လူငယ်
သေခြင်း
ဘဝတွင် လူတိုင်းသည် သေခြင်းကို ရင်ဆိုင်တွေ့ကြုံကြရသည်။ ထို့ကြောင့်၊ မေးခွန်းများစွာ ထွက်လာပြီး ကျွန်တော်တို့ကို အူထဲအသည်းထဲထိတိုင် တုန်လှုပ်စေပါသည်။ ဤ (၇) ရက်တာ သမ္မာကျမ်းအစီအစဉ်က ကျွန်တော်တို့သေမျိုးဖြစ်သော်လည်း အားတက်စရာ၊ ဖြေသိမ့်စရာတို့ ရှိကြောင်း အကျဉ်းမျှသိမြင်စေပါမည်။
သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်း
ဤ (၄) ရက်တာ လူငယ်အစီစဉ်တွင်၊ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို မည်သို့ဖော်ပြသနည်းကို လေ့လာကြပါလိမ့်မည်။ မိမိအိမ်နီးနားချင်း မကေလင်းကို အိမ်ထဲဝင်ပြီး ရှုပ်စေသည့် မှားသောဆုံးဖြတ်ချက်ချခဲ့သည့် မနီကိုးလ်နှင့် သူ့မ၏မောင် တိတ်တို့၏ ဇာတ်လမ်းကို ကြည့်ရှုပါပါ။ နေ့တိုင်းမှာ၊ ကျမ်းစာတစ်ပိုဒ်ကို ဖတ်ရှု၍၊ ဇာတ်လမ်းကို ကြည့်ရှုပြီး သမ္မာသတိရှိရှိ မှန်ကန်သောလမ်းကို ရွေးချယ်ခြင်း၏ အရေးကြီးကြောင်းကို လေ့လာပါလိမ့်မည်။
ရွေးနုတ်တော်မူခြင်းကျေးဇူးတော်
ဤဓမ္မစာပေသည် လူတစ်ဦးချင်းစီအား သမ္မာကျမ်းစာကို လေ့လာပြီး ဘုရားသခင်၏ မဟာဇာတ်တော်ကြီးကို ရှာဖွေတွေ့ရှိနိုင်စေမည့် အမေးအဖြေများ ဖြစ်ပါသည်။ ဤဓမ္မစာပေသည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများအဖွဲ့မှ စီရင်ရေးသားခဲ့ပြီး သမိုင်းတွင် ထင်ရှားသော အမေးအဖြေဓမ္မစာပေများမှ လမ်းညွှန်မှုရယူထားပါသည်။ ဤအမေးအဖြေစီးရီးတွင် အပိုင်းကိုးပိုင်းရှိပါသည် - ဖန်ဆင်းခြင်း၊ အပြစ်တရား၊ ပဋိညာဉ်တရားနှင့် ပညတ်တော်တရား၊ ရွေးနုတ်တော်မူခြင်းကျေးဇူးတော်၊ ကျေးဇူးတော်နှင့် အပြစ်လွှတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ အသင်းတော်နှင့် ဖန်ဆင်းခြင်းအသစ် ဖြစ်ပါသည်။
အနှစ်သက်ဆုံး ကျမ်းချက်များ
ဤဗီဒီယို သမ္မာကျမ်းစာအစီအစဉ်တွင်၊ ဆယ်ကျော်သက်များသည် သူတို့၏ အကြိုက်ဆုံးကျမ်းစာပိုဒ်များနှင့် ထိုကျမ်းပိုဒ်များသည် သူတို့၏ ဘဝအပေါ် အကျိုးသက်ရောက်ပုံကို မျှဝေထားပါသည်။ ဤကျမ်းပိုဒ်များသည် မိတ်ဆွေကိုလည်း သက်ရောက်မှုရှိနိုင်ပါသည်။
ဓမ္မသစ်ကျမ်းကို တစ်ဆက်စပ်တည်း ဖတ်ပါ
ဤအစီအစဥ်သည် ဓမ္မသစ်ကျမ်းကို (၁) နှစ်အတွင်း တစ်ဆက်စပ်တည်း ဖတ်ရှုနိုင်စေမည် ဖြစ်ပါသည်။
လက်တွေ့ဆန်တဲ့ စူပါယုံကြည်ခြင်း
မိဘများနှင့် သားသမီးများအတွက် ဤမိသားစုအစီအစဥ်သည် ယုံကြည်ခြင်းနှင့်အတူ လုပ်ဆောင်ရမည်ဟု ကလေးများအား ဖော်ပြထားပါသည်။ ဤအစီစဉ်တွင်၊ ဗီဒီယိုများနှင့် အလွတ်ကျက်မှတ်သောကျမ်းပိုဒ်များကို ပါပါသည်။
အဝတ်အစား
လူ့ဘောင်အဖွဲ့အစည်းတွင် လူတစ်ဦးတစ်ယောက်၏ အဝတ်အစားအပေါ် အလွန်အရေးထားတတ်သည်။ သမ္မာကျမ်းစာတွင်၊ ကျွန်တော်တို့ အသွင်ဆောင်ရမည့်ပုံကို မည်သို့ပြောထားပါသနည်းဟု စူးစမ်းသိလိုကောင်းသိလိုနေလိမ့်မည်။ ထိုအမှုသည် အရေးပါလိမ့်မည်လော။ မိတ်ဆွေသည် ဘုရားသခင်၏ သားသမီးဖြစ်သောကြောင့် ထိုအမှုသည် အရေးပါကြောင်း ဤ (၇) ရက် အစီအစဉ်သည် မိတ်ဆွေကို သဘောပေါက်စေလိမ့်မည်။
မူးယစ်ဆေးဝါးနှင့် အရက်
သူငယ်ချင်းများ၏ ဖိအားကြောင့်သော်လည်းကောင်း၊ စူးစမ်းလိုစိတ်ကြောင့်သော်လည်ကောင်း၊ စိတ်ပျက်လျက် မျှော်လင့်ချက်မဲ့နေသောကြောင့်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးများ အသုံးပြုမိစေရန် စုံးစမ်းခြင်းများ လာနိုင်ပါသည်။ ဤ (၇) ရက်တာ အစီစဥ်တွင် ထိုကဲ့သို့ စုံစမ်းခြင်းများကို တွန်းလှန်လျက်၊ ခက်ခဲသည့် ရွေးချယ်မှုများပြုလုပ်နိုင်စေဖို့ ကူညီမစပေးမည့် ဘုရားသခင်ထံ ပို့ဆောင်ပေးသည့် ကျမ်းစာများကို ဖော်ပြပေးထားပါသည်။
အတင်းအဖျင်းစကား
ကျွန်တော်တို့ပြောဆိုသောစကားလုံးများသည် မယုံကြည်နိုင်လောက်အောင် အစွမ်းတန်ခိုးရှိကြသည်။ ဆောက်တည်စေနိုင်သလို၊ ဖြိုလှဲလည်း ပစ်နိုင်သည်။ အတင်းစကားသည် အထူးသဖြင့် အဆိပ်အတောက် ဖြစ်စေသည်။ ထို့ကြောင့်၊ မိမိအသက်တာတွင် စကားလုံးများသည် ဘယ်အခန်းကဏ္ဏမှပါဝင်ကပြနေပါသလဲ၊ သူတစ်ပါးကို ရှင်သန်စေသလား၊ ပျက်စီးစေသလား။ ဤတစ်ပတ်တာအစီအစဉ်ကို ဖတ်ရှုပါက နှုတ်မှထွက်သောစကားတို့ကို ဘုရားသခင် အလွန်တရာ အလေးအနက်ထားကြောင်းကို သိနားလည်ပေလိမ့်မည်။ တိတ်ဆိတ်စွာ နေ၍ ဘုရားရှင် ဘာပြောသည်ကို နားထောင်ပါ။