2
1ရောမအင်ပါယာသခင် 'ကဲသာဩဂုတ္တု' ဘုရင်က ပြည်သူအားလုံးဝို သန်းခေါင်စာရင်းကောက်ဝို့တွတ် အမိန့်ထုတ်ခဲ့ ခီမှာ 2ရှုရိဘုရင်ခံ ကုရေနိလတ်ထပ် မှာ ပထမဆုံးမှတ်တမ်းလေကိုပြုလုပ် ခဲ့ရယ်။ 3လူတိုင်းကလည်း မွေရာဌာနဝိုပြန်ကေ့ပြီး မှတ်ပုံတင်ဝို့ သွားရော့ကေ့ရရယ်။ 4အဲကြောင့် 'ယောသပ်' က ဂါလီတိုင်းပြည် နာဇရက်ဗြို့မှ ယုဒတိုင်းပြည်ဗက်လင်ဗြို့ဝိုသွားရရယ်။ ရှေးရှေးဒူးက ဗက်လင်ဗြို့က ဒါဝိဒ်မင်းရဲ့ ဗြို့တော်ဖြစ်ခဲ့ရယ်။ အဲကြောင် ယောသပ်ဟာ ဒါဝိဒ်မင်းရဲ့ မျိုးဆက်ဖြစ်ကြောင့် ဗက်လင်ဗြို့ဝို သွားရဇာဖြစ်ရယ်။ 5'မာရိ'က 'ယောသပ်' န ထိမ်းမြှားစေ့စပ်ဝို့ ကမ်းလမ်းထားကြောင့် ယောသပ်နအတူဗက်လင်ဗြို့ဝို လိုက်သွားလေရရယ်။ 'မာရိ မှာသားမီးဖွါးခါနီး နေ့စေ့လစေ့ခီဖြစ်လေရယ်။ 6ဧည့်ရိပ်သာမှာ တည်းခိုဝို့အတွတ် နေရာရှာခီမှာ နေရာလွတ်မှေ့ရ။ 7အဲခီမှာ မာရိက သားဦးရတနာကို မီးဖွါးကြောင့် သားဂန်းကို ခလေးနှီးပိုင်းနပတ်ပြီးယာ နွားစာခွက်ထဲမှာ သိပ်ထားရရယ်။ ဟဖြစ်ကြောင့်နူးဆိုဝါ အဲမူတည်းခိုခန်းမှာ သူ့နိုတွတ် ခန်းမှေ့ဘဲကြောင့်ဖြစ်ရယ်။ 8အဲမူညမှာ ဗက်လင်ဗြို့ နီးပတ်ဝန်းကျင်မှာရှိဝို လယ်ကွင်းလေမှာသိုးကျောင်းချို့စိုးကျောင်းနေကေ့ရယ်။<br> 9အဲခီမှာ ဖရားရှင်ရဲ့ နတ်စေတမန်ပါး သူ့ရှေ့မှာပေါ်လာပြီးယာ သူ့ရဲ့ပတ်ဝန်းကျင်မှာ ဖရားရှင်ရဲ့တန်ခိုးနကြောင့် အရောင်အဝါလေ ထွန်းလင်းတောက်ပ သွားလေရယ်။ 10အဲခီမှာ နတ်စေတမန်က "မကျောင့်ကေ့န " ငါကလူလေအတွတ် ဖရားရှင်ရဲ့ ဝမ်းသာစရာဒမ်းကိုယူဆောင်လာရယ်။ 11အဲမူမျိုး ထူးမြတ်နေ့လေ ဘုရင် 'ဒါဝိဒ်' ရဲ့ မွေးရာဌာနေမှာ နန့်နိုတွပ် ကယ်တင်ရှင်တစ်ဦးဖွားမြင်တော်မူယားပြီ။ သူက ခရစ်တော်အရှင်ဖြစ်ရယ်။ 12သူ့ကို နန်နိုလေ သိလာရလိမ့်မယ်။ သူ့ကို ခလေးနှီပိုင်းးနဲ့ ပတ်ပြီး နွားစာခွက်ထဲမှ သိပ်ထားစာကို နန့်နိုလေဗြင်တွေ့ရ လိမ့်မယ်။ 13ရုတ်တရက် အခြားနတ်ဒေဝါလေ နိဗ္ဗာန်ရွှေဗြို့တော်မှ ဆင်းသက်လာပြီးယာ ဖရားဂုဏ်တော်ကို ချီးမွမ်းပူဇော်ကေ့လေရယ်။သူ့နိုလေက 14နိဗ္ဗာန်ရွှေဗြို့တော်မှာရှိဝို အဖဖရားရဲ့ ဂုဏ်တော်အနန္ဒလေကို ချီးမွှမ်းကေ့ရယ်။ အယ်ကမ္ဘာပေါ်မှာရှိဝို ဖရားရှင်ကို ပူဇော်ဆည်းကပ်လူတိုင်း ငြိမ်းချမ်းသာယာပါစေ" ဆိုပြီး ချီးမွမ်းပူဇော်ကေ့လေရယ်။ 15အဲနောက် နတ်ဒေဝါလေ နိဗ္ဗာန်ရွှေဗြို့တော်ကို ပြန်လည်ကြွရော့သွားပြီးနော့မှာ သိုးကျောင်းသားလေက " ဖရားရှင်မိန့်တော်မူတိုင်း ဗက်လင်ဗြို့ကို သွားကြစို့" ဆိုပြီး အချင်းချင်းပြောဆိုကေ့လေမယ်။ 16သူ့နိုက ဗျန့်ဗျန် သွားကေ့ပြီး 'မာရိ" နဲ့ 'ယောသပ်' လေ၊ နွားစာခွက်ထဲမှာ သိပ်ထားဝို သားဂန်းကို တွေ့ဗြင်ရလေရယ်။ 17သိုးကျောင်းသားဒေဟာ ကိုယ်တော်ယေရှုကို ဖူတွေ့ရခီမှာ သူ့မိဘလေကို နတ်ဒေဝါလေက သူ့နိုကို ပြောရစ်ခဲ့စာလေကို ပြန်ပြောပြကြလေရယ်။ 18နာထောင်နေဝို လူလေကလဲ ရတိုင်း အံ့ဩသွားကေ့လေရယ်။ 19အဲထိကိုမှ မာရိ က အကြောင်းအရာအားလုံးဝို ဆက်လက်တွေးတောပြီး ထူးဆန်းအံ့ဩဖွယ်ရာလေက ဟယ်မျိုးအဓိပ္ပါယ်နူးဆိုစာကို သိချင်နေဘေရယ်။ 20အဲခီမှာ သိုးကျောင်းသားဒေလဲ ဖရားရှင်ရဲ့ကောင်းမြတ်ဝို ဂုဏ်တော်အပေါင်းလေကိုအချင်းချင်းပြောဆို ချီးမွှမ်းကေ့ပြီး သူ့နိုတွေ့ခဲ့ရဝို နတ်ဒေဝါဒေ ပြောဆိုထားမျိုးဘဲ့ တွေ့ကြုံခဲ့စာဖြစ်ရယ်။ 21မောရှေရဲ့ ပညတ်တရားအရ သူ့မိဖဒေက သားဂန်းဝို အရေပြားလှီး မဂ်လာပြုလုပ်ပြီး ရှစ်ရက် ကြာခီမှာ မာရိ ကို နတ်စေတမန်က ကြိုတင်ပြောခဲတိုင်း 'ယေရှု' ဆိုပြီးအမည် မှည့်ခေါ်ခဲ့ရယ်။ 22'မာရိ 'န 'ယောသပ်'လေက မောရှေ ရဲ့ ပညတ်တရားမှာ ဖေါ်ပြထားမျိုးဘဲ့ မိခင်တစ်ဦးရဲ့ လုပ်ဆောင်ပေးရဝို့ ဝတ္တရားတိုင်း သူ့နိုလေက ယေရှုကို ယေရုစလင် ဗြို့ဝို ခေါ်ဆွန် သွားပြီး ဖရားရှင်ဝို ဆက်ကပ်လေကေ့ရယ်။ 23ကျမ်းစာအရ သားဦးရတနာတိုင်းက ဖရားရှင်နသာ သက်ဆိုင်ရယ်ဆိုပြီး ပြောရဲ့တိုင်းလုပ်ဆောင်စာဖြစ်ရယ်။ 24ကျမ်းစာမှာ ဂျိုးငှတ်တစ်စုံဖြစ်ဖြစ် မုဘဲနေယာ ချိုငယ်ယားနှစ်ကောင်ဖြစ်ဖြစ် ပူဇော်ရမယ်ဆိုပြီး ကျမ်းစာမှာ ဖေါ်ပြပါရှိတိုင်း ဆက်ကပ်ပူဇော်ကေ့ရယ်။ 25အဲဒီမှာ ယေရုရှလင်ဗြို့မှာရှိဝို ရှုမောင်ဆိုလူတစ်ယောက်က သူတော်ကွန်းတစ်ဦးဖြစ်ပြီး ဖရားရှင်ကိုကြည်ညိုသူယောက်ဖြစ်ရယ်။ သူဟာ ဣသရေလ ( အစ္စရေး)လူမျိုးဒေက ဖရားရှင်ကယ်တင်ခြင်းပေးဝို့စာကို စောင့်မျှော်နေသူတစ်ဦးဖြစ်ရယ်။ဖရားဉာဏ်အလင်းတော်ဟာ သူနိုလေထံ ဆင်းသက်လာလေပြီ 26သူက"မေရှိယအရှင်ခရစ်တော်ကို ဗြင်ဖူးဘဲန သေဝို့မူဝ" ဆိုပြီး မိန့်တော်မူခဲ့လေရယ်။ 27မာရိ နှင့် ယောသပ် လေဟာ မွေးကင်းစ သားဂန်းကို မောရှေ ပညတ်တရားတွင်ဖော်ပြ ထားမျိုး ပြုမူဆွန်ဝွက်ဝို့တွတ် ဗိမာန်တော်ထဲဝို ခေါ်ဆွန်လာခီမှာ ဖရားရှင်ရဲ့ဝိဉာဏ်တော် တိုက်တွန်းနှိုးဆော်ချက်ကြော့ ရှုမောင်ကလဲ ဗိမာန်တော်ဝိုသွားခဲ့လေရယ်။ 28ရှုမောင်က မွေးကင်းစသားဂန်းကိုယ်တော်ယေရှုဝို သူရဲ့လက်မောင်းန ပွေ့ချီပြီး ဖရားရှင်ရဲ့ ဂုဏ်တော်ကို ချီးမွှမ်းပုံက 29အရှင်ဖရား တပည့်တော်က အရှင်ဖရားရဲ့ အမှုတော်ကို ထမ်းဆွန်သူ တစ်ဦးဖြစ်ပြီး တပည့်တော် ပေါ်ထားရှိဝို ကတိတည်မြဲတွတ် ဖရားတပည့်တော် ငြိမ်းချမ်းစွာ သေပျော်ပါပြီအရှင်ဖရား။ 30ဖရားရှင်ကို ယုံကြည်ကိုးကွယ်ဝို လူသားလေအားလူးက ကယ်တင်ခြင်းရဝို့တွတ် ဖရားရှင်ရဲ့ ပြုမှုဆွန်ဝွတ်တော်မူရယ် အရာလေကို ကျွန်ုပ်မျက်စိန ဗြင်တွေ့ရပြီးဖြစ်ရယ်။ 31ဘုရားရှင်က လူမျိုးခြားဒေဂို ကယ်တင်ဝိုလူမျိုးတိုင်းက အဲ့အရာကို ဗြင်တွေ့ရလိုက်လိမ့်မယ်။ 32လူမျိူးတိုင်းတွတ် ဖရားရှင်ရဲ့ ဘုန်းတန်ခိုးတော်ဟာ အလင်းရောင်ဖြစ်ပြီး ဣကရေလ ( အစ္စရေး) မှာ ရှိဝို ဖရားရှင်ကို ယုံကြည်ကိုးကွယ်သူလေတွတ် ဂုဏ်ယူစရာဖြစ်ရယ်။ 33ရှုမောင်စဂါးကို ကြားပြီး လူငယ်ယားရဲ့မိဘလေက အံ့ဩနေကေ့ရယ်။ 34အဲနောက် သူနိုလေကို ဆုတောင်းပေးပြီး မာရိ က ဖရားရှင်ဟာ ပျက်စီးဆုံးရှုံးခံရဝို ဣသရေလ (အစ္စရေး) လူမျိုးလေထဲက ကယ်တင်ခြင်း ခံရသူလေ ပေါ်ပေါက်လာဝို့တွတ် နင်ရဲ့သားဂန်းကို ရွေးချယ်တော်မူတယ် နန့်ရဲ့သားဂန်ဟာ ဖရားရှင် က လူသားအပေါင်းကို သတိပေးဝို နမိတ်လက္ခဏာ တစ်ခုဖြစ်ရယ်။လူဒေက သူကို ငြင်းပယ်ကေ့လိမ့်မယ်။ 35ပြီးယာ ' မာရိ ' လည်း ကို့ရင်ဘတ်ကို ဓါးမြှောင်န ထိုးမျိုး နာကြင်ကြေကွဲ ရလိမ့်မယ်။ အဲထိကိုမှ အဲမူရာလေ အားလုံးဟာ လူသားလေရဲ့ ပကတိ သဘောထားကို အရှိတိုင်း ဖော် ပြလိမ့်မယ်။ 36ပရောဖက်အန္နလည်း ဖရားကျောင်းဝို ရော့ရှိလာခဲ့ရယ်။သူမက အာရှာလူမျိူးနွယ် ဖနွေလရဲ့ သမီးဖြစ်ရယ်။သူမက အလွန်အသက်ကီးနေပါရယ်။သူမဟာ ငယ်ငယ်ကတည်းက အီထောင်ကလ(ပ်)ပြီး ခုနှစ်နှစ်ကြာခီမှာ သူမရဲ့ ခင်ပွန်းက သေဆုံးခဲ့ရယ်။ 37အခု သူမက အသက်(၈၄)နှစ်ရှိပြီဖြစ်ရယ်။ သူမက နေ့တိုင်းညတိုင်း ဖရားကျောင်းဝို သွားပြီး ဖရားဝတ်ပြုဇာလေ မကြာခဏ အစာရှောင် ဉပုသ်စောင့်ခြင်းလေကို ပြုလုပ်သူဖြစ်ရယ်။ 38အဲခီတိုင်း 'အန္န " ရော့ရှိခဲ့ပြီး ဖရားရှင်ရဲ့ဂုဏ်တော် ကို ချီးမွှမ်းခဲ့ပါရယ်။သူမက အဲမူယေရှု သားဂန်းက ယေရုရှလင်ဗြို့တော်ကီးဝို ကယ်တင်တော်မူလိမ့်မယ်ဆိုပြီး လူတိုင်းဝိုပြောပြလေရယ်။ 39'မာရိ န ယောသပ်' တို့က ဖရားရှင်ချမှတ်ထားတဲ့ ပညတ်များကို ကျေပွန်စွာစွန်ဝု(ပ်) ပြီးနော ဂါလိလဲပြည်ရှိ နာဇရက်မြို့သို့ ပြန်ခဲ့ လေရယ်။ 40သားဂန်းယားကိုယ်တော်ယေရှုက ကြီးပြင်းလာခဲ့ရယ်။သားဂန်းယားက သန်စွမ်းကျန်းမာပြီးယာ ဉာဏ်ထက်မြက်ပြီး ဖရားရှင်ထံက သားဂန်းယားကို ကောင်းချီးပေးထားရယ်။ 41နှစ်စဉ်နှစ်တိုင်း ကိုယ်တော်ယေရှုရဲ့ မိဘလေဟာ ယေရုရှလင်ဗြို့တော်မှာရှိဝို ဖရားကျောင်းကို သွားကြလေရယ်။ 42ကိုယ်တော်ယေရှု အသက် (၁၂) အရွယ်မှာ သူနိုအားလုံးက ထုံးတမ်းစဉ်လာအရ ဆုတောင်းပွဲကျင်းပပေးဝို့တွတ် ဖရားကျောင်းဝိုသွားကေ့ရယ်။ 43ဆုတောင်းပွဲပြီးမြှောက်ပြီး မိဘလေပြန်သွားပြီးနေ့ာ သူနိုလေက ကိုယ်တော်ယေရှု ဗြို့ထက်မှာ နေရစ်ခဲ့ဇာကို သိရဲ့ရ။ 44သူနိုလေက အခြားလူန လျှောက်လည် နေဇာဆီ ထင်ပြီး တစ်နေ့လုံးတွေ့မရဘဲ့ကြော့ သူ့ကို စပြီးယာရှာကေ့လေရယ်။ 45သူရဲ့ဆွေမျိုးလေန ငယ်ချင်းလေက ရှာတွေ့ဘဲ့ကြော့ ယေရုရှလင်ဗြို့ဝိုပြန်လာပြီးဆက်ရှာကေ့ရယ်။ 46သုံးရက် ကြာခီမှာ သူနိုလေက ကိုယ်တော်ယေရှုဝို ဖရားကျောင်းမှာထိုင်နေဇာကို ရှာတွေ့ခဲ့ရယ်။သူက ဘာသာရေးဆရာလေရဲ့ သွန်သင်ချက်များကိုနားထောင်ပြီးခီ သူနိုကို မှာသူ့နိုလေကို မေးခွန်းပြန်မေးလေရယ်။ 47သူရဲ့ဂါးကို ကြားသောလူတိုင်းဟာ သူရဲ့အသိပညာန ဖြေကြားချက်ဒေကို အံဩနေကြလေရယ်။ 48သူရဲ့မိဘများက ရှာတွေ့ခီမှာ သူနိုလေလဲ အံဩသွားကေ့ရယ်။ သူ့အမေက ' သား'ဟဖြစ်ကြော့ သူ့နိုပေါ်မှာဟယ်မျိုးလုပ်ရနူးဆိုပြီး နန့်ဖေနငါကရတိုင်းစိပူပြီး နို့လေက နန့်ကိုရှာဖွေကေ့ရယ်"ဆိုပြီးပြောလေရယ်။ 49ယေရှုက ' ဟဖြစ်ကြော့ သားကိုလိုက်ရှာ နေကေ့နူး ၊ သားက ဖခမည်းတော်အိမ်မှာရော့နေဇာကို သိကေ့ရလား' ဆိုပြီး ပြန်ဖြေလေရယ်။ 50အဲထိကိုမှ သူနိုလေက သားရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ကေ့ရ။ 51ကိုယ်တော်ယေရှုက သူရဲ့မိဘန တူ နာဇရက်ဗြို့သို့ ပြန်လိုက်ခဲ့ပြီး သူ့နိုလေရဲ့စဂါးလေကို နားထောင်ခဲ့ရယ်။ သူရဲ့အမေက အဲမူအဖြစ်ပျက်လေအားလုံးကူဂို သီးထားလိုက်ရယ် 52ကိုယ်တော်ယေရှုကီးပြင်းလာခီမှာ ဉာဏ်ပညာန ပြည့်စုံပြီး သန်မာထွားကျိုင်းသူဖြစ်လာခဲ့ရယ်။ ဖရားရှင်ကလဲ ရတိုင်းနှစ်သက်တော်မူပြီး လူပေါင်းဒေကလဲ အထူးနှစ်သက်ကေ့လေရယ်။