YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 15:23-33

ရောမဩဝါဒစာ 15:23-33 MSBZ

ယခု​အခါ ဤ​အရပ်​တို့​၌ ငါ​လုပ်ဆောင်​ရ​မည့်​နေရာ​မ​ရှိ​တော့​သည့်​အပြင် သင်​တို့​ထံသို့​လာ​ရန် နှစ်​ပေါင်း​များစွာ​ကပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်အညီ စပိန်​ပြည်​သို့ ငါ​သွား​သောအခါ သင်​တို့​ကို လမ်းကြုံ​ဝင်​တွေ့​၍ အတော်အတန်​အလိုဆန္ဒ​ပြည့်စုံ​အောင် သင်​တို့​နှင့်အတူ​နေ​ပြီးမှ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်လင့်​ထား​၏။ သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။ အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။ ထို့ကြောင့် ငါ​သည် ဤ​အမှုကိစ္စ​ကို ပြီးစီး​အောင်​ဆောင်ရွက်​၍ ဤ​အလှူ​ပစ္စည်း​ကို သူ​တို့​အား သေချာ​စွာ​အပ်နှင်း​ပြီးမှ သင်​တို့​နေရာ​ကို​ဖြတ်​လျက် စပိန်​ပြည်​သို့​သွား​မည်။ သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။ ညီအစ်ကို​တို့၊ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​နှင့် ဝိညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင်​တို့​အား ငါ​တောင်းပန်​လို​သည်​မှာ ငါ​သည် ယုဒ​ပြည်​ရှိ မ​ယုံကြည်​သူ​တို့​၏​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​ပြီး ဂျေရုဆလင်​မြို့​အတွက် ငါ​ဆောင်ရွက်​သော​အမှု​သည် သန့်ရှင်း​သူ​များ​ရှေ့​တွင် နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​သဖြင့် ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။ ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။