ခရစ္စမတ်ပွဲတော်
(၇) ရက်တာ ခရစ်စမတ်ပုံပြင် - ပေါ်ထွန်းချိန်မိသားစု ဆုတောင်းမေတ်တာ
ကျွန်ုပ်တို့အားလုံးနွေးထွေးသောအပွေ့၊စစ်မှန်သောအချိတ်အဆက်၊လေးနက်သောပျော်ရွှင်မှုဖြင့်အရာတခုကျင်းပရန်လိုအပ်၏။ဤပေါ်ထွန်းချိန်ဆုတောင်းမေတ်တာသည်သင်နှင့်မိသားစုကိုပို၍ချိတ်ဆက်စေပြီး၊စစ်မှန်သောခရစ်စမတ်၏အနှစ်သာရဖြင့်ယေရှု၏ဖွားမြင်ခြင်းကိုအသစ်သောဓလေ့များ၊ညစာစကား၀ိုင်းပြောစရာများ၊အိပ်ရာ၀င်ပုံပြင်များနှင့်အခြားသောမိသားစုလှုပ်ရှားမှု များစွာပါ၀င်သည်။ ဤခရစ်စမတ် အပွေ့ သည် ဒီပေါ်ထွန်းချိန်တွင် သင်၏အိမ်သို့ လှပသောအမှတ်ရစရာများသယ်ဆောင်လာပါစေ။
ခရစ္စမတ်ဆိုသည်
ဇာတ်လမ်းကောင်းတိုင်းတွင် အရာအားလုံးကို ပြောင်းလဲစေမယ့် မမျှော်လင့်ထားတဲ့ ဇာတ်လမ်းလှည့်ကွက်တစ်ခု ရှိပါတယ်—သမ္မာကျမ်းစာရှိ ဇာတ်တော်များထဲမှ အကြီးမားဆုံးဇာတ်လမ်းလှည့်ကွက်တစ်ခုမှာ ခရစ္စမတ်ပင် ဖြစ်ပါတယ်။ လာမယ့် (၅) ရက်တာအတွင်း၊ ဒီဇာတ်ကွက်တစ်ခုအားဖြင့် လောကကြီးကို ပြောင်းလဲစေသလို မိမိဘဝကိုလည်း ပြောင်းလဲစေနိုင်မည့်အကြောင်းကို အတူတူဖတ်ရှုလေ့လာရပါလိမ့်မယ်။
ခရစ္စမတ်တစ်လျှောက် အံ့ဩဖွယ်ရာ ဆုပတ္ထနာ
ခရစ္စမတ်ဇာတ်တော်သည် အလွန်အံ့ဩဖွယ် ဇာတ်တော်တစ်ခု ဖြစ်ပါသည်။ သို့သော်၊ တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့သည် အသေးစိတ်အချက်အလက်များကို ထပ်သလဲလဲ ကြားသောကြောင့် ခရစ္စမတ်ဇာတ်တော်၏ သက်ရောက်မှုကို အနည်းငယ် လျော့သွားနိုင်သလိုပဲ။ ဤအစီစဉ်သည် အတိတ်သမိုင်း၏ အရေးကြီးဆုံးအမှုတည်းဟူသော ဘုရားသခင်၏ လူဇာတိခံတော်မူခြင်းကို ပိုမိုအလေးထားစေရန် ကူညီပေးပါလိမ့်မည်။ ဤအစီစဉ်ရှိ ဆုတောင်းချက်တစ်ခုစီကို မင်နီဆိုတာပြည်နယ်၊ စိန့်ပေါလုမြို့ (Saint Paul) ရှိ စီတီအသင်းတော် (Cities Church) မှ သင်းအုပ်ဆရာ၊ desiringGod.org မှ အမှုဆောင်ခေါင်းဆောင်ကြီး ဆရာဒေးဗစ်မဿဲ (David Mathis) မှ ရေးသားထားပါသည်။
ယေရှု၌တည်နေလော့ - (၄) ရက်တာ အဒ်ဝင်တုပွဲနေ့အတွက် ကိုးကွယ်ဆည်းကပ်ခြင်း
ခရစ္စမတ်ရောက်လာပါတော့မည်။ ခရစ္စမတ်နှင့်အတူ ကြွလာတော်မူခြင်းပွဲနေ့ ယေရှုမွေးဖွားခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ဆင်နွှဲခြင်း ရောက်ရှိလာပါသည်။ သို့သော် အားလပ်ရက်အတွက် အလုပ်များသောအချိန်ဇယားများ၊ လက်ဆောင်ကောင်းကောင်းများအတွက် ဈေးဝယ်ခြင်း (သို့) မိသားစုဆုံပွဲများ ကျင်းပခြင်းဖြင့် အဓိကအချက်ကို မေ့လျော့သွားပါသလား။ တဖြည်းဖြည်း နီးကပ်လာသော ခရစ္စမတ်ရာသီတွင် ဘုရားသခင်နှင့် ထိတွေ့ဖို့ နည်းလမ်းအသစ်များကို တွေ့ကြုံခံစားပြီး နောက်ဆုံးတွင် မိတ်ဆွေအား ကိုယ်တော်နှင့် ပိုမိုနီးကပ်စေပါ။ Thomas Nelson's Abide Bible Journals မှ ဤ (၄) ရက်တာ စာဖတ်ခြင်းအစီအစဉ်တွင် မိမိစိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်ပါ။
ခရစ္စမတ်အကြိုနေ့များ - ခရစ်တော်ကြွလာတော်မူလိမ့်မည်
Thistlebend Ministries စီရင်ခဲ့သော ဖတ်ရှုဝတ်ပြုအစီစဉ်သည် မိမိမိသားစု (သို့) တစ်ဦးချင်းစီအဖို့ ဖြစ်ပြီး၊ မေရှိယကို ချီးမွမ်းစေခြင်းငှာ ကျွန်ုပ်တို့၏နှလုံးကို ပြင်ဆင်ထားပါသည်။ ကျွန်ုပ်တို့၏ လက်ရှိအသက်တာအဖို့ ခရစ်တော်ကြွလာခြင်း၏အနက်ကို အထူးအလေးထားပါသည်။ ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်စေဖို့ စီရင်ထားပါသည်။ မိတ်ဆွေတို့အဖို့ မိမိခမည်းတော်၏ အစဉ်အမြဲတည်သော ပဋိညာဉ်မေတ္တာတော်ကို သိမြင်စေဖို့၊ ဤလမ်းညွှန်ချက်ကို အသုံးပြုခြင်းဖြင့် မိမိမိသားစုအဖို့ ထာဝရအမှတ်တရများ ဖြစ်စေလိမ့်မည်။
ခရစ္စမတ်ပုံပြင်
ဒီခရစ္စမတ်မှာ၊ ရှင်မဿဲနှင့် ရှင်လုကာ ခရစ်ဝင်ကျမ်းများတွင် ဖေါ်ပြထားသည့် ယေရှု မွေးဖွားခြင်းအကြောင်းဆီ ပြန်သွားရအောင်။ ထိုကြောင်းကို သင်ဖတ်နေစဉ်တွင်၊ ဤဇာတ်လမ်း၏ တစ်စိတ်တစ်ပိုင်းကို ဗီဒီယိုအတိုဖြင့် နေ့စဉ် သရုပ်ဖော် တင်ဆက်ထားပါသည်။
ဖန်ဆင်းရှင်၊ လက်သမား၊ ဥယာဉ်စောင့်နှင့် မဟာရာဇ ဖြစ်တော်မူသော အရှင်ယေရှုဘုရား
သမ္မာကျမ်းစာတွင်၊ အရှင်ယေရှုဘုရားသည် သူ့ကိုယ်တော်တိုင် ဖန်ဆင်းရှင် (အစအဦး၌)၊ လက်သမား (သူ့ခမည်းတော်၏အိမ်၌)၊ ဥယျာဉ်စောင့် (ရှင်ပြန်ထမြောက်သောအချိန်၌)နှင့် မဟာရာဇ (ယေရုရှလင်မြို့သစ်၌) အဖြစ် ဖော်ပြထားစေတော်မူသည်။ ဤအစီစဉ်သည် မိတ်ဆွေအား ဤထင်ရှားမှုတစ်ခုစီကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားစေပြီး၊ မိမိနေ့စဉ်ပြုသော အလုပ်၏ နက်အဓိပ္ပာယ်ကို ပိုမိုနားလည်သဘောပေါက်စေပါလိမ့်မည်။