YouVersion လိုဂို
ရှာရန် အိုင်ကွန်
ယေရှု

ယေရှု

ယေရှုခရစ်တော်၏သက်တော်စဉ်ကိုရိုက်ကူးသည့် JESUS ရုပ်ရှင်ကို ၁၉၇၉ ခုနှစ်တွင်ထုတ်လွှင့်သည်မှစ၍ ဘာသာစကား ၁၄၀၀ ကျော်သို့ဘာသာပြန်ဆိုခဲ့သည်။ သမိုင်းမှတ်တမ်းတွင် ကြည့်ရှုခဲ့သူအများဆုံးနှင့် အများဆုံးဘာသာစကားသို့ဘာသာပြန်ထားသည့်ရုပ်ရှင်ဖြစ်သည်။ (ရည်ရွယ်ချက်ရှိသောအသက်တာ) စာစောင်ကိုရေးသားခဲ့သောသင်းအုပ်ဆရာ Rick Warren က သာသနာပြုရန်ဖန်တီးခဲ့သည့်တန်ဆာပလာထဲတွင် ယေရှုရုပ်ရှင်သည် ထိရောက်မှုအများဆုံးဖြစ်သည် ဟုပြောခဲ့သည်။ထိုရုပ်ရှင်သည် သမိုင်းအရရောကျမ်းစာအရပါ မှန်ကန်မှုရှိစေရန် ၄၅၀ ထက်မကများသော ဘာသာရေးခေါင်းဆောင်နှင့်ကျမ်းပညာရှင်တို့က ၎င်း၏ဇာတ်ညွန်းကိုစီစစ်ပြင်ဆင်ခဲ့သည်။ ထိုဇာတ်ညွန်းသည် ရှင်လုကာခရစ်ဝင်ကျမ်းကိုအခြေခံထားသဖြင့် ယေရှုပြောဆိုသောစကားအားလုံးနီးပါးသည် ကျမ်းစာထဲတွင်ပါရှိသောအရာဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ပါလက်စ်တိုင်းလူမျိုးတို့၏ယဉ်ကျေးမှုကိုသရုပ်ဆောင်နိုင်ရန် လုံ့လစိုက်ခဲ့သည့်အချက်အလက်များတွင် - ထိုခေတ်မှာရှိသောအရောင် ၃၅ မျိုးသာပါဝင်သည့်အဝတ်အထည်များကို လက်ဖြင့်ရက်လုပ်သုံးစွဲခြင်း၊ မြေအိုးတို့ကိုပထမရာဇုတွင်သုံးခဲ့သောနည်းလမ်းဖြင့်ဖုတ်လုပ်သုံးစွဲခြင်း၊ တယ်လီဖုန်းတိုင်နှင့်ဓာတ်တိုင်တို့ကိုရိုက်ကွင်းမှဖယ်ထားခြင်း စသည်တို့ပါဝင်သည်ယေရှု ရုပ်ရှင်ကို ၁၉၇၉ ခုနှစ်တွင် အစ္စေရေးနိုင်ငံရှိ နေရာပေါင်း ၂၀၂ နေရာတွင်ရိုက်ကူးခဲ့ပြီး ၅၀၀၀ ထက်များသော အစ္စရေးနှင့်အာရပ်လူမျိုးတို့ကိုသရုပ်ဆောင်ရန်အသုံးပြုခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ တွင် တကယ်ဖြစ်ပျက်ခဲ့သည့်အရပ်မှာပင် တတ်နိုင်သမျှရိုက်ကူးခဲ့သည်။

YouVersion သည် သင့်အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင်လက်ခံပါသည်။