YouVersion လိုဂို
ရှာရန် အိုင်ကွန်
ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့် စကားပြောခြင်းနမူနာ
Encouraging a Prayer Habit in Your Kids
4 ၏ နေ့ 2
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ကျေးဇူးတော်အားချီးမွမ်းခြင်း
ဘုရားသခင်ထံ စကားပြောခြင်း
သင်နှင့် သင်ပိုင်ဆိုင်သမျှအရာများအားလုံးကိုဖန်ဆင်းပေးထားခြင်း၊ (အစားအသောက်များ၊ အိမ်နှင့် သင်ချစ်ရသောလူများအပါအဝင်) အတွက်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းခြင်း။
ထံတော်သို့တိုးဝင်ခြင်း
သင့်ထံတွင်ရှိသော အံသြဖွယ်အရာများကို စဉ်းစားပါ။ တစ်မှ တစ်ဆယ်အထိ စာရင်းပြုလုပ်ပါ။ ထိုအရာတစ်ခုစီတိုင်း သည် သင့်အတွက် အဘယ်ကြောင့် အံသြဖွယ်ကောင်း တစ်ယောက်ယေက်ကိုရှင်းပြပြီး၊ သင့်အးထိုအရာများအား ပေးသနားထားသည့်အတွက် ကျေးဇူးတော်ချီးမွမ်းပါ။
နက်ရှိုင်းရာသို့ရွေ့လျားခြင်းပြုပါ
တိုတောင်းပြီး ကော်းချီးဖြစ်စေသောဆုတောင်းချက်များနေ့စဉ်တောင်းခံခြင်းအားဖြင့် လူသားများသည် ဘုရားသခင်အားချီးမွမ်းတတ်လာဖို့ရန်နှင့် ကျေးဇူးတင်ကြောင်းပြောဖို့ရန်သင်ယူကြပါသည်။ မနက်ပိုင်းသင့်မျက်လုံးများကို ဖွင့်ကြည့်သည့်အချိန်တွင်ပင် သင့်အားဘုရားသခင်မျက်လုံးပေးထားသောကြောင့်နှင့် သင့်မြင်နိုင်သောကြောင့် သင်ကျေးဇူးတင်ကြောင်း ဆုတောင်းနိုင်ပါသည်။ အဝတ်အစားများဝတ်ဆင်နေချိန်နိုင်ပင်လျင် ဘုရားသခင်သည် ကျွနု်ပ်တို့၏လိုအပ်ချက်များကိုသိရှိသောကြောင့်၄င်း အဝတ်ကောင်းများကိုဝတ်ဆင်နိုင်ခွင့်ပေးထားသောကြောင့်၄င်းနှင့် မနက်ခင်းအလင်းရောင်အားမြင်တွေ့ခွင့်ရသောကြောင့် သင်ဘုရားသခင်အား "ဘုရားသခင် ကြီးမြတ်တော်မူကြောင်း" ကြေငြာနိုင်ပါသည်။ "ဖန်ဆင်းခြင်းအတွက်ကျေးဇူးတင်ပါသည်။" ဆာလံ ၁၄၅း၁-၂ တွင် ဘုရားသခင်အား ကျေးဇူးတင်ကြောင်း ကောင်းသော ဥပမာကိုတွေ့နိုင်ပါသည်၊ "အကျွနု်ပ်၏ရှင်ဘုရင် အကျွနု်ပ်၏ဘုရားသခင် ကိုယ်တော်ကို ချီးမြောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်။ ကိုယ်တော်ကို နေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်။ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်။"
အချင်းချင်းပြန်လည်ဝေမျှခြင်း
- သင့်ထံရှိအံ့သြဖွယ်အရာများကို ရေးချခြင်းအားဖြင့် သင့်၏သဘောထားများ ဘယ်လိုပြောင်းလဲသွားနိုင်ပါသနည်။
- သင့်ဘုရားသခင်ထံမှခံစားရသောကောင်းချီးမင်္ဂလာများကို ရေတွက်ချီးမွမ်းခြင်းသည် အချိန်ဘယ်လောက်ကြာငြမ့်ပါသနည်။
ကျမ်းစာများ
နေ့ 1နေ့ 3
ဤအစီအစဉ်အကြောင်း
Encouraging a Prayer Habit in Your Kids
မိသားစုဘဝသည် အလုပ်များနိုင်ပါပြီး၊ ကျွန်ုပ်တို့ ဆုတောင်းဖို့ရန်နှင့် ကျွန်ုပ်တို့၏ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ဖို့ရန် ၄င်းတို့အသက်နေ့စဉ်အသက်တာတွင် ဘုရားသခင်နှင့် ဆက်ပေးဖို့ရန်ပင် အချိန်မပေးနိုင်ဖြစ်နိုင်ပါတယ်။ ဒီအစီအစဉ်အားဖြင့် ဘုရားသခင်သည် မိမိတို့ထံမှဆုတောင်းသံကို အဘယ်မျှလောက် ကြားချင်နေကြောင်းတွေ့မြင်နိုင်ပြီး ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းနှင့် လူလူခြင်းဆက်သွယ်ခြင်းသည် အလယ်မျှလောက် တန်ခိုးပါကြောင်း သိနိုင်ပါသည်။ နေ့ရက်အစဉ်တိုင်း မဆိုင်းမတွဆုတောင်းခြင်း၊ ကျမ်းစာအနည်းငယ်ဖတ်ကြားခြင်းနှင့် ရှင်းခြင်း၊ လုပ်တွေ့လုပ်ဆောင်မှုများပြုလုပ်ခြင်းနှင့် မေးခွန်းများကိုဖြေဆိုခြင်းများပါဝင်ပါသည်။
More
ဤအစီအစဉ်ကို တင်ဆက်ပေးသော Focus on the Family အားကျေးဇူတင်လိုပါ၏။ ပိုမိုသိရှိလိုပါက www.FocusontheFamily.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။