သုတ္တံကျမ်း 7:20-23
သုတ္တံကျမ်း 7:20-23 MSBZ
ငွေအိတ်ကိုပါ ယူဆောင်သွား၏။ လပြည့်နေ့မှ အိမ်သို့ပြန်လာမည်”ဟု ထိုလုလင်အား မျက်နှာပြောင်တိုက်ပြောဆို၏။ ထိုမိန်းမသည် ဆွဲဆောင်သောစကားများစွာတို့ဖြင့် သူ့ကိုမြှူဆွယ်၍ မိမိနှုတ်ခမ်းမှ ချိုသာသောစကားဖြင့် သူ့ကိုသွေးဆောင်လေရာ နွားသည် အသတ်ခံရမည့်နေရာသို့ လိုက်သွားသကဲ့သို့လည်းကောင်း၊ ဆိုးမိုက်သောသူသည် မိမိအသည်းကို မြားစူးဝင်သည့်တိုင်အောင် အပြစ်ဒဏ်ခံရာသို့ ခြေချင်းခတ်ခံရလျက်သွားသကဲ့သို့လည်းကောင်း၊ ငှက်သည် ကျော့ကွင်းထဲသို့ အလျင်အမြန်ဝင်သွားသကဲ့သို့လည်းကောင်း သူသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားလေ၏။ ထိုအမှုသည် သူ့အသက်ကိုဆုံးရှုံးစေနိုင်ကြောင်းကို သူမသိပေ။