YouVersion လိုဂို
ရှာရန် အိုင်ကွန်

Luke 1

1
1လေးစားအပ်ပါဝို သော်ဖိလု၊ လူဒွေများဂီးဟ ကျနော်ဒို့ဂျားမှာ ဖြစ်ပျစ်ခဲ့ဝို ဖြစ်ပျစ်ဒွေဝို ရေးသားဝို့ ကြိုးစားခဲ့ဂေ့ရယ်။ 2‌အဲမျိုးရေးသားဝိုခါမှာ သူ့နို့ဟ စဒဲဟရှေ့ခဲ့ပြီး ဖြစ်ပျစ်ခဲ့ဝို ဖြစ်ပျစ်ဒွေဝို ဗြင်ခဲ့ရဝိုသူဒွေဟနေ ပြောပြခဲ့ဖူးဝိုဇာဒွေဝို ရေးသားခဲ့ဂေ့ရယ်။ 3အဲဂျော့ ငါဟ စဒဲဟ ဂူလုံးဝို ဂရုတစိုက်စုံစမ်းလေ့လာခဲ့ပီး ဖြစ်ပျစ်ဒွေဝို နန်းနို့တွက် စီဇဉ်တကျရေးသားဝို့ ဆုံးဖြတ်ခဲ့ပါရယ်။ 4အဲဆိုဝါ နန်းနို့ သန်ယူခဲ့ရဝို ကြောရာဒွေဟ မှန်ကန်ကြောဝို နန်းနို့ သိလာလိမယ်ဖြစ်ရယ်။ 5ယုဒပြည်ဝို ဟေရုဒ်မန်းကီးအုပ်စိုးနေဝိုခီမှာ ယုဒဘာသာရေးခေါ်ဆော် 'အဘိယ'ရဲ့ဖွဲ့ဝမ် "ဇာခရိ"ဆိုပီးခေါ်ဝို လူတယော့ရှေ့လေရယ်။ သူ့မယားဟ အာရုန်မျိုးနွယ်ဟနေ ဆင်းသက်လာသူဖြစ်ပီး "ဧလိရှဗက်"ဆိုပီး ခေါ်ရယ်။ 6သူ့နို့နှေ့ယော့ဟ ဘုရားရှင်ရဲ့ပညတ်တော်ဒွေဝို မှားမှေ့ဘဲန လုံးလုံးဝဝလိုက်နာဂေ့ရိတွက် ဘုရားရှင်ရဲ့ရှေ့တော်မှာ ဖြော့မတ်သူဒွေဖြစ်ဂေ့ရယ်။ 7အယ်ဘေမဲ့ ဧလိရှဗက်ဟ မြုံနေရိတွက် သားမီး ယော့မှ ရဘဲန လန်မြားနှေ့ယော့လုံးဝ သက်ကီးပီးအိုမန်းလာဂေ့ရယ်။ 8နေ့မှာ ဇာခရိရဲ့ဖွဲ့ဟ လှည့်ကလရိတွက် ဇာခရိဟ ဘုရားရှင်ရဲ့ရှေ့တော်မှာ ပုရောဟိတ်တစ်ယော့လုပ်ရဝို့ တာဝန်ဝို ဗိမာန်တော်မှာ ဆော်ဝက်နေလေရယ်။ 9ပုရောဟိတ်ဒွေရဲ့ ထုံးစံတိုင်း အရှင်ရဲ့ဗိမာန်တော်ဝို ဝမ်ပီး မွှီးနံ့သာပူဇော်ဝို့ မဲနှိုက်ပီး ဝီးချယ်ရာမှာ သူဟ ဝီးချယ်ခံရရယ်။ 10အဲဂျော့ရိ ဇာခရိဟ မွှီးနံ့သာဒွေ ထွန်းညှိပူဇော်နေခီမှာ လူဒွေဂူလုံးဟ ဗိမာန်တော်ဝန်းထဲမှာ ဆုတောနေဂေ့လေရယ်။ 11အဲနော့ ဘုရားရှင်စေလွှတ်တော်မူလိုက်ဝို နတ်ဒေဝါဟ သူ့ဆီ ရော့လာပြီး မွှီးနံ့သာဒွေ ထွန်းညှိပူဇော်ဝိုပလ္လင်ရဲ့ လက်ယာဖက်မှာ ဇာခရိဝို ကိုယ်ထမ်ပြပီး ရပ်နေဇာဝို။ 12အဲမိုဇာဝို ဇာခရိဗြင်လိုက်ဝိုခီမှာ သူဟ ရားဒိုင်းကြော့လန့် တူလှုရားလေရယ်။ 13အယ်ဘေမဲ့ အဲမို နတ်ဒေဝါဟ သူ့ဝို “ကြော့ပါန ဇာခရိ၊ နန့်ရဲ့ ဆုတောဝို ဘုရားရှင်ဟ ကြားသိတော်မူလေပီး ဖြစ်ရယ်။ နန့်မယား ဧလိရှဗက်ဟ နန့်တွက် သားယော့ကျားရားယော့ မွီးပေးလိမယ်။ နန်ဟ သူ့ဝို ယောဟန် ဆိုပီး နော်မယ်ပေးရမယ်။ 14သူမွီးဝိုခီမှာ နန်းနို့ ရားဒိုင်း ဝမ်းသာရမျိုး၊ ခြားသူဒွေလဲ သူမွီးဖွားရိတွက် ဝမ်းမြော့လိမယ်။ 15ဟဲဂျော့နူးဆိုဝါ ယောဟန်ဟ ဘုရားရှင်ရှေ့တော်မှာ ကြီးကျယ်မြင့်မြတ်သူ ဖြစ်လိမယ်။ သူဟ ဟယ်ခါမှ ဝိုင်န ရစ်သေစာဝို သော့သုံးမှာမုဝ။ သူ့မိဗိုက်ထဲမှာ ရှေ့နေဒဲဟ သူဟ ဉာဏ်လင်းတော်ရဲ့ ထီးချုပ်မှုအော့မှာ ရှေ့နေလိမယ်။ 16သူဟ အစ္စရေး လူမျိုးများဂီးဝို သူ့နို့ရဲ့အရှင်ဖြစ်ဝို ဘုရားရှင်ဖက်ဝို ပလန်လှည့်ဇေလိမယ်။ 17ယောဟန်ဟ ပရောဖက် ဧလိယမျိုး ဉာဏ်လင်းတော် န ဂိုးရှေ့ပီး အရှင်လာဝို့တွက် လူဒွေဝို ပြင်ဆင်ပေးလိမယ်။ သူဟ မိဖန သားမီးဒွေရဲ့ စိနှလုံးဝို ပလန်ညီညွှတ်ဇေပီး နာခံမှုမှေ့ဘဲဝို လူဒွေဝိုလဲ ဖြော့မတ်သူဒွေရဲ့ ပညာရှေ့လမ်းဇဥ်ဝို လိုက်နာဝို့ ဦးဆော်ပေးလိမယ်။ အဲဂျော့ လူဒွေဟလဲ အရှင်ကြွရော့လာဝိုခီမှာ ဆင်သင့်ဖြစ်နေဂေ့လိမယ်” ဆိုပီး ပြောလေရယ်။ 18အဲနော့ ဇာခရိဟလဲ နတ်ဒေဝါဝို "အဲမိုမျိုးဒွေ ဖြစ်လာမယ်ဆိုဇာဝို ကျော်ဟဲမျိုး သိနိုင်မယ်နူး၊ ကျော်ဒို့ လန်မြားနှေ့ယော့လုံးဟ သက်​ကီးနေပီ"ဆိုပီး ပလန်ပြောလေရယ် ။ 19အဲခါမှာ နတ်ဒေဝါဟ သူ့ဝို "ငါဟ ဘုရားရှင်ရှေ့မှာ ခစားရတဲ့ ဂါဗြေလဘဲ့၊ သင့်ဝို မြင်ဂလာဒန်းကော ပြောကြားဝို့တွက် ဘုရားရှင်ဟ ငါ့ဝို စေလွှတ်လိုက်တော်မူဇာ ဖြစ်ရယ်။ 20အယ်ဘေမဲ့ ငါ့ဂါးဒွေဝို သင်ယုံဘဲတွက်ဂျော့ အယ်မိုဖြစ်ပျစ်ဒွေ ဖြစ်ပျစ်ဝို့ခီထိ သင်ဟ ဂါးပြောနိုင်ဘဲန အ နေလိမယ်၊ ငါ့ဂါးဟ ခီတန်ရင် ဖြစ်လာလိမယ်"ဆိုပီး ပြောလေရယ်။ 21ဇာခရိန နတ်ဒေဝါဟ ဗိမာန်တော်ထဲမှာ ဂါးပြောနေဂေ့ဝဒိခီမှာ လူဒွေဟ ဇာခရိဝို ပလန်ဖက်မှာ စော့မျှော်နေဂေ့ရယ်၊ ဗိမာန်တော်ထဲမှာ'ဇာခရိကြာနေရိတွက် စိဝမ်တစားရှေ့နေဂေ့လေရယ်။ 22ဇာခရိ ပလန်ထွက်လာခီမှာ ဂါးပြောနိုင်ဘဲရိတွက် ဗိမာန်တော်ထဲမှာ နမိလက်ခနာဗြင်ရားမှန်း လူဒွေ ရိမိသွားလေရယ်၊ ဇာခရိဟ ဂါးပြောနိုင်ဘဲန လက်ဟန်ခေဟန်နဘဲ့ ပြလေရယ်။ 23အဲနော့ 'ဇာခရိ'ဟ ဗိမာန်တော်ထဲမှာ ဆော်ဝက်ရဝို မှုကိစဝဝပီးဆုံး​သွားခီမှာ သူ့အီဝို ပလန်သွားလေရယ်။ 24ခီနည်းငယ် ကြာလာခီမှာ 'ဇာခရိ'မယား ဧလိရှဗက်ကိုယ်ဝန်ရှေ့လာရိတွက် ခီငါးလလုံးလုံး လူကြားထဲ သွားဘဲန အီတွမ်းပူးပီး နေနေလေ့ရယ်။ 25" အရှင်ဟ ငါ့ဝို ကိုယ်ဝန်ဆော်စေခြင်းခွမ့်ဝို ပေးလေပီ၊ သူ့ရဲ့လိုတော်အားန ငါ့ဝို လူဒွေ ကဲ့ရဲ့ထံသေးခြင်းဟနေ ပပျော့စေပီ "ဆိုပီး ပြောလေရယ်။ 26ဧလိရှဗက် ကိုယ်ဝန်ခြော့လ‌ရှေ့ခီမှာ ဘုရားရှင်ဟ နတ်ဒေဝါဂါဗြေဂါလိလဲပြည်၊ နာဇရက်ဗြို့ဝို စေလွှတ်ပီး 27မာရိဆိုပီးခေါ်ဝို ပျိုစင်တစ်ယော့ဆီ ဒန်းဂါးပါးစေတော်မူရယ်။မာရိဟ ဘုရင်ဒါဝိဒ်မျိုးနွယ်ထဲဟ ဆင်းသပ်လာသူဖြစ်ဝို 'ယောသပ်'ဆိုပီး ခေါ်ဝို လူတစ်ယော့န စေ့စပ်ထားရယ်။ 28နတ်ဒေဝါဟ နှုဆစ်ပီး မာရိဝို "၊ ဘုရားရှင်ဟ နန့်နတူတူရှေ့တော်မူပီး သူ့ရဲ့မဟာဂရုဏာမေတ္တာတော်ဝို သင့်ပေါ်မှာ ပြလေပီ "ဆိုပီး ပြောလေရယ်။ 29မာရိဟ အဲမိုဂါးဂျော့ စိယော့ယစ်ခတ်ပီး နတ်ဒေဝါရဲ့ဂါးဒွေဟ ဟဲမျိုးဓိပ္ပာယ်နူးဆိုပီး စဉ်းစားနေရယ်။ 30အဲနော့ နတ်ဒေဝါဟ မာရိဝို " ကြော့ပါန၊ ဘုရားရှင်ဟ သင့်ဝို မျစ်နှာသာပေးတော်မူပီ။ 31နန့်မှာ ကိုယ်ဝန်ရှေ့လာပီး သားလေးမွှီးဖွားလိမယ်၊ အဲမိုသားဝို ယေရှုဆိုပီး နော်မယ်ပေးရမယ်။ 32အဲမိုသားဟ ကီးမြတ်သူတစ်ယော့ဖြစ်လာလိမယ်၊ မြင့်မြတ်ဆုံး ဘုရားရှင်ရဲ့သားတော်ဆိုပီး ခေါ်ခံရလိမယ်၊ သူ့ရဲ့ဘိုးဘေးဖြစ်ဝို ဘုရင်ဒါဝိဒ်မျိုး သူ့ရဲ့လူမျိုးဒွေဝို အုပ်စိုးနိုင်ဝိုခွမ့်ဝို ဘုရားရှင်ဟ သူ့ဝိုပေးအပ်တော်မူလိမယ်။ 33သူဟ ဣသရေ(အစ္စရေး)လူမျိုးပေါဝို ဘုရင်အဖြစ် ထာဝရအုပ်စိုးတော်မူပီး သူ့နန်းဆစ်ဟလဲ ဟယ်ခီ ဟယ်ခါမှ ပျက်သုန်းမှာ မုဝ"ဆိုပီး ပြောလေရယ်။ 34အဲခါမှာ မာရိဟ "ကျွန်​မဟ ပျို​စင်ဖြစ်ရိတွက် အဲမျိုးဟ ဟယ်မျိုးဖြစ်နိုင်မယ်နူး "ဆိုပီး နတ်ဒေဝါဝို ပလန်ပြောလေရယ်။ 35နတ်ဒေဝါဟ "သင့်ပေါ် သန့်ရှင်းတဲ့ စွမ်းအားတော် သက်ရော့ပီး ဘုရားရှင်ရဲ့ ဂိုးတော် လွှမ်းမိုးလိမယ်၊ အဲမိုဂျော့ သင့်ရဲ့သားဟလဲ မြင့်မြတ်ဒဲ့ဘုရားရှင်ရဲ့သားတော်ဆိုပီး ခေါ်ခံရလိမယ်။ 36သင့်န ဆွေမျိူးတော်စပ်ဝို 'ဧလိရှဗက်'ဟလဲ သက်ကီးနေရိတွက် လူဒွေဟ သားမရနိုင်ရဆိုပီး ထံဂေ့ဘေမဲ့ ကိုယ်ဝန်လွယ်ထားဇာ ခုဆို ခြော့လ‌လော့ရှေ့နေပီ။ 37"ဘုရားရှင်တတ်နိုင်ဘဲဇာ ဟဲဇာလဲမှေ့ရ" ဆိုပီး ပြောရယ်။ 38အဲခါ မာရိဟ "ကျွန်မဟာ ဘုရားရှင်ရဲ့ စေခံပါ၊ သင်ပြောဝိုဂါးတိုင်း ကျွန်မပေါ်မှာ ဘုရားရှင် လိုတော်ရှေ့တိုင်း ဖြစ်လာပါစေ" ‌ဆိုပီး ပြောခီမှာ နတ်ဒေဝါလဲ မာရိ နားဟ ထွက်ခွာသွားလေရယ်။ 39ရစ်နဲငယ်ကြာခီမှာ 'မာရိ'ဟ ဆင်သင့်ပြင်ပီး ဇာခရိနေထိုင်ရာ ယုဒပြည်ရှိ တော်ပေါ်ဗြို့တစ်ဗြို့ဆီဝို ခပ်ဗြန်ဗြန်သွားလေရယ်။ 40အဲမိုနေရာဝိုရော့ခါမှာ သူမဟ ဇာခရိ အီထဲဝို ဝမ်သွားပီး သူရဲ့ မယားဖြစ်သူ ဧလိရှဗက်ဝို နှုဆစ်လေရယ်။ 41မာရိ ရဲ့ နှုဆစ်သံဝို ဧလိရှဗက် ကြားခီမှာ သူ့ဗိုက်ထဲဟ ခလေးဟ လှုလှုရွရွဖြစ်လာရယ်၊ ဧလိရှဗက်ဟလဲ ဉာဏ်လင်းတော်အားန ဝမ်းမြော့ရွှင်လန်းပီး ဘုရားရှင်ဝို ချီးမွှမ်းထောပနာပြုလေရယ်။ 42ဧလိရှဗက်ဟ မာရိဝို "ဘုရားရှင်ဟ ခြားမျိုးမီး‌ဒွေထပ် သင့်ဝို ပိုပီး မြင်ဂလာရှေ့ဇေပီး သင်မွီးဖွားလာဝို ခလေးဟလဲ မြင်ဂလာရှေ့ရယ်။ 43အရှင်ရဲ့မယ်တော်ဟ ကျွန်မဆီဝို ဟဲရာဂျော့ ရော့လာပါနူး။ ဟဲမျိုးကြောမျိုးဂျော့ အယ်မိုခွမ့်ထူးဝို ကျွန်မခံစားရနူး။ 44ညီမရဲ့ နှုဆစ်သံဝို ကြားရရိတွက် ကျွန်မ ဗိုက်ထဲဟ ခလေးဟ ပျော်ရွှင်ပီး လှုလှုရွရွဖြစ်နေရယ်။ 45ဘုရားရှင် ပြောဝိုဂါးဒွေ ကြွင်းမဲ့ ပလဲ့ဇုံလာမှာဝို ညီမဟယုံရိတွက် သင်ဟ ကောကောသေးဂို မြင်ဂလာရှေ့ရယ်" ဆိုပီး ကျယ်လော်ဝိုသံန ဟစ်ကြွေးလေရယ်။ 46အဲနော့ မာရိဟလဲ "ကျွန်မဟ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးဝို ချီးမွမ်းပါရယ်။ 47ကျွန်မရဲ့ ကယ်တံရှင် ဘုရားရှင်ဂျော့ ရင်ထဲမှာ ပျော်ရိမဆုံးရ။ 48ကျွန်မဟ ကိုယ်တော်ရဲ့ နိကလာ့ဒဲ့ စေခံဖြစ်ဘေမဲ့၊ ခုခီဟစပီး မျိုးဇစ်ဒိုင်းဟ လူဒွေအားလုံးဟ ကျွန်မဝို ကောချီးမြင်ဂလာပေးခံရသူ ဆိုပီး ပြောဂေ့လိမယ်။ 49ဂိုးတော်န ပလဲ့ဇုံဝို ဘုရားရှင်ဟ ကျွန်မပေါ်ဝို မြင့်မြတ်ဝိုရာဒွေ သက်ရော့ဇေတော်မူပီ။ 50ခေတ်ဆက်ဆက်မှာ ဘုရားရှင်ဟ သူ့ဝိုလေးစားကိုးကွယ်ဝိုလူဒွေဝို မဟာဂရုဏာမေတ္တာတော်ဝို မြဲဒမ်း ပြတော်မူရယ်။ 51သူဟ မာန်မာနထော်လွှားဝို လူဒွေဝို သူ့ရဲ့ဂိုးတော်န လွင့်စင်ဇေတော်မူရယ်။ 52သူဟ အုပ်စိုးဝိုသူဒွေဝို သူ့နို့ပလ္လင်ပေါ်ဟ ဆွဲခလာ့ပီး နှိခလာ့တတ်သူဒွေဝို ရေးပါသူဒွေဖြစ်စေရယ်။ 53ဆာလောင်နေသူဒွေဝို ကောမွန်ရာဒွေ ဖလဲ့ဆည်းပေးပီး ချမ်းသာကြွယ်ဝသူဒွေဝို ဟဲရာလဲ‌ပေးဘဲန စေလွှတ်တော်မူရယ်။ 54သူ့ရဲ့မဟာဂရုဏာမေတ္တာတော်ဝို မှတ်ရဝိုနေန မှုတော်ဝို ဆော်ဝက်သူ အစ္စရေးလူမျိုးဒွေဝို ကယ်တံစော့ရှော့တော်မူလေပီ။ 55ဘုရားရှင်ဟ ကျော့ရဲ့ဘိုးဘေးဒွေဖြစ်ဝို အာဗြဟံ(ဘုရား‌ပေါ်စိနလုံးကြွင်းမဲ့ယုံဝိုလူ) ရဲ့မျိုးရိုးစဥ်ဇစ်ဒွေဝို ဒိပေးခဲ့ဝို မြဲထာဝရ စော့ရှော့တော်မူရယ်"ဆိုပီး ဘုရားရှင်ရဲ့ဂုဏ်တော်ဝို ချီးမွမ်းထောပနာပြုလေရယ်။ 56အဲနော့ မာရိဟ ဧလိရှဗက်ဆီမှာ သုံးလလော့နေပီး သူ့အီဝို ပလန်သွားလေရယ်။ 57အဲနော့ ဧလိရှဗက်ဟ မီးဖွားခီစေ့ပီး သားယော့ကျားရားယော့ မွီးဖွားလာရယ်။ 58ဘုရားရှင်ဟ ဧလိရှဗက်ဝို ထူးဂရုဏာပြမှန်း အီဇာနီးချင်းဒွေ၊ ဆွေမျိုးဒွေ ကြားခါမှာ ဝမ်းသာဂေ့ရယ်။ 59သားဂန်းရားမွီးဖွားပီး ရှစ်ရစ်မြော့နေ့မှာ ခလေးဝို ရေဖျားလှီးမြင်ဂလာပေးဝို့ ရော့လာဂေ့ရယ်၊ ခလေးဝို ဖခင်ရဲ့နော်မယ်တိုင်း ဇာခရိဆိုပီး မှည့်ဝို့ဆို‌ပေမဲ့ 60မိဖြစ်သူ ဧလိရှဗက်ဟ "သူ့ဝို ယောဟန်ဆိုပီး နော်မယ်ခေါ်ရမယ်" ဆိုပီး ပြောလေရယ်။ 61လူဒွေဟလဲ သူမဝို "နန့်မျိုးရိုးထဲမှာ အဲမျိုးနော်မယ်မှ ‌မှေ့ဘဲဇာ" ဆိုပီး ပြောဂေ့ရယ်။ 62အဲဂျော့ လူဒွေဟ သားငယ်ရားဖဖြစ်ဝို ဇာခရိဝို လက်ဟန်ခေဟန်န ဟဲမျိုးနော်မယ် ပေးချင်နူး ဆိုပီး မေးဂေ့လေရယ်။ 63ဇာခရိဟ သန်းဖူးချပ်ဝိုတောယူလိုက်ပီး သူ့ရဲ့သားနော်မယ်ဟ 'ယောဟန်' ဆိုပီး ခလရေးလိုက်ရိတွက် အားလုံး အံ့ဩသွားဂေ့လေရယ်။ 64အဲမိုခီမှာဘဲ့ ဇာခရိဟ ဂါးပြောနိုင်လာပီး ဘုရားရှင်ဂုဏ်တော်ဝို ချီးမွမ်းပူဇော်လေရယ်။ 65အီဇာနီးချင်းအားလုံးန ဆွေမျိုးအားလုံးဟ အဲမိုဖြစ်ပျစ်ဝိုဗြင်ခါမှာ ကြော့သွားဂေ့လေရယ်၊ လူဒွေဟ အဲမိုဒန်းဝို ယုဒပြည်တော်ပေါ်ဒေသမှာရှေ့ဝို နေရာဒိုင်းမှာ ပြောဆိုနေဂေ့လေရယ်။ 66အဲမိုဒန်းဝို ကြားသူအားလုံးဟ "အဲမို သားဂန်းရား ကီးလာခီမှာ ဟဲမျိုးလူစားမျိုး ဖြစ်လာမယ်နူး" ဆိုပီး စိဝမ်တစားန ပြောဆိုနေဂေ့လေရယ်။ ဘုရားရှင်ရဲ့ ဂိုးတော်ဟလဲ သားဂန်းရားနတူတူရှေ့နေလေရယ်။ 67အဲနော့ ဉာဏ်လင်းတော်ဟ ဇာခရိဆီဝို သက်ရော့ပီး ဘုရားရှင်ရဲ့ ကျေးဇူးတော်ဝို အယ်မိုမျိုး ချီးမွှမ်းလေရယ်။ 68ဣသရေလ(အစ္စရေး)ဒို့ရဲ့ ရှင်သခင်ဖြစ်တော်မူဝို ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးဝို ချီးမွမ်းပါရယ်၊ သူဟ သူ့လူမျိုးဒွေဝို ကယ်တံဝို့ ကြွရော့လာပီ။ 69နို့တွက် ဂိုးကီးတဲ့ ကယ်တံရှင်ဝို မိမိကျွန်ဒါဝိဒ်ရဲ့ မျိုးနွယ်ထဲဟနေ ပေါ်ထွန်းစေပီ။ 70ရှေးခေတ်ဒဲဟ ဘုရားရှင်ဟ မြင့်မြတ်ဝို အရိယာသူတော်ဇင်ဒွေဝို မိကြားရစ်ဝိုတိုင်း။ 71အယ်မိုဂိုးကီးမားဝို ကယ်တံရှင်ဟ နို့ဝို ရန်သူပေါဟနေ ကယ်တံဝို့ပြင် နို့ဝို မလိုမူးတီးသူဒွေရဲ့ ဘေးအန္တရာယ်ဟလဲ ကင်းလွတ်စေမှာဖြစ်ရယ်။ 72ဘုရားရှင်ဟ မဟာဂရုဏာမေတ္တာတော်န နို့ရဲ့ဘိုးဘေးဒွေဝို ပေးရစ်ဝို သူ့ရဲ့ဒိတော်ဝို တည်စေလိမယ်။ 73ဘုရားရှင်ဟ နို့ဘိုးဘေးဖြစ်ဝို အာဗြဟံ(ဘုရား‌ပေါ်စိနလုံးကြွင်းမဲ့ယုံဝိုလူ)ဝို ပေးထားဝို ဒိတော်အတိုင်း။ 74နို့ဝို ဘေးအန္တရာယ်ပြုသူ ရန်သူဒွေ လက်ထဲဟနေ လွတ်မြော့စေပီး နို့ဟလဲ သပ်ရှင်နေသမျှ ကာလပတ်လုံး ကြော့တရား ကင်းဝေးစွာန ဘုရားရှင်ရဲ့ မှုတော်ဒွေဝို ထမ်းဆော်ရ လိမယ်။ 75အဲမိုမျိုးနဘဲ့ နို့ဟ သူ့ရဲ့ရှေ့တော်မှော့မှာ ဖြော့မတ်စင်ကြယ်ခြင်းရှေ့ပီး ကျန်ရှေ့နေဝို ဘဝအသက်တာဝို ကူဆုံးရလိမယ်ဖြစ်ရယ်" ဆိုပီး ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ဝို ချီးမွှမ်းလေရယ်။ 76အဲနော့ ဇာခရိဟ သူ့သားဝို "ငါ့သား၊သင့်ဝို မြင့်မြတ်ဆုံးသော ဘုရားရှင်ရဲ့ အရိယာသူတော်စင်ဆိုပီးခေါ်ဝေါ်ချီးမြှင့်ဂေ့လိမယ်ဖြစ်ပီး၊ ဘုရားရဲ့ လမ်းခရီးဝို ကြိုတံပြင်ဆင်ပေးဝို့လူလဲဖြစ်ရယ်။ 77ဘုရားရှင်ဟ လူဒွေရဲ့ ပြစ်ဒုစရိုက်ဒွေဝို ခွမ့်လွှတ်ခြင်းအားန ကယ်တံခြင်းခွမ့်ဝို ပေးတော်မူမှာဖြစ်ကြော သင်ဟ လူဒွေဝို ဟောပြောရလိမယ်။ 78ဘုရားရှင်ရဲ့ ဂရုဏာမေတ္တာတော်ဟ ကောကံမှာ နေမန်းကီး ထွန်းလန်းတော့ပနေမျိုး နို့ပေါ်မှာ ထွန်းလန်းပီး 79အယ်မိုလန်းရော်ဟ သေခြင်းတရားဝို ရင်ဆိုင်နေရသူဒွေဝို ဒုစရိုက်ဟလွတ်ကမ်းပီး အေးချမ်းဝိုဘဝဝို လမ်းပြပို့ဆော်ပေးပါလိမယ်"ဆိုပီး ပြောလေရယ်။ 80ခီမှာ ယောဟန်ဟ ရွယ်ရော့လာပီး ဉာဏ်လင်းတော်ဟလဲ သူ့နတူတူရှေ့တော်မူရယ်။ ဘုရားရှင်ဟ သူ့ဝို အစ္စရေးလူမျိုးဒွေရှေ့မှာ မှုတော်ဝို စတံဆော်ဝက်ဇေလိုဝို နေ့ရစ်မတိုင်မှီခီထိ သူဟ တောထဲမှာဘဲ့ ကျင်လည်နေခဲ့လေရယ်။

လက်ရှိရွေးချယ်ထားမှု

Luke 1: ttpv-rv

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ