YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကော​လော​သဲ နိ​ဒါန်း

နိ​ဒါန်း
ရှင်​ပေါ​လု​ရေး​သား​သော​ကော​လော​သဲ​သြ​ဝါ​ဒ စာ​သည် ရော​မ​ပိုင်​အာ​ရှ​ဟု​ခေါ်​သော​နယ်​ပယ်​ရှိ ဧ​ဖက်​မြို့​၏​အ​ရှေ့​ဘက်​၌​တည်​ရှိ​သည့် ကော​လော သဲ​မြို့​အ​သင်း​တော်​သို့​ရေး​သား​သော​စာ​ဖြစ်​၏။ ထို​အ​သင်း​တော်​သည်​ရှင်​ပေါ​လု​တည်​ထောင်​သည့် အ​သင်း​တော်​မ​ဟုတ်​ပေ။ သို့​ရာ​တွင်​ကော​လော​သဲ မြို့​တည်​ရှိ​ရာ​နယ်​မြေ​တွင် အ​မှု​တော်​ဆောင်​ရန် ရှင်​ပေါ​လု​တာ​ဝန်​ယူ​ထား​သည့်​အ​တိုင်း ဧ​ဖက် မြို့​အ​မှု​တော်​ဆောင်​များ​ကို​ကော​လော​သဲ​မြို့ သို့​စေ​လွှတ်​ခဲ့​၏။ ထို​အ​သင်း​တော်​တွင်​အ​ယူ လွဲ​မှား​သော​ဆ​ရာ​တို့​က​ဘု​ရား​သ​ခင်​ကို သိ​ရှိ​နိုင်​ရန်​နှင့် ကယ်​တင်​ခြင်း​အ​ပြည့်​အ​ဝ ခံ​စား​နိုင်​ရန်​ကောင်း​ကင်​လော​က​ကို အ​စိုး​ရ သည့်​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ​ပိုင်​တို့​ကို ကိုး​ကွယ်​ရ​မည်​ဟု​သွန်​သင်​နေ​ကြ​၏။ ထို့ အ​ပြင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း၊ အ​စား​အ​သောက်​နှင့်​အ​ခြား​အမှု​ကိစ္စ​များ နှင့်​ပတ်​သက်​သည့်​ဥ​ပ​ဒေ​စည်း​ကမ်း​ချက် များ​ကို​တိ​ကျ​စွာ​လိုက်​နာ​ကျင့်​သုံး​ရ မည်​ဟု​လည်း​သွန်​သင်​ကြ​သည်။
ရှင်​ပေါ​လု​သည်​ခ​ရစ်​ယာန်​တ​ရား​အ​စစ် အ​မှန်​ကို​တင်​ပြ​ခြင်း​အား​ဖြင့် ထို​သွန်​သင် ချက်​များ​မှား​ယွင်း​ကြောင်း​ကို​ထောက်​ပြ​၏။ သူ​၏​အ​ဓိက​တင်​ပြ​ချက်​မှာ​သ​ခင်​ယေ​ရှု သည်​ကယ်​တင်​ခြင်း​ကို​အ​ပြည့်​အ​ဝ​ပေး နိုင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ကြောင်း၊ ဤ​သို့ ခံ​ယူ​ယုံ​ကြည်​ချက်​မှ​တစ်​ပါး အ​ခြား​ခံ​ယူ ယုံ​ကြည်​ချက်​များ​နှင့်​ကျင့်​သုံး​မှု​များ သည်​ကိုယ်​တော်​နှင့်​ဝေး​ကွာ​စေ​မည့်​အ​ရာ များ​ဖြစ်​ကြောင်း၊ ဘု​ရား​သ​ခင်​သည်​ခ​ရစ် တော်​အား​ဖြင့်​ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း တော်​မူ​၍​ကိုယ်​တော်​အား​ဖြင့်​ပင် ထို​လော​က ကို​မိ​မိ​ထံ​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ မည်​ဖြစ်​ကြောင်း၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ ကယ်​တင်​ခြင်း​ခံ​ရ​ရန်​တစ်​ခု​တည်း​သော နည်း​လမ်း​မှာ သ​ခင်​ယေ​ရှု​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ရန်​ပင်​ဖြစ်​ကြောင်း​သွန် သင်​သည်။ ထို့​နောက်​မိ​မိ​သွန်​သင်​သော တ​ရား​တော်​အ​ရ​မည်​သို့​ကျင့်​ရ​မည်​ကို သြ​ဝါ​ဒ​ပေး​လေ​သည်။
ဤ​စာ​ကို​ကော​လော​သဲ​အ​သင်း​တော်​သို့​ယူ ဆောင်​ပေး​သူ တု​ခိတ်​နှင့်​အ​တူ​သြ​နေ​သိမ် လည်း​လိုက်​ပါ​သွား​သည့်​အ​ချက်​မှာ​စိတ်​ဝင် စား​ဖွယ်​ကောင်း​၏။ သြ​နေ​သိမ်​သည်​ဖိ​လေ​မုန် ၏​ကျွန်​ဖြစ်​ပြီး​သူ့​အ​တွက်​ဖိ​လေ​မုန် သြ​ဝါ​ဒ​စာ​ကို​ရှင်​ပေါ​လု​ရေး​ခဲ့​ပေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၈
ခ​ရစ်​တော်​၏​ဇာ​တိ​တော်​နှင့် အ​မှု​တော်​ဆောင် လုပ်​ငန်း ၁:၉-၂:၁၉
ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သည့်​ဘ​ဝ​သစ် ၂:၂၀-၄:၆
နိ​ဂုံး ၄:၇-၁၈

လက်ရှိရွေးချယ်ထားမှု

ကော​လော​သဲ နိ​ဒါန်း: MCLZV

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ