YouVersion လိုဂို
ရှာရန် အိုင်ကွန်

သြ​ဗ​ဒိ နိ​ဒါန်း

နိ​ဒါန်း
ဤ​ကျမ်း​စောင်​အ​တို​လေး​သည်​ခ​ရစ်​တော် မ​ပေါ်​ထွန်း​မီ ၅၈၆ ခု​နှစ်​အ​ချိန်၊ ယေ​ရု​ရှ​လင် မြို့​ကျ​ဆုံး​ပြီး​နောက်၊ သတ်​မှတ်​ပြ​ဋ္ဌာန်း​၍ မ​ရ​နိုင်​သော​အ​ချိန်​ကာ​လ​တွင်း​၌​ပေါ်​ပေါက် လာ​သည်။ ထို​အ​ချိန်​၌​ယု​ဒ​နိုင်​ငံ​အ​ရှေ့ တောင်​ပိုင်း​ရှိ​ရန်​သူ​ဟောင်း​ဖြစ်​သော​ဧ​ဒုံ နိုင်​ငံ​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း အ​တွက်​ဝမ်း​မြောက်​ဝမ်း​သာ​ယုံ​မ​က၊ ယု​ဒ နိုင်​ငံ​၏​ကြေ​ကွဲ​ဖွယ်​ရာ​အ​ခြေ​အ​နေ​ကို အ​ခွင့်​ကောင်း​ယူ​၍​ထို​မြို့​ကို​လု​ယူ​တိုက် ခိုက်​ခြင်း​ဖြင့်၊ ကူး​ကျော်​ဝင်​ရောက်​တိုက်​ခိုက် သူ​ကို​အ​ကူ​အ​ညီ​ပေး​ခဲ့​သည်။ သြ​ဗ​ဒိ​က၊ ဣ​သ​ရေ​လ​၏​ရန်​သူ​များ​ဖြစ်​သော​အ​ခြား နိုင်​ငံ​များ​နှင့်​အ​တူ​ဧ​ဒုံ​နိုင်​ငံ​သည်​ပြစ် ဒဏ်​ခံ​ရ​၍၊ ပျက်​စီး​ဆုံး​ရှုံး​ရ​မည့်​အ​ကြောင်း ကို​ပ​ရော​ဖက်​ပြု​ဟော​ကြား​ခဲ့​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဧ​ဒုံ​နိုင်​ငံ​ပြစ်​ဒဏ်​ခံ​ရ​ခြင်း ၁-၁၄
ထာ​ဝ​ရ​ဘု​ရား​၏​နေ့ ၁၅-၂၁

လက်ရှိရွေးချယ်ထားမှု

သြ​ဗ​ဒိ နိ​ဒါန်း: MCLZV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ