YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 7:20-23

သုတ္တံကျမ်း 7:20-23 MSBZ

ငွေ​အိတ်​ကို​ပါ ယူဆောင်​သွား​၏​။ လပြည့်​နေ့​မှ အိမ်​သို့​ပြန်လာ​မည်​”​ဟု ထို​လုလင်​အား မျက်နှာ​ပြောင်တိုက်​ပြောဆို​၏​။ ထို​မိန်းမ​သည် ဆွဲဆောင်​သော​စကား​များစွာ​တို့​ဖြင့် သူ့​ကို​မြှူဆွယ်​၍ မိမိ​နှုတ်ခမ်း​မှ ချိုသာ​သော​စကား​ဖြင့် သူ့​ကို​သွေးဆောင်​လေ​ရာ နွား​သည် အသတ်​ခံရ​မည့်​နေရာ​သို့ လိုက်သွား​သကဲ့သို့​လည်းကောင်း​၊ ဆိုးမိုက်​သော​သူ​သည် မိမိ​အသည်း​ကို မြား​စူးဝင်​သည့်​တိုင်အောင် အပြစ်ဒဏ်​ခံ​ရာ​သို့ ခြေချင်းခတ်​ခံရ​လျက်​သွား​သကဲ့သို့​လည်းကောင်း​၊ ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။ ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။