ရှာဖွေမှုရလဒ် 1 peter 5:7
၁ ဓမ္မရာဇဝင် 5:7 (JBMLE)
အာဇုတ်မြို့သားတို့သည် ထိုအမှုကိုမြင်လျှင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် ငါတို့နှင့် ငါတို့ဘုရားဒါဂုန်အပေါ်မှာ လေးသောလက်တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရားသခင်၏သေတ္တာတော်ကို ငါတို့တွင်မရှိစေရဟုဆိုလျက်၊
၁ ရာဇဝင်ချုပ် 5:7 (JBMLE)
သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက်စာရင်းယူသောအခါ အဆွေအမျိုးသူကြီးဖြစ်သတည်း။
၁ ရှင်ပေတရု 5:7 (JBMLE)
သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
၁ တိမောသေ 5:7 (JBMLE)
ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ ပညတ်ထားလော့။-
၁ ရှင်ယောဟန် 5:7 (JBMLE)
သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ်တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တစ်ပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။-
၁ ကောရိန္သု 5:7 (JBMLE)
သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။-
၁ သက်သာလောနိတ် 5:7 (JBMLE)
အကြောင်းမူကား၊ အိပ်ပျော်သောသူတို့သည် ညအခါ အိပ်ပျော်တတ်ကြ၏။ သေရည်သေရက်နှင့် ယစ်မူးသောသူတို့သည်လည်း ညအခါ ယစ်မူးတတ်ကြ၏။-
၁ ဓမ္မရာဇဝင် 7:5 (JBMLE)
ရှမွေလကလည်း ဣသရေလအမျိုးသားအပေါင်းတို့ကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားကို ငါဆုတောင်းမည်ဟု မှာခဲ့သည်အတိုင်း၊
၁ ရာဇဝင်ချုပ် 7:5 (JBMLE)
သူတို့ညီအစ်ကို ဣသခါ အဆွေအမျိုးအပေါင်းတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ်မြေးဆက် စာရင်းဝင်သည်အတိုင်း၊ ရှစ်သောင်းခုနစ်ထောင်ရှိကြ၏။
၁ ကောရိန္သု 7:5 (JBMLE)
အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။-
ဒံယေလ 5:7 (JBMLE)
ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကိုဖတ်၍ အနက်ကို ဖော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊
ဟောရှေ 5:7 (JBMLE)
သူတို့သည် ထာဝရဘုရားထံတော်၌ ခံသောသစ္စာကို ဖျက်ကြပြီ။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့ကို ဖွားမြင်ကြပြီ။ လဆန်းနေ့ရောက်မှ သူတို့နှင့် သူတို့ဥစ္စာသည် ပျက်စီးလိမ့်မည်။
အာမုတ် 5:7 (JBMLE)
တရားသဖြင့်စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ချကြပြီးသောသူတို့၊
မိက္ခာ 5:7 (JBMLE)
ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တစ်ပါးအမျိုးသား အများတို့တွင်နေ၍၊ ထာဝရဘုရား ပေးတော်မူသော နှင်းကဲ့သို့လည်းကောင်း၊ လူကိုမငံ့လင့်၊ လူသားတို့၏ အလိုသို့မလိုက်သော မိုးရေကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
ဇာခရိ 5:7 (JBMLE)
ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
ရှင်မဿဲ 5:7 (JBMLE)
သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။-
ရှင်မာကု 5:7 (JBMLE)
အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အကျွန်ုပ် တောင်းပန်ပါသည်ဟု ကြီးသောအသံနှင့် အော်ဟစ်၍ လျှောက်လေ၏။-
ရှင်လုကာ 5:7 (JBMLE)
အခြားသော လှေတစ်စင်း၌ရှိသော အပေါင်းအဖော်တို့သည် လာ၍ကူညီစေခြင်းငှာ သူတို့ကို အမှတ်ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့် ပြည့်စေကြ၏။-
ရှင်ယောဟန် 5:7 (JBMLE)
နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။-
တမန်တော် 5:7 (JBMLE)
ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသော အမှုအရာကို မသိဘဲလျက် ဝင်လာ၏။-
ရောမ 5:7 (JBMLE)
ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူ ရှိကောင်းရှိလိမ့်မည် မှန်စေတော့။-
၂ ကောရိန္သု 5:7 (JBMLE)
အစဉ် ရဲရင့်သောစိတ် ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်း ရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမူသည်ဖြစ်၍၊-
ဂလာတိ 5:7 (JBMLE)
အထက်ကသင်တို့သည် ကောင်းမွန်စွာ ပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရားကို နားမထောင်စေခြင်းငှာ အဘယ်သူ ဆီးတားသနည်း။-