လူငယ်
အရှင်ယေရှုဘုရားကို ဘာကြောင့်လိုအပ်သလဲ
ဤအစီစဉ်သည် လူများအားလုံးအတွက် ဖြစ်ပြီး သမ္မာကျမ်းစာ၏ မဟာဇာတ်တော်ကြီးနှင့် လူအားလုံး လိုအပ်နေသော ကယ်တင်ရှင်အကြောင်းကို ဖော်ပြထားသလို၊ ဘုရားသခင်သည် ကယ်တင်ရှင်တစ်ပါး စေလွှတ်စေခြင်းငှာ အလိုရှိခဲ့သည်လည်း ဖော်ပြထားပါသည်။ ဤအစီစဉ်တွင် နေ့စဉ်ဗီဒီယိုများ၊ လှုံးဆော်ဓမ္မစာနှင့် အလွတ်ကျတ်ရသော ကျမ်းပိုဒ်များ ပါပါသည်။
အသင်းတော်ပြုပြင်ပြောင်းလဲမှုကြီးအစီအစဉ်
(၂၀၁၇) ခုနှစ်တွင်၊ နှုတ်ကပတ်တော်သို့ ခေါ်ဆိုခြင်းအစီစဉ်ဖြင့် အသင်းတော်ပြုပြင်ပြောင်းလဲမှုကြီး၏ နှစ် (၅၀၀) ပြည့်ကို ကျင်းပခဲ့ကြပါသည်။ ဤအစီအစဥ်မှာ အသင်းတော်ပြုပြင်ပြောင်းလဲသူကြီးများအား ဖော်ပြထားခဲ့သလို၊ အကျွန်ုပ်တို့သည်လည်း ဤသို့ဖော်ပြထားခဲ့ပါသည်။ • နှုတ်ကပတ်တော်သာ -- Sola Scriptura။ • “ဧဝံဂေလိတရား” အစီအစဉ် (အသင်းတော်ပြုပြင်ပြောင်းလဲသူကြီးများအပေါ် အရှိန်အဝါ အလွှမ်းမိုးဆုံးသော ကျမ်းစာများအလိုက် ဖွဲ့စည်းထားခြင်း)။ • အပတ်စဉ် အနားယူကျေးဇူး။ • ခေတ်မီသော ဆက်သွယ်ရေးနည်းပညာကို အသုံးပြုခြင်း (စာပုံနှိပ်စက်ကို တီထွင်သူ ဂူတင်ဘတ်မှစ၍ YouVersionအထိ)။
သဘောကောင်းသောသူဖြစ်နည်း
ဤအစီစဉ်တွင် မိမိဖြစ်တည်ခြင်းနှင့်ဆိုင်သော သမ္မာတရားအကြောင်းကို လေ့လာ၍ ခပ်သိမ်းသောအရာတို့ကို ပြောင်းလဲစေလိမ့်မည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ကြပါစို့။ ယခုစတင်ဖတ်ရှုလိုက်ပါ။
ဂုဏ်သရေ
အကျင့်စရိုက်က အရမ်းရေးကြီးတယ်။ ဂုဏ်သရေ၊ သစ္စာတရား၊ သမ္မာတရား - ဒီအရာအားလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်၌ တည်ရှိခြင်းရဲ့ အကျိုးတွေ ဖြစ်တယ်။ ဒီ (၇) ရက်တာအစီစဉ်က၊ မိတ်ဆွေရဲ့စိတ်နှလုံးကို ဘုရားသခင်ထံ ဗဟိုပြုစေပြီး မိမိယုံကြည်ခြင်းကိုလည်း ပိုမိုရင့်ကျက်လာစေပါလိမ့်မယ်။ အခြားမီဒီယာကို တွေ့စေဖို့ finds.life.church ကို ဝင်ကြည့်လိုက်ပါ။
အသင်းတော်ဖြစ်တည်ပုံ
အသင်းတော်က ဘလဲ။ အသင်းတော်ဖြစ်ဖို့ ဘယ်လိုလုပ်နိုင်မလဲ။ ဤအစီစဉ်တွင်၊ ဤလောကကြီးကို ပြောင်းလဲစေမယ့် အသင်းတော် ဖြစ်တည်ပုံကို လေ့လာလိမ့်မည်။
ထာဝရဘုရားကို မျှော်လင့်ပါ
ယခုခေတ်ဟာ အရမ်းမြန်လှပြီး အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က သိပ်မကျေနပ်သလိုပဲ နေကြတယ်။ ဒီမကျေနပ်တဲ့စိတ်က ဘယ်ကလဲသလဲ။ အဲဒီစိတ်ကို ဘယ်လိုပယ်ရှားမလဲ။ လာမယ့် (၁၀) ရက်တာတွင် မကျေနပ်တဲ့စိတ် ပယ်ရှားနည်းကို အတူတူလေ့လာလိမ့်မယ်။
သက်တူတန်းတူဖိအား
သက်တူရွယ်တူဖိအား၊တွန်းအား ဆိုသည်မှာကောင်းမွန်တဲ့အရာတစ်ခုဖြစ်နိုင်သလို ဆိုရွားတဲ့အရာလည်းဖြစ်နိုင်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကိုသူ့ကိုကိုးစားယုံကြည်တဲ့အသက်တာနဲ့အသက်ရှင်ဖို့ပြောထားပါတယ်။ ဒါကြောင့် သူ့ရဲ့စံနှုန်းတွေကိုသိဖို့က ပိုပြီးအရေးကြီးပါတယ်။ ဒီ ၇ ရက်တာအစီအစဉ်မှာ သင့်ဘဝအတွက်သက်တူရွယ်တူဖိအား၊တွန်းအားတွေကိုရင်ဆိုင်နှိုင်ဖို့ခွန်အားနဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်သွားနိုင်ဖို့ ရှာဖွေတွေ့ရှိပါလိမ့်မယ်။
ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုး
ဘုရားသခင်က ညစ်ညူးစေရန် ကျွန်တော်တို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေရန် ခေါ်တော်မူတယ်။ ဒါပေမဲ့၊ သန့်ရှင်းခြင်းရဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒီ (၅) ရက်တာအစီစဉ်တွင်၊ သန့်ရှင်းသောလူမျိုး ဘယ်လိုဖြစ်ကြမလဲလို့ သေချာစွာ ဖတ်ရှုလေ့လာပါလိမ့်မယ်။
အရှင်ယေရှုဘုရားက ဘယ်သူလဲ
အရှင်ယေရှုဘုရားသည် ခရစ်ယာန်ဘာသာ၏ အဓိကပုဂ္ဂိုလ်တော်မြတ် ဖြစ်ပါသည်။ ဤ (၅) ရက်တာ အစီစဉ်တွင်၊ အပြစ်လွှတ်ပိုင်သောသူ၊ အပြစ်သားများ၏ အဆွေဖြစ်သောသူ၊ ဓမ္မအလင်း ဖြစ်သောသူ၊ အံ့ဩဖွယ်နိမိတ်လက္ခဏာပြုသောသူနှင့် သေခြင်းမှ ထမြောက်သောသူတည်းဟူသော အရှင်ယေရှုဘုရားကို စေ့စေ့ကြည့်ရှုကြရမည်။