YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှာဖွေမှုရလဒ် Jeremiah 29:11

ယရေမိ 29:11 (JBMLE)

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။

ယောဘ 29:11 (JBMLE)

လူ​တို့​သည် ငါ့​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ၏။ ငါ့​ကို​မြင်​သော​အ​ခါ ချီး​မွမ်း​ကြ၏။

ဆာလံ 29:11 (JBMLE)

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​အား ငြိမ်​သက်​ခြင်း ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​တော်​မူ​မည်။

ကမ္ဘာဦး 29:11 (JBMLE)

ထို​နောက်၊ ယာ​ကုပ်​သည် ရာ​ခေ​လ​ကို​နမ်း​၍၊ ကျယ်​သော​အ​သံ​နှင့်​ငို​လေ​၏။

ထွက်မြောက်ရာ 29:11 (JBMLE)

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​နွား​ကို​သတ်​ရ​မည်။

တောလည်ရာ 29:11 (JBMLE)

အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​လည်း၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ထို​သို့​အ​ပြစ်​ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပြု​ရ​မည်။

၁ ဓမ္မရာဇဝင် 29:11 (JBMLE)

ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် နံ​နက်​စော​စော​ထ၍ ဖိ​လိ​တ္တိ​ပြည်​သို့ ပြန်​သွား​ကြ၏။ ဖိ​လိ​တ္တိ လူ​တို့​သည်​လည်း၊ ယေ​ဇ​ရေ​လ​မြို့​သို့ ချီ​သွား​ကြ၏။

၁ ရာဇဝင်ချုပ် 29:11 (JBMLE)

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။

၂ ရာဇဝင်ချုပ် 29:11 (JBMLE)

ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်၍ ဝတ်​ပြု​ခြင်း၊ အ​မှု​တော်​ကို စောင့်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ရွေး​ထား​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ​လျှင်၊

သုတ္တံ 29:11 (JBMLE)

မိုက်​သော​သူ​သည် မိ​မိ​ကြံ​စည်​သ​မျှ​ကို ဖော်​ပြ​တတ်၏။ ပ​ညာ​ရှိ​သော​သူ​မူ​ကား၊ အ​ဆင်​မ​သင့်​မီ ထိမ်​ဝှက်​တတ်၏။

ဟေရှာယ 29:11 (JBMLE)

ဗျာ​ဒိတ်​တော်​ရှိ​သ​မျှ​သည် တံ​ဆိပ်​ခတ်​သော​စာ​ကဲ့​သို့ သင်​တို့၌ ဖြစ်၏။ ထို​စာ​သည် စာ​တတ်​သော​သူ​အား​ပေး၍၊ ဤ​စာ​ကို ဖတ်​ပါ​လော့​ဟု ဆို​လျှင်၊ ထို​သူ​က၊ ဤ​စာ​ကို ငါ​မ​ဖတ်​နိုင်။ တံ​ဆိပ်​ခတ်​လျက်​ရှိ၏​ဟု ပြန်​ပြော​တတ်၏။

ယေဇကျေလ 29:11 (JBMLE)

အ​နှစ်​လေး​ဆယ်​ပတ်​လုံး လူ​လျှောက်၍​မ​သွား​ရ။ တိ​ရ​စ္ဆာန်​လည်း လျှောက်၍​မ​သွား​ရ။ အ​ဘယ်​သူ​မျှ မ​နေ​ရ။

ရောမ 11:29 (JBMLE)

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊-

ဟေဗြဲ 11:29 (JBMLE)

ဣ​သ​ရေ​လ​လူ​တို့​သည် ကုန်း​ကြောင်း​သွား​သ​ကဲ့​သို့၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧ​ဒုံ​ပင်​လယ်​အ​လယ်၌ လျှောက်​သွား​ရ​ကြ၏။ ထို​သူ​တို့​နည်း​တူ အဲ​ဂု​တ္တု​လူ​တို့​သည် သွား​မည်​အား​ထုတ်​သော​အ​ခါ နစ်​မြုပ်​ကြ၏။-

တရားသူကြီး 11:29 (JBMLE)

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။

ရှင်မဿဲ 11:29 (JBMLE)

ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။-

တမန်တော် 11:29 (JBMLE)

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

ကမ္ဘာဦး 11:29 (JBMLE)

အာ​ဗြံ​နှင့်​နာ​ခေါ်​သည် မ​ယား​ကို​ယူ၍၊ အာ​ဗြံ၏ မ​ယား​ကား၊ စာ​ရဲ​အ​မည်​ရှိ၏။ နာ​ခေါ်၏​မ​ယား​ကား၊ ခါ​ရန်၏​သ​မီး​မိ​လ​ခါ အ​မည်​ရှိ၏။ ခါ​ရန်​သည် မိ​လ​ခါ​နှင့် ဣ​သ​ခ၏​အ​ဘ​ဖြစ်​သ​တည်း။

ဝတ်ပြုရာ 11:29 (JBMLE)

မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​တွင် ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး၊

တောလည်ရာ 11:29 (JBMLE)

မော​ရှေ​က၊ သင်​သည် ငါ့​အ​တွက်​ငြူ​စူ​သော​စိတ်​ရှိ​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​လူ​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ကို သူ​တို့​အ​ပေါ်​မှာ​တင်​တော်​မူ​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊

တရားဟောရာ 11:29 (JBMLE)

သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​ဆောင်​သွင်း​တော်​မူ​ပြီး​မှ၊ ကောင်း​ချီး​မင်္ဂ​လာ​ကို ဂေ​ရ​ဇိမ်​တောင်​ပေါ်၌​လည်း​ကောင်း၊ ကျိန်​ခြင်း​ကို ဧ​ဗ​လ​တောင်​ပေါ်၌​လည်း​ကောင်း တင်​ထား​ရ​ကြ​မည်။

ဒံယေလ 11:29 (JBMLE)

ချိန်း​ချက်​သော အ​ချိန်၌​လည်း တောင်​မျက်​နှာ​သို့ တစ်​ဖန်​ပြန်​လာ​ဦး​မည်။ သို့​သော်​လည်း၊ အ​ရင်​ဖြစ်​သ​ကဲ့​သို့​မ​ဟုတ်။ နောက်​ဖြစ်​သ​ကဲ့​သို့​လည်း မ​ဟုတ်။

ရှင်မာကု 11:29 (JBMLE)

ယေ​ရှု​က၊ ငါ​သည် တစ်​စုံ​တစ်​ခု​ကို မေး​ဦး​မည်။ သင်​တို့ ဖြေ​ကြ​လော့။ ဖြေ​လျှင် ဤ​အ​မှု​များ​ကို အ​ဘယ်​အ​ခွင့်​နှင့် ငါ​ပြု​သည်​ကို ငါ​ပြော​မည်။-

ရှင်လုကာ 11:29 (JBMLE)

လူ​အ​စု​အ​ဝေး​တို့​သည် ထူ​ထပ်​လျက်​ရှိ​ကြ​သော​အ​ခါ ကိုယ်​တော်​က၊ ဤ​လူ​မျိုး​သည် ဆိုး​ညစ်​သော​အ​မျိုး​ဖြစ်၏။ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​သည်​မှာ ပ​ရော​ဖက်​ယော​န၏ နိ​မိတ်​လ​က္ခ​ဏာ​မှ​တစ်​ပါး အ​ဘယ်​လ​က္ခ​ဏာ​ကို​မျှ သူ​တို့​အား​မ​ပြ​ရာ။-

ရှင်ယောဟန် 11:29 (JBMLE)

မာ​ရိ​သည် ထို​စ​ကား​ကို​ကြား​လျှင် အ​လျင်​တ​ဆော​ထ၍ အ​ထံ​တော်​သို့ သွား​လေ၏။-