YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 81:13-16

ဆာလံကျမ်း 81:13-16 MSBZ

ငါ​၏​လူမျိုး​သည် ငါ့​စကား​ကို​နားထောင်​၍ အစ္စရေး​အမျိုး​သည် ငါ​၏​လမ်း​အတိုင်း​လျှောက်လှမ်း​ခဲ့​လျှင် ငါ​သည် သူ​တို့​၏​ရန်သူ​များ​ကို လျင်မြန်​စွာ​ရှုံးနိမ့်​စေ​၍ ငါ​၏​လက်​ကို သူ​တို့​၏​ရန်သူ​များ​ဘက်​သို့ ပြန်လှည့်​စေ​ခဲ့​ပေ​လိမ့်မည်​။” ထာဝရဘုရား​ကို မုန်း​သော​သူ​တို့​သည် ရှေ့​တော်​၌ ခယဝပ်တွား​ကြ​သော်လည်း သူ​တို့​အပြစ်ဒဏ်​ခံရ​သော​ကာလ​သည် အစဉ်​ထာဝရ​ဖြစ်​လိမ့်မည်​။ အစ္စရေး​အမျိုး​ကို​ကား အကောင်းဆုံး​သော​ဂျုံဆန်​ဖြင့် ကိုယ်တော်​ကျွေးမွေး​တော်မူ​လိမ့်မည်​။ “​ငါ​သည် ကျောက်ဆောင်​မှ​ထွက်​သော​ပျားရည်​ဖြင့် သင့်​ကို​ဝပြော​စေ​မည်​။”