သုတ္တံကျမ်း 27:13-16
သုတ္တံကျမ်း 27:13-16 MSBZ
သူစိမ်းအတွက် အာမခံသောသူ၏အဝတ်ကို ယူထားလော့။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမအတွက် အာမခံသောသူထံမှ အပေါင်ပစ္စည်းကိုယူထားလော့။ နံနက်စောစောထ၍ မိမိ၏အိမ်နီးချင်းကို ကျယ်လောင်သောအသံနှင့် ကောင်းချီးပေးသောသူသည် ကျိန်ဆဲနေသည်ဟု မှတ်ယူခြင်းခံရလိမ့်မည်။ ငြင်းခုံရန်တွေ့တတ်သောမယားသည် မိုးရွာသောနေ့တွင် အဆက်မပြတ် တစက်စက်ယိုကျသောမိုးရေနှင့်တူ၏။ သူ့ကိုထိန်းချုပ်ရခြင်းသည် လေကိုထိန်းချုပ်ခြင်း၊ သို့မဟုတ် ဆီကိုလက်ယာလက်ဖြင့် ဆုပ်ထားခြင်းနှင့်တူ၏။