ဆာလံကျမ်း 148:7-14
ဆာလံကျမ်း 148:7-14 MSBZ
ရေသတ္တဝါကြီးများနှင့် နက်ရှိုင်းရာအရပ်ရှိသမျှ၊ မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊ တောင်များနှင့် တောင်ကုန်းရှိသမျှ၊ သီးစားပင်နှင့်သစ်ကတိုးပင်ရှိသမျှ၊ တောရိုင်းတိရစ္ဆာန်နှင့် ယဉ်ပါးသောတိရစ္ဆာန်ရှိသမျှ၊ တွားသွားသောတိရစ္ဆာန်များနှင့် ပျံသန်းတတ်သောငှက်၊ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်များနှင့် လူမျိုးရှိသမျှ၊ အကြီးအကဲများနှင့် ကမ္ဘာမြေကြီးပေါ်ရှိစီရင်အုပ်ချုပ်သူရှိသမျှ၊ လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊ ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။ ကိုယ်တော်သည် မိမိ၏လူမျိုးတော်အတွက် ဦးချိုကိုချီးမြှောက်တော်မူ၏။ ၎င်းသည် မိမိ၏သန့်ရှင်းသူအားလုံးအတွက်၊ မိမိအနီးတွင်ရှိသည့်လူမျိုးတည်းဟူသော အစ္စရေးအမျိုးသားတို့အတွက် ချီးမွမ်းရာဖြစ်၏။ ဟာလေလုယ။