMLE)
ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။
တမန်တော် 8:30 (JBMLE)
ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌ ဖတ်သည်ကိုကြားလျှင်၊ ဖတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။-
ယောရှု 8:30 (JBMLE)
ထိုအခါ ယောရှုသည်၊ ဧဗလတောင်ပေါ်မှာ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားအဖို့၊ ယဇ်ပလ္လင်ကိုတည်လေ၏။
ထွက်မြောက်ရာ 8:30 (JBMLE)
ဖာရောဘုရင်ထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။
ဝတ်ပြုရာ 8:30 (JBMLE)
တစ်ဖန် ယဇ်ပလ္လင်ပေါ်မှာရှိသောအသွေးနှင့် လိမ်းရန်ဆီကိုယူ၍ အာရုန်နှင့် သူ၏အဝတ်၌လည်းကောင်း၊ သူ၏သားတို့နှင့် သူတို့အဝတ်၌လည်းကောင်းဖျန်းသဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေလေ၏။
ရှင်မဿဲ 8:30 (JBMLE)
ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။-
ရှင်မာကု 8:30 (JBMLE)
ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။
ရှင်လုကာ 8:30 (JBMLE)
ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊-
ရှင်ယောဟန် 8:30 (JBMLE)
ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။
၃ ဓမ္မရာဇဝင် 8:30 (JBMLE)
ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
၁ ရာဇဝင်ချုပ် 8:30 (JBMLE)
သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊
ဧဇရ 8:30 (JBMLE)
ထိုသို့ချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ဘုရားသခင်အိမ်တော်သို့ ပို့ဆောင်ခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။
သုတ္တံ 8:30 (JBMLE)
ငါသည် ကျွေးမွေးတော်မူသောသားကဲ့သို့၊ အထံတော်ပါးတွင်နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်ကစားလျက်၊
ယောဘ 30:8 (JBMLE)
လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
ဆာလံ 30:8 (JBMLE)
အိုထာဝရဘုရား၊ အကျွန်ုပ်သည်အသက်ဆုံး၍၊
ယေရမိ 30:8 (JBMLE)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းပိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် နောက်တစ်ဖန် သူတို့ကို မစေစားရကြ။
တရားဟောရာ 30:8 (JBMLE)
သင်သည်ပြန်လာလျက် ထာဝရဘုရား၏စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။
ကမ္ဘာဦး 30:8 (JBMLE)
ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။
ထွက်မြောက်ရာ 30:8 (JBMLE)
ညဉ့်ဦးယံ၌လည်း မီးခွက်တို့ကိုထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။
တောလည်ရာ 30:8 (JBMLE)
သို့မဟုတ် လင်သည်ကြားသောနေ့၌ မြစ်တားလျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
၁ ဓမ္မရာဇဝင် 30:8 (JBMLE)
ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
၂ ရာဇဝင်ချုပ် 30:8 (JBMLE)
သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှုတော်ကို စောင့်ကြလော့။
သုတ္တံ 30:8 (JBMLE)
အကျွန်ုပ်မှ အနတ္တနှင့် မုသားကိုပယ်တော်မူပါ။ ဆင်းရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောအစာကိုသာ ပေးတော်မူပါ။
ဟေရှာယ 30:8 (JBMLE)
သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊